8.7.08

ကြက်ဖတိုက်ကြရအောင်

ဟီး အကုသိုလ်များလိုက်အုံးမယ်။ ကိုယ်ကြက်ဖနဲ့ သူ့ကြက်ဖ ဘယ်သူနိုင်မလဲ၊ တိုက်ကြည့်ပါလား။ ကြက်ဖတွေက သန်သန် မာမာ တွေကြီးပဲနော်။ သွေးထွက်သံယို မမြင်ချင်ရင် တော့ မကစားပါနဲ့။ ဘာလို့လဲဆိုတော့ ကြက်တွေက တိုက်ပြီးဆိုရင် သွေးထွက်အောင် တိုက်ကြတာလေ။ ကစားနည်းလေးက လွယ်ကူပါတယ်။ ဂိမ်းဆိုက်ကလဲ သေးသေးလေးပါ။ ဒီမှာ Click လုပ်ယူပါ။


မောင်စေတနာ

6.7.08

Google Desktop လုပ်ရအောင်


Google မှ မိမိ ရှာဖွေချင်သည့် အချက်အလက်များကို Mozilla Firefox နှင့် IE တို့ကို ဖွင့်စရာမလိုပဲ ရှာလိုရပါပြီ။ Google Desktop ကို Install လုပ်ထားရုံပါ။ ဒီဆော့ဝဲလ်လေးကို တင်ထားပါက အောက်ပါ ပုံလေးအတိုင်း ဖြစ်နေပါလိမ့်မယ်။ Gtalk ၀င်ထားလို့လဲ ရပါတယ်။




အားလုံး အသုံးဝင်ပြီး အဆင်ပြေကြပါစေ။

မောင်စေတနာ

4.7.08

ရွှေတွင်းတူးရအောင်

ကွန်ပျူတာ သမားများ အနေနဲ့ အလုပ်ဖိအားတွေကို လျော့ချဖို့အတွက် စိတ်အပန်းဖြေ ဂိမ်းများကို ဆော့ကစား သင့်ပါတယ်။ (ဟီး ....ဖိအားတော့ မရှိဘူး ....ကျွန်တော်က ဆော့ချင်လို့ ဆင်ခြေပေးတာ )။ ဂိမ်းဆော့တဲ့ နေရာမှာလဲ အရမ်းကြိုးစား အားထုတ်ရတဲ့ ကစားနည်းမျိုးတွေကို ရှောင်သင့်ပါတယ်။ ကျွန်တော် တင်ပေးတဲ့ ဂိမ်းကတော့ လူတိုင်း ကြီးပွားချမ်းသာ စေမယ့် ကစားနည်းလမ်း လေးပါ။ မိုင်းရှုးမှာ ရွှေတူးစရာ မလိုပဲ ။ ဒီကစားနည်း လေးနဲ့ ရွှေတူးနိုင်ပါတယ်။ ရွှေတွင်းထဲမှာ ရွှေ၊ ကျောက်ခဲ၊ စိန် စတာတွေထဲက ရွှေနဲ့ စိန်ကို ရွေးပြီး တူးရမှာပါ။ ပြောရင်းနဲ့ စိတ်ဝင်စား လာကြပြီး မဟုတ်လား။ ဆော့ဝဲလ်ကို ဒီမှာ Click လုပ်ယူပါ။ ဆိုက်က ပါးပါးလေးပါ။ ရွှေတူးရင် သူဌေးများ ဖြစ်ကြပါစေဗျား။

မောင်စေတနာ

စာစီစာရိုက် Excel စာအုပ် ဖြန့်ဝေခြင်း

ဇယားကွက်တွေနဲ့ စာရိုက်မယ်ဆိုရင် Microsoft Office Excel က အကောင်းဆုံးပါပဲ။ လျှင်မြန်ပြီး လုပ်ငန်းကို အမြန်ပြီးစေပါတယ်။ စာစီစာရိုက်သင်တန်းများတွင်လဲ Excel ကို ထည့်သွင်းသင်ကြားထားပါတယ်။ မိမိဘာသာ မိမိလေ့လာ သင်ယူသူများအတွက် Microsoft Office Excel စာအုပ်ကို တင်ပေးလိုက်ပါတယ်။ အားလုံး အဆင်ပြေ အသုံးဝင် နိုင်ကြပါစေ။


မောင်စေတနာ

စာစီစာရိုက် စာအုပ် ဖြန့်ဝေခြင်း

စာစီစာရိုက်တဲ့ နေရာမှာ သုံးတဲ့ Microsoft office word ကို လူတိုင်းသိကြမှာပါ။ လူတိုင်းလဲ သုံးနေကြမှာပါ။ ကွန်ပျူတာ သင်တန်းတက်တဲ့ လူတွေလဲ ဒီ application ကို ကောင်းကောင်း သိကြမှာပါ။ သို့ပေမယ့် ယခုမှ လေ့လာဆဲ၊ သင်ယူဆဲ လူများအတွက် Microsoft office word စာစီစာရိုက် လက်စွဲစာအုပ်ကို တင်ပေးလိုက်ပါတယ်။ နောက်နေ့ကျမှ Microsoft Office Excel စာအုပ်ကို တင်ပေးပါမယ်။ အသုံးဝင်နိုင်ကြပါစေ။

မောင်စေတနာ

3.7.08

ကျွန်တော်အကြိုက်ဆုံး ကာတွန်းရေးဆရာ၊ စာရေးဆရာ

ကျွန်တော် စာဖတ်ဝါသနာကို ဖတ်ဖြစ်စေခဲ့တဲ့ စာအုပ်က ဆွေမင်း(ဓနုဖြူ) ရေးဆွဲတဲ့ တွတ်ပီကာတွန်း စာအုပ်ပါ။ အဖေက ကာတွန်းစာအုပ် ငှားဖတ်ရင် တွတ်ပီ စာအုပ်ပဲ ငှားတတ်ပါတယ်။ အဖေ ဖတ်တော့ လိုက်ဖတ် ဖြစ်ပါတယ်။ ဖတ်ကြည့်တော့ ဗဟုသုတ ရစရာတွေ အများကြီး တွေ့ရပါတယ်။ တော်ရုံ တန်ရုံ ကလေးတွေအနေနဲ့တော့ အေးစက်စက်နိုင်တဲ့ ကာတွန်းစာအုပ်ပါ။

ကျွန်တော်အတွက်တော့ ကြုံတိုင်းရွာလေးရယ်၊ တောထဲက သားရဲတိရိစ္ဆာလေး တွေရယ်၊ တောတွင်း သဘာဝ မြင်ကွင်း ရှုခင်းတွေက ကျွန်တော်ကို စွဲလမ်းစေခဲ့ပါတယ်။ ကျွန်တော် စွဲလမ်းခဲ့တဲ့ ကာတွန်းရေးဆရာက အခုတော့ ကွယ်လွန်ခဲ့ပါပြီ။ ကျွန်တော် အင်မတန်မှ နှမျှောမိပါတယ်။ တန်ဖိုးရှိလှတဲ့ ကာတွန်းရေးဆရာ၊ စာရေးဆရာ တစ်ယောက် အတွက်ပါ။

အခုလဲ ကာတွန်းဆရာ၊ စာရေးဆရာ ဆွေမင်း(ဓနုဖြူ)ရေးသားတဲ့ စာအုပ်လေးကို တင်ပေးလိုက်ပါတယ်။ ဖတ်ချင်သူများအတွက်ပါ။ စာအုပ်လေးက ဘ၀တစ်ခု အမှတ်တရ စာအုပ်လေးပါ။
မောင်စေတနာ

လာပြန်ပီ စာအုပ်

စာအုပ်ကို နှစ်သက်တယ်၊ စာအုပ်ကို မြတ်နိုးတယ်၊ စာအုပ်ကို ခင်တွယ်တယ် ဆိုတဲ့ လူတွေအတွက်ပါ။ ဟီ ဟီး။ ကျွန်တော်လဲ ဒီရက်ပိုင်း စာအုပ်တွေပဲ ရှာနေတာလေ။ ဒါကြောင့် စာအုပ် Website တွေပဲ တွေ့နေတယ်။ စိတ်မ၀င်စား တဲ့ကိုကိုတွေ စိတ်မဆိုးနဲ့နော်။ နောက်မှ နည်းပညာ ဆိုက်လေးတွေ ရှာပေးမယ်။ မြန်မာစာအုပ် ဆိုက်ကို ကို ဒီက သွားရောက်လေ့လာနိုင်ပါတယ်။

မောင်စေတနာ

2.7.08

ဟော့ဒီက စာအုပ်စုံ

ဈေးရောင်းနေတာ မဟုတ်ဘူးနော်။ Website ကြော်ငြာဝင်တာ။ ကောင်းမွန်လှပါတယ်။ နောက်ဆုံးထွက် မဂ္ဂဇင်းပဲ ဖတ်မလား၊ ဂျာနယ်ပဲ ဖတ်မလား၊ ကာတွန်းပဲ ဖတ်မလား၊ ဒါမှ မဟုတ် သုတရသ စာအုပ်တွေပဲ ဖတ်မလား။ အစုံရှိပါတယ်။ မြန်မာနက်ဝက်နယူးအဖွဲ့ရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်။ စာဖတ်ခြင်းကို ၀ါသနာထုံသူများ၊ စာဖတ်မှ မိမိဘ၀ တိုးတက်သည်ဟု ခံယူသူများအတွက် အဆင်ပြေမှာပါ။ ၀က်ဆိုက်ကို ဒီက သွားရောက် လေ့လာနိုင်ပါတယ်။


မောင်စေတနာ

30.6.08

ဘာသာစကားတွေ လေ့လာကြရအောင်

သိပ်ကိုကောင်းမွန်တဲ့ ဆိုက်လေးပါ။ ကျွန်တော်အတွက်တော့ သိပ်ကို အသုံးဝင်ပါတယ်။ စာဖတ်သူများအတွက်လဲ အသုံးဝင် အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ ဘာသာစကားပေါင်း (၁၀၈)မျိုး ကို ဒီ ၀က်ဆိုက်ကနေ သင်ကြား လေ့လာနိုင်ပါတယ်။ မိမိ နှစ်သက်ရာ ဘာသာစကား များကို လေ့လာနိုင်ပါတယ်။ မြန်မာစာ ဘာသာရပ်တောင် ပါပါသေးတယ်။ အားလုံး ကြိုက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ၀က်ဆိုက်ကို ဒီကို Click နှိပ်၍ သွားရောက် လေ့လာပါ။

မောင်စေတနာ

22.6.08

အော်တိုကဒ် လေ့လာကြရအောင်

  • ဒီဘလော့ကတော့ အော်တိုကဒ်ကို လေ့လာနေတဲ့ သူများအတွက်ပါ။ အားလုံးအတွက် အဆင်ပြေမှာပါ။ ယနေ့ ခေတ်ကြီးဟာ အော်တိုကဒ်နဲ့ ကင်းတဲ့ နေရာမရှိသလောက် ပါပဲ။ လူတိုင်းလဲ သိသင့်ပါတယ်။ အော်တိုကဒ်ကို တတ်ရင်လဲ အလုပ်အကိုင် ကောင်းကောင်းရပါတယ်။ စကားတွေ မရှည်တော့ပါဘူး။ ဘလော့ကို ဒီက သွားရောက် လေ့လာနိုင်ပါတယ်။
  • ဒါကလဲ အော်တိုကဒ် ဆိုက်တစ်ခုပါပဲ။ ကိုချန်းချန်းရဲ့ အော်တိုကဒ်ဆိုက်ပါ။ ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြော ပြထားပါတယ်။ ဆိုက်ကို ဒီက သွားရောက် လေ့လာနိုင်ပါတယ်။

  • နောက်တစ်ခုပါ။ အော်တိုကဒ် အပြင် တစ်ခြား အင်ဂျင်နီယာ နည်းပညာတွေပါ ဖော်ပြထားပါတယ်။ ဆိုက်ကို ဒီက သွားရောက် လေ့လာပါ။


မောင်စေတနာ

Tunneling & Metropolitan ကျောင်းသားများအတွက်

ဒီဘလော့ဂ်ဟာ Tunneling & Metropolitan ဘာသာရပ်ကို သင်ကြားနေသော ကျောင်းသားများ အတွက် ရည်ရွယ်ပြီး တည်ဆောက်ထားတဲ့ ဆိုက်တစ်ခုပါ။ ဘလော့ တည်ဆောက်သူများက Tunneling & Metropolitan ဘာသာရပ်ကို တဖက်တလမ်းမှ အထောက်အကူ ဖြစ်စေရန် စေတနာထား ရေးသားထားပါတယ်။ Tunneling & Metropolitan ဘာသာရပ် ကျောင်းသားများအတွက် အသုံးဝင်မှာပါ။ ဆိုက်ကို ဒီက သွားရောက် လေ့လာ နိုင်ပါတယ်။

မောင်စေတနာ

တော်လိုက်တဲ့ ဆရာဝန်

ဥက္ကဌသည် ဆေးကျောင်းသားများအား လူတွေ့စစ်ဆေးစဉ်က အဖြစ်အပျက်လေး ဖြစ်သည်။

ဥက္ကဌ - လူမမာနဲ့ တွေ့တဲ့အခါ ပထမဆုံး သိထားရမယ့် အချက်က ဘာလဲ ဆေးကျောင်းသားတို့။

ဆေးကျောင်းသားများ - လူမမာရဲ့ လိပ်စာပါ ဟု ပြိုင်တူ ဖြေလိုက်ကြလေသည်။


မောင်စေတနာ

ဘလော့ပြုလုပ်နည်း စာအုပ် ဖြန့်ဝေ

မြန်မာ့နည်းပညာ တိုးတက်ရေးအတွက် မြန်မာနိုင်ငံသား အားလုံးက ကိုယ်တတ်သည့် ပညာများဖြင့် မြန်မာလူမျိုးများ အသိအမြင်၊ နည်းပညာများ တိုးတက်အောင် ဆောင်ရွက်နေကြသည်မှာ အားကျစရာပါ။ အင်တာနက်မှာလဲ မိမိရဲ့ ခံစားချက်၊ အတွေးအခေါ်၊ နည်းပညာ၊ ဗဟုသုတ စတဲ့ အကြောင်းအရာတွေကို အင်တာနက်မှာ ဆင်ဆာမရှိ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရသော ဘလော့ဆိုတာကို မြန်မာတွေ တွင်တွင် ကျယ်ကျယ် အသုံးပြုနေပါပြီ။ မသုံးတတ်လို့ သုံးချင်တဲ့ သူတွေအတွက်လဲ ဘလော့ဆရာများ ဖြစ်သော ကိုစေတန်ဂေါ့ကိုညီလင်းဆက် တို့ဟာ ဘလော့ပြုလုပ်နည်း စာအုပ်များကို ပြုစုရေးသားထားပါတယ်။

ဘလော့လုပ်မယ် စာအုပ်ကို ပြုစုသူကတော့ ကိုစေတန်ဂေါ့ ဖြစ်ပါတယ်။ စာအုပ်ဟာ ပြည့်စုံလွန်းလို့ ဘလော့လုပ်ရာမှာ ဆရာတစ်ယောက် ဘေးမှာ ရှိနေသလို ခံစားရမှာပါ။ အဲဒီလောက် ကောင်းမွန်ပြည့်စုံတဲ့ စာအုပ်ဖြစ်ပါတယ်။ ဘလော့တစ်ခု ဘယ်သို့ ဘယ်ပုံ စလုပ်ရမည်၊ ဇော်ဂျီဖောင့် ဘယ်လို ထည့်သွင်းရမယ်၊ တန်ပလိပ် အပြင်အဆင်၊ ဘလော့ လိုအပ်ချက် မှန်သမျှကို ပြည့်စုံအောင် ရေးသားထားသော စာအုပ်ဖြစ်ပါတယ်။ Blog လုပ်မယ် စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။ ဘလော့ စလုပ်မယ်ဆို အောက်က စာအုပ်ကို အရင် လေ့လာပါ။ ပြီးမှ ဒီစာအုပ်ကို လေ့လာပါ။

ဒါကတော့ ဘလော့ အခြေခံလုပ်နည်း စာအုပ်ပါ။ စာအုပ်ပြုလုပ်သူက ကိုညီလင်းဆက် ဖြစ်ပါတယ်။ ဒီစာအုပ်ကတော့ တကယ်အခြေခံပါပဲ။ ဘလော့ စလုပ်သူတွေအတွက်ပါ။ ဒီစာအုပ်တွင် ဘလော့မှာ ထည့်ရမယ့် တန်ဆာပလာ သိပ်မပါပါဘူး။ How to Make Myanmar Blog စာအုပ်ကို ဒီမှာ Click လုပ်ယူပါ။


မောင်စေတနာ

ဘလော့အချက်အလက်စာအုပ် ဖြန့်ဝေ

ဘလော့ဂါ ဆရာကြီးများဖြစ်သော ကိုရန်အောင်မောင်လှလင်းထက်၊ မှော်ဆရာညီညီသံလွင်ချမ်းမြစိုးဝဏ္ဏကိုမောင်သင်္ကြန်ဝေယံလင်းကိုဖိုးဇင် တို့က မြန်မာဘလော့ လောကတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာဘလော့ အကူအညီ ဆိုက်တစ်ခုကို တည်ဆောက်ထားပါတယ်။ မြန်မာဘလော့ လောကမှာ အဲဒီဆိုက်နဲ့ ကင်းတဲ့ လူမရှိပါဘူး။ ဘလော့လုပ်ချင်သူ အားလုံး ထိုဆိုက်က လမ်းညွှန်ချက်တွေ၊ ဗဟုသုတတွေ၊ လုပ်နည်းတွေ စတာတွေနဲ့ တည်ဆောက် နေကြ ရတာပါ။ မြန်မာဘလော့အကူအညီ ဘလော့ထဲမှ အမြဲဖော်ပြနေသော အချက်အလက်များကို ကျွန်တော် အပင်ပန်းခံ၍ စာအုပ်တစ်အုပ် အဖြစ် ပြုစုထားပါတယ်။ Update မဖြစ်ပေမယ့် တော်တော်များများ စုံလင်လှပါတယ်။ အချိန်မပေးနိုင်တာကြောင့် စာအုပ်တွင် အားနည်းချက် များရှိပါတယ်။ ဒါကိုတော့ ခွင့်လွှတ်ပေးကြပါ။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

21.6.08

တော်လိုက်တဲ့ ကွန်ပျူတာ

ကမ္ဘာ့ထိပ်တန်းသိပ္ပံပညာရှင်တစ်ရာခန့်တို့သည် ကမ္ဘာ့လျှို့ဝှက်ချက်ဟူသမျှကို သိရှိဖြေကြားနိုင်သည့် အတော်ဆုံး ကွန်ပျူတာကို စုပေါင်း တည်ဆောက်ခဲ့ကြသည်။ ထို့နောက် ပထမဦးဆုံး မေးခွန်းတစ်ခုကို မေးကြည့်ကြသည်။ ၎င်း မေးခွန်းမှာ

ကမ္ဘာကြီး ဘယ်လို စတင် ဖြစ်ပေါ်သလဲ ?

ကွန်ပျူတာက ဖြေကြားလိုက်သည်မှာ

ကမ္ဘာဦးကျမ်း ကိုကြည့်ပါ။


(စာရေးဆရာတင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြသည်)


မောင်စေတနာ

20.6.08

Father's Day History


Father's Day, 3rd Sunday in June. The idea for creating a day for children to honor their fathers began in Spokane, Washington. A woman by the name of Sonora Smart Dodd thought of the idea for Father's Day while listening to a Mother's Day sermon in 1909. Having been raised by her father, Henry Jackson Smart, after her mother died, Sonora wanted her father to know how special he was to her. It was her father that made all the parental sacrifices and was, in the eyes of his daughter, a courageous, selfless, and loving man. Sonora's father was born in June, so she chose to hold the first Father's Day celebration in Spokane, Washington on the 19th of June, 1910.

In 1924 President Calvin Coolidge proclaimed the third Sunday in June as Father's Day. Roses are the Fathers Day flowers: red to be worn for a living father and white if the father has died.

This page is dedicated to Sonya's Father, Jess and David's father, Glennis (January 16, 1923 - July 26, 1973)

19.6.08

တစ်ချိန်က မိုးရေထဲ

မိုးရာသီရောက်တော့ ကလေးဘ၀က ဖြစ်စဉ်များကို သတိရမိတယ်။ မိုးရာသီထဲ လျှောက်သွားရတာ၊ မိုးရာသီထဲ ဆော့ကစားရတာကို အနှစ်သက်ဆုံး ဖြစ်ခဲ့တယ်။ မိုးရာသီ ရောက်ရင် နေရာတိုင်းက သစ်ပင်တွေ အားလုံး စိမ်းစို လာကြတယ်။ စိမ်းစိုမှုက လူ့ပတ်ဝန်းကျင် အတွက် အေးမြမှုကို ရစေတယ်။ သဘာဝမိုးကြောင့် လူသား အားလုံး ကျန်းမာ ပျော်ရွှင်ရသလို စိတ်ရွှင်လန်းမှု ကိုလဲ ရရှိကြတယ်။

မိုးရာသီက ကလေးတိုင်း အားလုံးအတွက် မိတ်ဆွေပဲ။ မိုးရာသီကို တစ်နှစ်တခါ မျှော်ရတာ အမောပဲ။ မိုးရွာတာနဲ့ မိုးရေထဲ ပြေးဆင်းလာတဲ့ ကလေးတွေဟာ သူရာသီနဲ့ သူထွက်တတ်တဲ့ တိရိစ္ဆာန်လေးတွေလား အောက်မေ့ရတယ်။ လမ်းပေါ်ကို အသီးသီးရောက် နေလာကြပြီ ကစားနည်း မျိုးစုံနဲ့ ဆော့ကစားကြတော့မယ်။ များသော အားဖြင့် ဘောလုံး ကန်ကြတယ်။ ရေကူးကြတယ်။

ယခု မိုးရာသီရောက်တော့ မိမိဖြတ်သန်းခဲ့တဲ့ ကလေးဘ၀ကို ပြန်သတိရမိတယ်။ ကလေးဘ၀ကို ပြန်ရောက်ချင်မိတယ်။ လွှမ်းမိုး သီဆိုတဲ့ သီချင်းထဲကလို ဖြစ်သွားတယ်။ “ငယ်ငယ်က ကလေးလေး ဘ၀မှာ ပျော်ပါးဖို့ရာ လွယ်ပါတယ် .... ။ ကိုယ်ရတာနဲ့ တင်းတိမ် ရောင့်ရဲ .... စားချိန်မှာ တို့စားမယ် ... အိပ်ချိန်မှာ ၀င်အိပ်မယ် .... အပူအပင် ကင်းတဲ့ ကလေးလေး ဘ၀ကို တစ်ခါပြန်ပြီ ရောက်ချင်သေးတယ်.... အဖြစ်မရှိသေးတဲ့ ကလေးလေး ဘ၀ကို တစ်ခါပြန်ပြီ ရောက်ချင်သေးတယ် ” ဆိုတဲ့ လွှမ်းမိုး သီချင်းလေးကို သတိရမိတယ်။

အသက်တွေ ကြီးလာတာနဲ့အမျှ လွတ်လပ်မှုဆိုတာ ဆုံးရှုံးလာတယ်လို့ ခံစားရတယ်။ အသက်ကလေး နည်းနည်း ကြီးလေ လွတ်လပ်မှုတွေ ဆုံးရှုံးလေ၊ လုပ်ပိုင်ခွင့်တွေ လျော့နည်းလေ၊ ခံစားမှုတွေ မွန်းကြပ်လေလို့ ခံစားရတယ်။ မိမိလုပ်ချင်ရာကို မလုပ်နိုင်တော့ဘူး။ ဒီအသက်အရွယ်မှာ မိုးရေထဲ ပြေးဆော့နေချင်ပေမယ့် အမြင်မတော်တာ၊ ကျန်းမာရေး မကောင်းတာ၊ စတာတွေနဲ့ ထိန်းချုပ်ခံလာရတယ်။ ငယ်စဉ်တုန်းက ဖင်ပြောင်ပြောင်နဲ့ မိုးရေထဲ ပြေးဆော့လဲ ဆူမယ့်သူ ငေါက်မယ့်သူ မရှိခဲ့ဘူး။ ကလေးသဘာဝ ဆော့ကစားတယ်ဆိုတဲ့ အကြောင်းပြချက် လေးနဲ့ လွတ်လပ်ခဲ့တယ်။ မနက်မိုးလင်းတာနဲ့ မျက်နှာသစ် အ၀တ်အစားလဲပြီးရင် ပထမဦးဆုံး စဉ်းစားမိတာကို ဗိုက်ပြည့်ဖို့။ ဗိုက်ပြည့်တာနဲ့ ဆော့ဖို့ အတွေးဝင်တယ်။ စားသောက်ပြီးရင် အိမ်မှာ မရှိတော့ဘူး။ ရွာရိုးကိုးပေါက် နေရာ အနှံ့ ဆော့ကစားတော့တယ်။ လူကြီးတွေက ဆူစရာတွေ့လို့ ဆူရင် ထွက်ပြေးကြတယ်။ သူများခြံထဲ ခိုးဝင်ပြီး သစ်သီးတွေ ခူးစားကြ၊ လူကြီးတွေ့လို့ လိုက်ဖမ်းရင် ထွက်ပြေးကြနဲ့ အပူအပင်ကင်းတဲ့ ဘ၀တွေကို ဖြတ်သန်းခဲ့ရတယ်။

လွတ်လပ်တဲ့ ခံစားမှုတွေကို အခုမှ ပြန်လွမ်းမိတယ်။ အခုများကျတော့ ဘာလုပ်လုပ် မိမိရဲ့ အလုပ်၊ မိမိရဲ့အသက်အရွယ်၊ မိမိရဲ့ ပတ်ဝန်းကျင်၊ မိမိရဲ့ ဂုဏ်သိက္ခာဆိုတာတွေနဲ့ ထိန်းချုပ်ခဲ့ရတယ်။ ဒါကြောင့် သြော် အသက်နည်းနည်းကြီးလာလေ လွတ်လပ်မှုတွေ ဆုံးရှုံးလေဆိုတဲ့ ခံစားမှုကို ဖြစ်ပေါ်လာတယ်။ တွေးလာမိတယ်။ ဘယ်လိုလုပ်ကြမလဲ။ အသက်တွေကလဲ တဖြည်းဖြည်းကြီးလာပြီ။ လွတ်လပ်မှုတွေလဲ တဖြည်းဖြည်း လျော့လာပြီ။

မောင်စေတနာ

အသစ်ကျပ်ချွတ်

တခါက အလွန်ချမ်းသာသော ဦးနှောက်ရောဂါသည်တစ်ဦး ပါရဂူနှင့် တွေ့ဆုံစဉ်

ပါရဂူ - ခင်ဗျားအတွက် လုပ်စရာတစ်ခုပဲ ရှိတယ်။ အဲဒါက ခင်ဗျားဦးနှောက်ကို အစားထိုးဖို့ပဲ ... ။ ဒါပေမဲ့ ဒီအလုပ်က ဈေးကလဲ သိပ်ကြီးပြီးတော့ စမ်းသပ်ဆဲ အဆင့်မှာပဲ ရှိသေးတယ်။

လူမမာ - ဈေးက ပြဿနာ မရှိပါဘူး။ အစားထိုးမဲ့ ဦးနှောက်က ရပါ့မလား ဆရာ။

ပါရဂူ - ရတယ် သုံးခုတောင် ရနိုင်တယ်။ကြိုက်တာရွေးပေါ့ ။ ပထမတစ်ခုက ပါမောက္ခဦးနှောက် ဈေးကဒေါ်လာ တစ်သောင်း ။

လူမမာ - ဒီလောက်တော့ တတ်နိုင်ပါတယ်။ ဒုတိယတစ်ခုကရော ....

ပါရဂူ - ဒုတိယတစ်ခုကတော့ အာကာသသိပ္ပံပညာရှင်ရဲ့ ဦးနှောက် ... ဈေးက ဒေါ်လာ တစ်သိန်း ။

လူမမာ - အဲဒါက ပိုကောင်းမှာပဲနော် .... တတိယကရော ။

ပါရဂူ - ဈေးက ဒေါ်လာ ငါးသိန်း ။

လူမမာ - ဈေးကြီးလှချည်းလား ဆရာ။

ပါရဂူ - အသစ်ကျပ်ချွတ်ကြီးလေဗျာ။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)

မောင်စေတနာ

18.6.08

ကိုယ်ပိုင် home page လုပ်ရအောင်

သင်လဲ ကိုယ်ပိုင် Search engine home page ကို ပိုင်ဆိုင်နိုင်ပါတယ်။ အင်တာနက် စတင်အသုံးပြုမယ် ဆိုပြီး IE ကို ဖွင့်လိုက်ရင် Google home page တွေ့ရမှာ ဖြစ်ပါတယ်။ အဲဒီ Google home Page ရဲ့ နေရာမှာ မိမိ ကြိုက်နှစ် သက်ရာ အမည်လေးများကို ပေးနိုင်ပါတယ်။ အင်တာနက် ဖွင့်တယ်ဆိုရင်ပဲ မိမိ ပေးထားတဲ့ အမည်လေး တွေကို တွေ့ပြီး ပျော်ရွှင်ခံစား နိုင်ကြပါစေ။ ၀က်ဆိုက်ကို ဒီကနေ သွားရောက်နိုင်ပါတယ်။


မောင်စေတနာ

16.6.08

မူးတော့ မူးတာပေါ့

အရက်ဆိုင်တစ်ဆိုင်တွင် သူငယ်ချင်းနှစ်ယောက် အရက်သောက်ရင်း စကားပြောနေစဉ်

ပထမလူ - ငါညတုန်းက အိပ်မက် မက်တယ်ကွ။

ဒုတိယလူ - ဟေ ဒါ ဘာများထူးဆန်းလို့လဲ ... နေပါအုံး ဘာတွေမက်လို့လဲ

ပထမလူ - မင့် မိန်းမအကြောင်း မက်တာကွ

ဒုတိယလူ - ငါ့ မိန်းမက အိပ်မက်ထဲမှာ ဘာပြောလဲ။

ပထမလူ - ဘာမှ မပြောဘူးကွ

ဒုတိယလူ - ဒါဆို အဲဒါ ငါ့မိန်းမ မဟုတ်ဘူး ။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများအား ဖော်ပြပါသည်)

မောင်စေတနာ

15.6.08

ဆရာများတော့

အမေရိကန်ကုမ္ပဏီ တစ်ခုနှင့် ဂျပန်ကုမ္ပဏီတစ်ခုတို့ လှေပြိုင်ပွဲ ပြုလုပ်ရာ ဂျပန်က တစ်မိုင်အသာဖြင့် အနိုင်ရခဲ့တယ်။ အမေရိကန်ကုမ္ပဏီ ဥက္ကဌက ဘာ့ကြောင့် ရှုံးရသည်ကို ကျွမ်းကျင်သူ ငှား၍ သုံးသပ် ဆွေးနွေးလေသည်။

ဥက္ကဌ - ဂျပန်အသင်းရဲ့ အခြေအနေ ဘယ်လိုလဲ။

ကျွမ်းကျင်သူ - ခေါင်းဆောင် တစ်ယောက် ထိုးသား(၇)ယောက်ပါ။

ဥက္ကဌ - ဒို့အသင်းကရော

ကျွမ်းကျင်သူ - ခေါင်းဆောင်(၇)ယောက် ထိုးသား တစ်ယောက်

ဥက္ကဌ - တစ်ခါ ထပ်ပြိုင်မယ် နိုင်အောင် ဘယ်လို လုပ်ရမလဲ။

ကျွမ်းကျင်သူ - ခေါင်းဆောင်တစ်ယောက် အကြံပေး (၆)ယောက် ထိုးသား တစ်ယောက်နဲ့ ထပ်ပြိုင်ပါ။

ထပ်ပြိုင်ခဲ့ရာ ဂျပန်အသင်းက နှစ်မိုင် အသာဖြင့် အနိုင်ရခဲ့သည်။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများအား ဖော်ပြသည်။)


မောင်စေတနာ

တွေးဖြစ်တာလေးတွေ

ဒီရက်ပိုင်းမှာ အားနေလို့လား မသိဘူး။ ငယ်ရွယ်တဲ့ ဘ၀တုန်းက အဖြစ်တွေကို ပြန်တွေးနေမိတယ်။ သိတတ်တဲ့ အရွယ်က စလို့ပေါ့။ သိတတ်တဲ့ အရွယ်က တစ်တန်း နှစ်တန်း အရွယ်ကပဲ ဆိုပါတော့။ စာရေးသူရဲ့ အဖေက နယ်မှာ တာဝန်ကျတော့ နယ်မှာ ကျောင်းလိုက် တက်ရတယ်လေ။ မိမိ နေတဲ့ ပတ်ဝန်းကျင်က အပေါင်းအသင်းတွေက တောသားလေး တွေဆိုတော့ စရိုက်က ကြမ်းတယ်ပဲ ဆိုရမလား။ သူတစ်ပါး အသက် (တိရိစ္ဆာန်) ကို သတ်ဖို့ ၀န်မလေး ကြဘူးလေ။ သူတို့နဲ့ ပေါင်းပြီ မိမိပါ တိရိစ္ဆာန်တွေကို သတ်တတ်လာတယ်။ အမြဲတမ်း ကြောက်တတ်တဲ့ ကျွန်တော်က နယ်တွေရောက်ပြီးတော့မှ တိရိစ္ဆာန်တွေကို သတ်တတ်လာတယ်။

အုန်းပင်မှာ တွယ်ကပ်နေတဲ့ ပုတ်သင်ညိုကို မြင်ရင် ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ် .......... ပုတ်သင်ညို အပျိုလိုချင် ခေါင်းညိတ် ဆိုပြီး တောသားလေးတွေနဲ့ အော်ဟစ်ခဲ့တယ်။ တကယ်လို့ ပုတ်သင်ညိုက ခေါင်းညိတ်ခဲ့ရင် ခေါင်းညိတ်ရမလားဆိုပြီး အုတ်နီခဲနဲ့ ပေါက်သတ်ကြတယ်။ တောသားလေးတွေရဲ့ လုပ်ရပ်တွေက မိမိကိုပါ ကူးစက်ခဲ့တယ်။ ဒါကြောင့် တံငါနားနီး တံငါ .. မုဆိုးနားနီး မုဆိုးလို့ စကားပုံ ဖြစ်ပေါ်ခဲ့ပုံ ရပါတယ်။ မိမိရဲ့ စိတ်က ဘယ်လိုပဲ နူးညံပါစေ ။ မိမိရောက်ရှိတဲ့ ပတ်ဝန်းကျင်၊ အသိုင်းအ၀ိုင်းရဲ့ အရောင်ပြောင်းလဲ မှုပေါ် မူတည်ပြီး မိမိလဲ အရောင် ပြောင်းလဲခဲ့ရတယ်။

တောသားလေးတွေ လုပ်သလို လိုက်လုပ်ရင်နဲ့ အကောင်သေးတဲ့ တိရိစ္ဆာန်မှန်ရင် တွေ့တာနဲ့ သတ်တတ်တဲ့ အကျင့်က စွဲစေခဲ့တယ်။ ဗိုက်က ပြောင်ချောနေတဲ့ ဖား တွေ တွေ့ပြီဆိုရင် အဲဒီဖားကို ဒေါသထွက်အောင် လုပ်တယ်။ အဲဒီဖားက ဒေါသထွက်လေ ဗိုက်ကြီး ဖောင်းလာလေ ဆိုတော့ ဒေါသထွက်အောင် လုပ်နေတဲ့ ကျွန်တော်တို့ အတွက် ပျော်စရာပါ။ တစ်အားကြီး ဖောင်းလာပြီ ဆိုရင် ခဲနဲ့ ထုသတ်တော့တာပါပဲ။ ဗိုက်ဖောင်းနေတဲ့ ဖားခမာ ဖောင်းခနဲ အသံမြည်ပြီး သေဆုံးရတာပါပဲ။

ပုရစ် ပေါ်ချိန်ဆိုရင် တောသားလေးတွေနဲ့ ပုရစ်ဖမ်းထွက်တယ်။ တွင်းထဲမှာ သူ့ဟာ သူနေတဲ့ ပုရစ်တွေလဲ နေကောင်းခြင်း မနေခဲ့ရပါဘူး။ တွင်းထဲက ရေလောင်းထည့်ပြီး ပုရစ်ရေမွန်းအောင် လုပ်ကြတယ်။ သူတို့ လုပ်တဲ့ နည်းအတိုင်း မိမိလဲ လိုက်လုပ်ဖြစ်တယ်။ ပုရစ်က ရေမွန်းပြီ တွင်းထဲက ထွက်လာတယ်။ အပြင်မှာ လျှောက်သွားနေတဲ့ ပုရစ်တွေကျတော့ အကောင်သေးတယ်ဆိုပြီး သိပ်မဖမ်းကြဘူး။ တွင်းထဲနေတဲ့ ပုရစ်က ကြီးတယ်ဆိုပြီး ဖမ်းကြလေရဲ့။ မိလာတဲ့ ပုရစ်တွေကို ရေနစ်သတ်ကြတယ်။ ရေနစ်ပြီး သေ သေ မသေသေ ခေါင်းဖြုတ် ချီးညစ်ထုတ်ပြီး ကြော်စားကြတယ်။ မိမိလဲ အဲဒီ သားသတ်တဲ့ အဖွဲ့ထဲ အလိုလို ပါဝင်ခဲ့တယ်။

မိမိ ဘာသာ မိမိ စဉ်းစားတတ်တဲ့ အရွယ်ရောက်လာတော့ မိမိလုပ်ခဲ့တဲ့ အမှားတွေကို ပြန်မြင်မိတယ်။ တရားစခန်းတွေဝင်ပြီး တရားအားထုတ်၊ တရားနာတဲ့အခါကျမှ မိုက်ခဲ့တဲ့ လုပ်ရပ်တွေကို ပြန်မြင်ယောင် လာတယ်။ အမှားကြီးမှားခဲ့တဲ့ ငါပါလားဆိုပြီ။ သံဝေဂ ရမိတယ်။ အရှုံးထဲက အမြတ်ထုတ် ဆိုသလို ဘာကို ပြုပြင်ရ မလဲဆိုပြီး စဉ်းစားလိုက်တော့ ပတ်ဝန်းကျင် ကောင်းဆိုတာ လိုအပ်မှန်း သိလာတယ်။ မိမိနေတဲ့ ပတ်ဝန်းကျင် ကြောင့် မိမိ မလုပ်တတ်အုံး၊ စိတ်မ၀င်စားအုံး၊ အစွယ်ကောင်းမှုကြောင့် လုပ်မိမှာပါပဲ။ ဒါကြောင့် ပတ်ဝန်းကျင်ကောင်း၊ မိတ်ဆွေကောင်းဆိုတာ အမှန်တကယ် လိုအပ်မှန်း သိလာခဲ့တယ်။ အပေါင်း အသင်းကြောင့် ဂုဏ်တက်သလို၊ အပေါင်းအသင်းကြောင့် ဂုဏ်ပျက် နိုင်တယ်ဆိုတာ သိလာခဲ့တယ်။

အဲဒီတော့ မိမိရဲ့ လုပ်ရပ်အမှားတွေကို ပြန်လည်သုံးသပ်ပြီး နောက်မမှားဖို့အတွက် ပတ်ဝန်းကျင်ကောင်းနဲ့ မိတ်ဆွေကောင်းကိုသာ ရှာဖွေပေါင်းသင်းခဲ့တယ်။ မိတ်ဆွေကောင်းရင် ဆွေမျိုးတောင် လိုက်မမီဘူးလို့လဲ ကြားဖူးပါတယ်။ သူငယ်ချင်းကောင်းတွေနဲ့ ချစ်ခင်စွာ ကြိုးစားနေထိုင်ရင်း . . .။

မောင်စေတနာ

13.6.08

ဂျက်လင်းယုန်

လင်းယုန်နှစ်ကောင်သည် သူတို့အနီးမှ ဂျက်လေယာဉ် တစ်စင်းသည် ဖြတ်ကျော်သွားသည်ကို မြင်ရစဉ်

ပထမကောင် - ဟေ့ကောင် ကြည့်စမ်း .... ဒီငှက်က အရမ်းမြန်တာပဲ ..။

ဒုတိယကောင်- သူ့အမြီးမှာ မီးလောင်နေတယ်ကွ

ပထမကောင် - ဒါဆို ငါတို့ အမြီးကို မီးလောင်ရင် သူ့လိုပဲ မြန်မှာပဲနော်။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြသည်)


မောင်စေတနာ

မှားပါတယ်

လင်မယားနှစ်ယောက် စကားပြောနေကြလေသည်-

ယောကျာင်္း - ငါစိတ်ဓါတ် ကျတယ်ကွာ ...။

မိန်းမ - ဘာဖြစ်ရပြန်တာလဲ ...။

ယောကျာင်္း - တစ်ခါတစ်ခါ ငါဟာ ဘာမှအသုံးမ၀င်တော့ဘူးလို့ ခံစားရတယ် .. ။

မိန်းမ - ရှင် ဒီလိုခံစားနေစရာ မလိုပါဘူး ... ။

ယောကျာင်္း - ဘာဖြစ်လို့လဲ ..။

မိန်းမ - လူတွေက ရှင်အသုံးမကျဘူးဆိုတာ သိနေကြပြီးလေ ....။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)

မောင်စေတနာ

ကြီးလေ ကြိုက်လေ

အလွန်ချမ်းသာသော အသက် ၆၅ နှစ်ခန့်အရွယ်ရှိ သူဌေးကြီးတစ်ဦးသည် အသက် ၂၀ နှစ်ခန့် ရှိသော မိန်းကလေး တစ်ဦးကို ချစ်ရေးဆိုရန်အတွက် သူငယ်ချင်းဖြစ်သူနှင့် တိုင်ပင်လေသည်။

သူဌေးကြီး - ငါ ဒီမိန်းကလေးကို လိုချင်တယ်ကွာ ... ဘယ်လိုပြောရရင် ကောင်းမလဲ ... ငါ့အသက်ကို ၄၅ နှစ်လို့ လျှော့ပြောရင် အဆင်ပြေ နိုင်ပါ့မလား။

သူငယ်ချင်း - မင့်အသက်ကို ၉၀ လိုပြောရင် ပိုပြီး အဆင်ပြေမယ်ကွ .......။


(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများအား ဖော်ပြပါသည်)

မောင်စေတနာ

11.6.08

ဓါတ်ပုံလေးတွေ ကွက်ပြီး ရိုက်မယ်

မိမိ Desktop ပေါ်မှာပဲ ဖြစ်ဖြစ်၊ ကွန်ပျူတာတွင် မိမိကြည့်နေသော ကိုရီးယား ကားမှ မင်းသား၊ မင်းသမီး ရုပ်များကို လိုချင်ရင်ပဲ ဖြစ်ဖြစ် ဒီဆော့ဝဲလ် လေးက လုပ်ယူလို့ ရပါတယ်။ ဒီဆော့ဝဲလ်လေးကို ညီလေး ဖိုးစံ ဆီမှ ရရှိတာပါ။ ညီလေး ဖိုးစံကိုလဲ မှတ်တမ်းတင်ပါတယ်။ ကျေးဇူးလဲ တင်ပါတယ်။ ကဲ လိုချင်ရင် ဒီမှာ Click လုပ်ယူနော်။

မောင်စေတနာ

နောက်ဆုံးဆန္ဒ

အသည်းအသန် ဖြစ်နေသော လူမမာ တစ်ဦးအား ဆရာဝန်တစ်ဦး ကုသနေစဉ် လူနာ၏ အခြေအနေသည် သိပ်မကောင်း၍ ဆရာဝန်သည် လူနာအား အမှန်အတိုင်း ဖွင့်ပြောရန် ဆုံးဖြတ်ပြီး

ဆရာဝန် - ခင်ဗျား ဘယ်သူနဲ့ တွေ့ချင်လဲ ပြောပါ ... .။

လူမမာနား ကပ်၍ နားထောင်သော အခါ လူမမာထံမှ “ ဟုတ်ကဲ့ ဆရာ ” ဟူသော အသံတိုးတိုးကို ကြားရလေသည်။

ဆရာဝန် - ဘယ်သူလဲ ပြောလေ။

လူမမာက အနည်းငယ် ပို၍ ကျယ်သော အသံဖြင့် “ တစ်ခြား ဆရာဝန် ” ဟု ပြောလိုက်လေသည်။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)

မောင်စေတနာ

ဒါလားဟဲ့ ကောင်းကင်ဘုံ

တခါက နှစ်ပေါင်း ၅၀ ကြာ ပေါင်းသင်းခဲ့ကြသော လင်မယား နှစ်ယောက် အနက် ယောကျာင်္း သေဆုံးသွားလေသည်။ ဇနီးဖြစ်သူသည် ပရလောကနှင့် လူဝင်စားခြင်းကို ယုံကြည်သူ ဖြစ်သည်။
ထို့ကြောင့် တမလွန်မှ သူ့ယောကျာင်္းနှင့် အဆက်အသွယ် ရရန် အမြဲတစေ ကြိုးပမ်းသည်။ တစ်ညတွင် သူ့ယောကျာင်္း အသံကို ထူးဆန်းစွာ ကြားရသည်။

မိန်းမ - ရှင်အဲဒီမှာ ဘယ်လိုနေလဲ ။


ယောကျာင်္း - တကယ်ပဲကွာ ..... ပြောရရင် ယုံမှာ မဟုတ်ဘူး။ လှလိုက်တဲ့ ကောင်းကင်၊ ရေကလဲ ပြာလဲ့ ကြည်နေတာပဲ။ မျက်လုံးညိုကြီးတွေနဲ့ အရမ်းချစ်စရာ ကောင်းတဲ့ သတ္တ၀ါတွေလဲ အပြည့်ပဲ။

မိန်းမ - ကောင်းကင်ဘုံဆိုတာ ရှင်ပြောသလို တစ်ခါမှ မကြားဖူးဘူး။


ယောကျာင်္း - ကောင်းကင်ဘုံ ဟုတ်လား မင်းကို ဘယ်သူက ကောင်းကင်ဘုံ အကြောင်း ပြောနေလို့လဲ။

မိန်းမ - ရှင် ခုနက ပြောနေတာတွေက ကောင်းကင်ဘုံ အကြောင်း မဟုတ်ဘူးလား။


ယောကျာင်္း - ငါက နွားဖြစ်နေတာဟ။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူကို ဖော်ပြပါသည်)

မောင်စေတနာ

သားနဲ့ အမေ

သား - သား စာမသင်ချင်တော့ဘူး အမေ .... ။
အမေ - ဘုရားရေ ..... ဘာဖြစ်ရ ပြန်တာလဲ ...။
သား - အီတလီမှာ အရမ်းသိ၊ အရမ်းတတ်ရင် အသတ်ခံရတယ်လို့ ညက သတင်းမှာ ကြားလိုက်ရလို့လေ ...။

(စာရေးဆရာတင်ထွေးဆက်၏ ဘာသာပြန်စာမူများကို ဖော်ပြပါသည်)

မောင်စေတနာ

7.6.08

ကလေးများ ပျှော်ရွှင်စေဖို့

သိပ်ကို စိတ်ဝင်စားစရာ ကောင်းတဲ့ ဆိုက်လေးပါ။ ကလေးများအတွက် ရည်ရွယ် တည်ဆောက် ထားပေးမယ့် လူကြီးများ အတွက်ပါ အဆင်ပြေ မှာပါ။

ဝက်ဆိုက်က ကလေးတို့အတွက် ၀က်ဆိုက် လမ်းညွှန်လေး ဖြစ်ပါတယ်။ သိပ္ပံအကြောင်း၊ ကွန်ပျူတာအကြောင်း၊ အင်္ဂလိပ်စာ အကြောင်း၊ ကမ္ဘာမြေကြီးအကြောင်း စတဲ့ အကြောင်းများစွာ ပါဝင်ပါတယ်။ ပြောရင် အများကြီးပါ။ ကဲ ကိုယ်တိုင် လေ့လာ ကြည့်ရအောင်လား။ ဒီက သွားရောက်လေ့လာပါ။

မောင်စေတနာ

6.6.08

စာအုပ်တွေ ဖတ်ကြမယ်

စီအီးအို မဂ္ဂဇင်းဟာ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု မဂ္ဂဇင်းပါ။ စီးပွားရေး လမ်းညွှန်မှုများ၊ စီမံခန့်ခွဲမှု လမ်းညွှန်မှုများ စီးပွားရေးမှာ ဘယ်လို လုပ်ရဆောင်ရင် အောင်မြင်နိုင်ကြောင်း ရေးထား ထုတ်ဝေနေသော မဂ္ဂဇင်းလောကတွင် အောင်မြင်နေသော မဂ္ဂဇင်း တစ်စောင် ဖြစ်ပါတယ်။ စာဖတ်သူများ အဆင်ပြေ စေဖို့ အွန်လိုင်းမှာ တင်ထားပေးပါတယ်။ ဒါ့အပြင် တူဒေးစာအုပ်တိုက်က ထုတ်ဝေတဲ့ တူဒေးမဂ္ဂဇင်း၊ life style မဂ္ဂဇင်း၊ PC World မဂ္ဂဇင်း၊ စီအီးအို မဂ္ဂဇင်း၊ ပလုတ်တုတ် မဂ္ဂဇင်းများကို ဖတ်ရူနိုင်ပါတယ်။ စာဖတ်ဝါသနာ ပါသူတိုင်း အဆင်ပြေ စေမှာ ဖြစ်ပါတယ်။ စာအုပ်ဟာ လူကို ပြုပြင် နိုင်ပါတယ်။ ဒါကြောင့် စာများများ ဖတ်ခြင်းဖြင့် မိမိဘ၀ မြှင့်တင် နိုင်ကြပါစေ။ ၀က်ဆိုက်ကို ဒီက သွားနိုင်ပါတယ်။


မောင်စေတနာ

5.6.08

ပေါ့ပေါ့ပါးပါး ဂိမ်းဆော့ရအောင်

သိပ်တော့ ထူးထူးဆန်းဆန်း မဟုတ်ပါဘူး။ ကွန်ပျူတာ ဂိမ်းလေးပါ။ ပေါ့ပေါ့ ပါးပါး ဆော့လို့ ရပါတယ်။
ကျွန်တော်တို့ ငယ်ငယ်က ဆော့တဲ့ စက်သေး(ခေါ်) နီးပန်းဒို စက်တွေမှာ ကစားတဲ့ ကစားနည်းလေးပါ။ အပျင်းပြေ လွယ်လွယ် ကူကူ ကစားလို့ ရပါတယ်။ တခြားဆိုက်မှာ ဒေါင်းလုပ် လုပ်ယူစရာ မလိုအောင် တင်ပေး လိုက်ပါတယ်။ ဒီမှာ Click လုပ်ယူပါ။

မောင်စေတနာ

4.6.08

အိုင်ကွန် လှလှလေးတွေနဲ့ အလှဆင်


မိမိရဲ့ ကွန်ပျူတာမှာ ရှိတဲ့ Folder တွေရဲ့ ပုံစံတွေက တော်တော်ကို တုံးနေပါပြီ။ ဒီတော့ Folder လေးတွေကို အမြင်တင့်တယ်ပြီး အများသဘောတွေ့စေဖို့ icon လေးတွေကို ဒီဝက်ဆိုက်က ယူနိုင်ပါတယ်။ Vista icon ကို ယူမလား၊ Cartoon icon ကို ယူမလား၊ Computer icon ကို ယူမလား၊ Desktop icon ကို ယူမလား လှပတဲ့ Icon မျိုးစုံကို ရယူနိုင်ပါတယ်။ ဒီဆိုက်ကို ညီလေး ကောင်းကင်ပြာ ဆီက ရရှိတာပါ။ ညီလေး ကောင်းကင်ပြာကိုလဲ ကျေးဇူးတင်ပါတယ်။ ၀က်ဆိုက်ကို ဒီက သွားရောက် လေ့လာနိုင်ပါတယ်။


မောင်စေတနာ

3.6.08

တန်ပလိပ် လှလှလေးတွေ ယူရအောင်

ဘလော့ဂါနဲ့ ပတ်သက်ပြီး Template များစွာကို ရှာဖွေခဲ့ဖူးပါတယ်။ အဆင်မပြေခဲ့တာ များပါတယ်။ Template တော်တော် များများဟာ Classic ပြောင်းပြီး တင်မှ ရပါတယ်။ အဲဒီတော့ မိမိ ဖန်တီးချင်တဲ့ ပုံစံ တော်တော် များများကို ဖန်တီးလို့ မရကြတာ အားလုံးသိမှာပါ။

ယခု Template ၀က်ဆိုက်ကတော့ အားလုံးအတွက် အဆင်ပြေမှာပါ။ မိမိ လိုချင်တဲ့ template ဒီဇိုင်းကို Click လုပ်ပြီး ပေးထားတဲ့ Code ကို ယူပြီး မိမိရဲ့ Edit HTML ထဲ past ချပြီး save လုပ်ရုံပါပဲ။ အရမ်းကို အဆင်ပြေပါတယ်။ err လဲ တက်စရာ အကြောင်းမရှိပါဘူး။ ကဲ ရိုးရှင်းတဲ့ template ကနေ ဆန်းသစ်တဲ့ template လေးနဲ့ ဘလော့များကို စတင်ကြစို့လားဗျာ။ ၀က်ဆိုက်ကို လေ့လာနိုင်ပါတယ်။

မောင်စေတနာ

ကဗျာတွေ ဖတ်ကြမယ်


အချစ်ကဗျာတွေ ဖတ်မလား၊ ၀မ်းနည်းစရာကောင်းတဲ့ ကဗျာတွေ ဖတ်မလား၊ ဘ၀ကို သရုပ်ဖော်ထားတဲ့ ကဗျာတွေပဲ ဖတ်ချင်လား စသဖြင့် ကဗျာအပုဒ်(၁၀၀)ကျော်ကို ခံစားဖတ်ရှုချင်ရင် ဒီဝက်ဆိုက်မှာ သွားဖတ်နိုင်ပါပြီ။ ဟီး ဟီး ခက်တာက အင်္ဂလိပ် ကဗျာတွေ ပဲနော်။ ပျော်ရွှင်ပါစေ။

မောင်စေတနာ

ယခုပင်လျှင် မသေခင်က

ဤရုပ်ဆွေးမိုး၊ ခန္ဓာကိုယ်ကား
အိုတရွေ့ရွေ့၊ မီးနှယ်မွှေ့၏
အငွေ့မထင်၊ ခိုးမမြင်လည်း
ရုပ်သွင်ဖောက်ပြား၊ ရေသားကြုံလှီ
သွေးဆီမတိုး၊ ဆံဖြူညှိုး၍
ဆိုးခဲ့အရွယ်၊ မတင့်တယ်ပြီ
အမယ်တို့ကိုယ်၊ ငါ၏ကိုယ်ပင်
ပျိုအိုနုရင်၊ မဟူသင့်ဘူး
သေမင့်အစာ၊ မှန်ကြာစွာ၏
သေချာမှတ်ပိုက်၊ နားတင်စိုက်တည့်
လူနှိုက်ကြီးဘိ၊ သားအမိမျှ
မချိကယ်ရေး၊ ကိုယ်လွတ်ပြေးသည့်
မီးဘေးရေဘေး၊ ပြည်ပျက်ဘေးလည်း
ဆယ်ရေးတရေး၊ ကယ်နိုင်သေး၏
အိုဘေးနာဘေး၊ သေခြင်းဘေးဟု
ဤဘေးသုံးပါး၊ လွန်ကြီးမားကား
သားနှင့်အမိ၊ ဖြစ်တုံဘိလည်း
မျက်စိအောက်တွင်၊ ရင်ခွင်တင်လျက်
သက်သက်ရေးပိုင်၊ မကယ်နိုင်ဘူး
လက်မှိုင်ချကာ၊ နေရစွာရှင့်
နေ့မှာနေ့ချုပ်၊ ညဥ့်ရုပ်ညဥ့်ပျောက်
မိုးသောက်နေ၀င်၊ မပါကျင်တည့်။

(မန်လည်ဆရာတော်ကြီး ရေးသားသော ကဗျာကို ဖော်ပြပါသည်)

မောင်စေတနာ

1.6.08

ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ (DCS)


အွန်လိုင်းမှ ကွန်ပျူတာ ကျောင်းတက်ချင်သူ တွေအတွက်ပါ။ အွန်လိုင်းမှ နေ၍ ကွန်ပျူတာ ဒီပလိုမာဘွဲ့ကို ရယူနိုင်ပါတယ်။

တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ မည်သူမဆို တက်ရောက်နိုင်ပါတယ်။ သင်တန်းကာလက (၁)နှစ် ဖြစ်ပါတယ်။ မော်ဂျူးမှာ (၈)ခု ဖြစ်ပါတယ်။ မည်သို့ မည်ပုံ လျှောက်ထားရမည်ကို ဒီဝက်ဆိုက်ကတဆင့် လေ့လာနိုင်ပါတယ်။


မောင်စေတနာ

အင်္ဂလိပ်အဘိဓာန်လေး သုံးကြစို့

ရုံးပိတ်ရက်တွေမှာ ပျင်းပျင်းနဲ့ Web ပေါ် လျှောက်လည် ခဲ့တာ ဆော့ဝဲလ်ကောင်း လေး တစ်ခု ရခဲ့ပါတယ်။ ယနေ့ ခေတ်ဟာ အိုင်တီခေတ် ဖြစ်တာနဲ့အညီ နည်းပညာတွေဟာလဲ လိုက်လို့ မမီနိုင်အောင်ပါပဲ။ (ဒါပေမယ့် မီအောင် လို့ ဒရွတ်တိုက် လိုက်နေတယ် ဟီး ဟီး) ယနေ့ခေတ်ဟာ ကွန်ပျူတာ ခေတ်ဖြစ်တာနဲ့ အညီ မိမိ သိချင်တဲ့ အင်္ဂလိပ် မြန်မာ အဓိပ္ပါယ် များကို အဘိဓာန် စာအုပ်ကြီးနဲ့ လှန်ရှာနေရမယ့် ခေတ်မဟုတ် တော့ပါဘူး။

ကွန်ပျူတာနဲ့ အချိန်တိုအတွင်း ရှာနိုင်အောင် နည်းပညာ ပညာရှင်များဟာ ကြိုးစား ပမ်းစား ပြုလုပ်နေကြပါပြီ။ အင်္ဂလိပ် - အင်္ဂလိပ် သုံးလို့သာ ရတဲ့ bobylon ဆော့ဝဲလ်တွင် အင်္ဂလိပ် - မြန်မာ အဘိဓာန် အသုံးပြုလို့ ရအောင် ဆော့ဝဲလ်လေးကို ပဒုမ္မာဝက်ဆိုက်က တီထွင်ကြံဆ ပြုလုပ်ထားပြီး မျှဝေ ပေးထားပါတယ်။ စာဖတ်သူများ သိပြီးလျှင်လဲ သိပြီမှာပါ။ သို့သော် လိုရမယ်ရ တင်ပေးလိုက်ပါတယ်။ Bobylon ကို ဒီမှာ Click လုပ်ယူပါ။ အင်္ဂလိပ်-မြန်မာ အဘိဓာန်အဖြစ် အသုံးပြုရန် ဖိုင်ပါ ပါရှိပါတယ်။

အသုံးပြုနည်းကို ပြောပြပါမယ်။ အရင် ဦးစွာ babylon ဆော့ဝဲလ်ကို အင်စတော လုပ်ပါ။ ပြီးပါက file ကို ဖွင့်လိုက်ပါ။
ပြီးလျှင် ညာဘက် ထောင့်ထိပ်တွင် ရှိသော Option ကို နှိပ်လိုက်ပါ။



အထက်တွင် ပြထားသည့်အတိုင်း install dictionaries from disk ကို ရွေးလိုက်ပါ။ Open box ကျလာလိမ့်မည်။ ထိုအခါတွင် အင်္ဂလိပ် - မြန်မာ အဘိဓာန်ဖိုင်လေးကို မိမိ သိမ်းထားသည့် နေရာမှာ Open လုပ်ပါ။ သူ့ဟာ သူ အင်စတော လုပ်သွားပါလိမ့်မယ်။ ခဏစောင့်ပါ။ နှစ်မိနစ်လောက် ကြာတဲ့အခါမှာ စတင် အသုံးပြုလို့ ရပါပြီ။

ဒီဆော့ဝဲလ်ရဲ့ အားသာချက်က မိမိ မသိတဲ့စာလုံးပေါ်မှာ Ctrl + Right Click နှိပ်ရုံဖြင့် အဘိဓာန် ပေါ်လာခြင်းပဲ ဖြစ်ပါတယ်။ သီးသန့် ရိုက်ရှာစရာ မလိုပါ။ ရိုက်ရှာချင်လဲ ရပါတယ်။ ကဲ ပျော်ရွှင်နိုင်ကြပါစေ။ အဆင်မပြေတာ များရှိပါက Comment မှာ ရေးသွားပါ။ ပြန်လည် ဖြေကြားပေးပါမယ်။


မောင်စေတနာ

31.5.08

ဓာတ်ပုံများကို frame ထဲ ထည့်ရအောင်

မိမိရဲ့ လှပတဲ့ ဓာတ်ပုံလေးတွေမှာ မိမိကိုယ်တိုင် frame ထည့်နိုင်ပါပြီ။ ဘောင်ပုံစံ မျိုးစုံကို မိမိစိတ်ကြိုက် ထည့်သွင်းနိုင်ပါတယ်။ ဒီဆော့ဝဲလ်ကို အင်စတော လုပ်ရုံနဲ့ ပြုလုပ်နိုင်ပါတယ်။ ပျော်ရွှင် နိုင်ပါစေ။


မောင်စေတနာ

အနာဂတ်ကို မေးခွန်းထုတ်ကြစို့

မိမိရဲ့ အနာဂတ်မှာ ဘာဖြစ်မလဲ၊ ချစ်သူနဲ့ အဆင်ပြေမလား၊ စီးပွားရေး ကောင်းမွန်မှာလား၊ လုပ်ငန်းတွေ လုပ်ရာမှာ အဆင်ပြေမှာလား..... စသဖြင့် မေးခွန်းပေါင်း ၁၀၀ မေးနိုင်ပါတယ်။ မိမိ မေးသော မေးခွန်း မှန် မမှန်ဆိုတာ မိမိဖြစ်ချင်မှု၊ အာရုံစိုက်မှုပေါ် မူတည်ပါတယ်။

ယုံကြည်စွာ မေးခွန်းများကို မေးမယ်ဆိုရင် မှန်နိုင်ပါတယ်။ မိမိ မေးသော မေးခွန်းအပေါ် အာရုံစိုက်ပြီး မေးပါ။ မေးခွန်းများကို မှန်ကန်စွာ ဖော်ပြပေးမည်ကို အံ့သြစွာ တွေ့မြင်ရမှာပါ။ ဒီ ၀က်ဆိုက်လေးကို ကံကြမ္မာ စက်ဝိုင်းလို့ အမည် ပေးထားပါတယ်။ ဒီ ဆိုက်လေးကို Republic က ရရှိတာပါ။ မိမိရဲ့ ဘလော့မှာ လာရောက်ဖတ်ရှုသူများ စိတ်ပျော်ရွှင်စွာဖြင့် အနာဂတ်အရေးကို ကြိုတင် တွက်ဆနိုင်ကြပါစေ။ ၀က်ဆိုက်ကို ဒီကနေ သွားလေ့လာနိုင်ပါပြီ။

မောင်စေတနာ

30.5.08

ဓာတ်ပုံတွေမှာ စာသားတွေထည့်မယ်


မနေ့က ပျင်းပျင်းနဲ့ လျှောက်လုပ်တာ မောင်စေတနာရဲ့ သတင်းစာ တစ်စောင် ထွက်လာတယ်။ Mgsaytanar News ဆိုပြီး။ ဟီး ဟီး။ ဖတ်လို့တော့ မရဘူး။ ပုံပဲ ရှိတယ်။ စာဖတ်သူတွေလဲ လုပ်ချင်လား။ လုပ်ချင်ရင် ဒီဝက်ဆိုက်မှာ သွားလုပ်လေ။ အများကြီးပဲ။ တခြားပုံတွေမှာ မိမိရိုက်ထည့်ချင်တဲ့ စာသားတွေ ရိုက်ပြီး previwe လေးကို ကလစ်လုပ်ရုံလေးပဲ။ လုပ်ပြီးရင် ဓာတ်ပုံပေါ်ကို Right Click လုပ်ပြီး Save လုပ်လိုက်ရုံပဲ။ ကဲ သတင်းစာ စောင်ရေ များစွာ ထုတ်နိုင် ဂျာနယ်လစ်များ ဖြစ်ကြပါစေ။


မောင်စေတနာ

27.5.08

ဘယ်ဂီတကို တီးချင်လဲ

ကျွန်တော် ဂီတကို မြတ်နိုးပါတယ်။ ဂီတကို မြတ်နိုးပေမယ့် ဂီတနဲ့ ပတ်သက်ပြီး ဘာမှ လုပ်ဆောင်နိုင်တာ မရှိပါဘူး။ သူများ ဆိုတာ၊ တီးတာတွေ ကိုသာ အာသာငမ်းငမ်းနဲ့ နားထောင် ခဲ့ရတာပါ။ ဂီတကို စိတ်ဝင်ခဲ့တဲ့ အတွက် ဂီတနဲ့ ပတ်သက်ပြီး ဂစ်တာနဲ့ ဂီတာ ကို လှမ်းမေးခဲ့ပါတယ်။ ကျေးဇူးတင်ဖို့ ကောင်းပါတယ်။ ကျွန်တော်ဆီကို ချက်ချင်း အကြောင်းပြန် ပါတယ်။

သို့ပေမယ့် သူပေးတဲ့ ဆိုက်တွေက အဆင်မပြေ ဖြစ်ခဲ့ပါတယ်။ ဂစ်တာနဲ့ ဂီတာကို ဆက်လက်ပြီးတော့ အကူအညီ တောင်းခံထားပါတယ်။ ဂီတနဲ့ ပတ်သက်လို့ ရနိုင်မယ့် ဆော့ဝဲလ်များ ရှိရင် ပြောပြပါလို့။ အခု လောလောဆယ်တော့ ကျွန်တော် ရှာဖွေတွေ့ရှိထားတဲ့ ဂီတဆော့ဝဲလ် လေးကိုသာ ဖော်ပြလိုက်ပါတယ်။ ဂစ်တာနဲ့ ဂီတ ဘလော့ဂါက ပေးလာလျှင်လဲ ကျွန်တော် ထပ်မံ၍ ပြောပြပေးပါမယ်။ လောလောဆယ်တော့ ကျွန်တော်ရဲ့ ဆော့ဝဲလ်လေးနဲ့သာ ကျေနပ်နိုင်ကြပါစေ။ ကျွန်တော် ဆော့ဝဲလ်လေးမှာ ပါတာတွေကတော့ စန္ဒယား၊ အော်ဂင်၊ တရုတ်မယ်ဒလင်၊ မယ်ဒလင်၊ ငှက်အော်သံ၊ ဂစ်တာ၊ အလက်ထရစ် ဂစ်တာ စသည်တို့ ပါဝင်ပါတယ်။ ကဲ ပျော်ရွှင်စွာ မိမိ၏ ဂီတသံများကို ဖန်တီးနိုင်ပါပြီး။ ဆော့ဝဲလ်ကို ဒီမှာ Click လုပ်ယူပါ။


မောင်စေတနာ

26.5.08

သစ္စာ

ငါ့စာဖတ်၍ မပြတ်တိုင်စေ၊
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊
တွေ့ငြားပေမှု၊ စာပေကျေးကျွန်၊
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူအပေါ်
ခေါင်းကိုကျော်၍ ငါသော်ဆရာ
မလုပ်ပါတည်း ။ .....။

(တက္ကသိုလ်ဘုန်းနိုင်၏ ကဗျာကို ဖော်ပြပါသည်။)

မောင်စေတနာ

ဖြေဆေး

အတိတ်ဆိုတာ
ဝေးခဲ့ပေမယ့်
ကျန်ခဲ့တဲ့ ဒဏ်ရာ
ခံသာအောင်
ဖြေစရာ ဆေးမရှိတော့
တရေးရေးတွေးလို့
ဖြေးဖြေးချင်းဆွေး။ ... ။

(လောကအလှဝက်ဆိုက်မှ စူးချစ်၏ ကဗျာကို ကူးယူဖော်ပြပါသည်)


မောင်စေတနာ

24.5.08

System ဖိုင်တွေကို ပြန်ပြုပြင်မယ်

သိပ်တော့ မထူးဆန်းလှပါဘူး။ ဒါပေမယ့် လိုရမယ်ရ တင်ပေးလိုက်ပါတယ်။ ဒီဆော့ဝဲလ်လေးကို ဘယ်က ရသလဲ မမှတ်မိတော့ပါဘူး။ မိမိ မသိနိုင်တဲ့ System ထဲက ဖိုင်တွေကို ဒီဆော့ဝဲလ်လေးနဲ့ အင်စတောလုပ်ပြီး ပြင်နိုင်ပါတယ်။ ဆော့ဝဲလ်လေးကို ဒီမှာ ယူပါ။


မောင်စေတနာ

ပီစီကို Checking လုပ်ချင်လား

မိမိ စက်ရဲ့ CPU, Cache, Mainboard, Memory အစရှိတဲ့ စက်ရဲ့ အမျိုးအစားတွေကို Checking လုပ်ချင်တယ် ဆိုရင်တော့ ဒါလေးကို သုံးနိုင်ပါတယ်။ အရွယ်အစားက 1.13 MB ပဲရှိပါတယ်။ ဒါလေးကို အင်စတော လုပ်ထားခြင်း အားဖြင့် မိမိစက်ရဲ့ အမျိုးအစားတွေကို အလွယ်တကူ သိနိုင်မှာ ဖြစ်ပါတယ်။ ဒီဆော့ဝဲလေးကို http://www.sitandread.net က ရရှိတာပါ။ ဆော့ဝဲလေးကို ဒီမှာ Click လုပ်ယူပါ။

မောင်စေတနာ

23.5.08

Gtalk မှာ အမြဲတမ်း Idle ဖြစ်ချင်လား

မိမိက Gtalk မှာ သက်ဆိုင်သူနဲ့သာ ချက်တင်ဝင်ချင်ပြီး မဟုတ်က ဟုတ်က လူများနဲ့ မချက်ချင်ရင် ဒီနည်းလေး သုံးနိုင်ပါတယ်။ Idle ပေါ်နေတော့ ကွန်ပျူတာမှာ လူမရှိဘူး ထင်ပြီး မပြောတော့ဘူးပေါ့။ Busy ထက်တော့ ကောင်းပါတယ်။ ဒီဆော့ဝဲလ်လေးကို ညီလေး ကောင်းကင်ပြာက ပေးတာ ဖြစ်ပါတယ်။ ညီလေး ကောင်းကင်ပြာ ကိုလဲ ဒီဘလော့ကနေ မှတ်တမ်းတင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ နောက်လဲ User များ အတွက် ဆော့ဝဲလ်ကောင်းလေးများ ပေးနိုင်ပါစေ။ အသုံးပြုရန် နည်းလမ်းလေးကတော့ အရင်ဆုံး ဆော့ဝဲလ်လေးကို ဒီမှာ Download လုပ်ယူပါ။ ပြီးရင် install လုပ်လိုက်ပါ။ ပြီးလျှင် မိမိရဲ့ Start ဘားတန်းမှာ ပေါ်နေသော Gtalk လေးပေါ်တွင် Right Click နှိပ်လိုက်ပါ။ ပေါ်လာလျှင် Always Idle ကို ရွေးချယ်လိုက်ပါက မိမိရဲ့ အကောင့်လေးဟာ အမြဲတမ်း Idle ဖြစ်နေမှာပါ။ ကဲ ပျော်ရွှင်နိုင်ကြပါစေ။

မောင်စေတနာ

22.5.08

နှစ်ယောက်မရှိ

တို့နှစ်ဦးအကြား
ချိုမြိန်တေးသွား
ညည်းတွားဖို့
ဝေးများ ဝေးရင်

အကြင်နာအနမ်း
နွမ်းများသွားရင်။

ပျော်ရွှင်ဖွယ် ဇာတ်လမ်း
လွမ်းချင်းတစ်ပုဒ် ဖြစ်ခဲ့ရင်။

ရည်ရွယ်အိပ်မက်
ပျက်ပြယ်ခဲ့ရင်။

နှလုံးသားကွက်လပ်
ဖြည့်စွက်ဖို့ မရည်ရွယ်
ဒီအတိုင်းပဲ ထားတော့မယ်။

(လောကအလှဝက်ဆိုက်မှ စူးချစ်၏ ကဗျာကို ကူးယူဖော်ပြသည်။)

မောင်စေတနာ

21.5.08

ခေါင်းခေါက်မှာနော်

တစ်ခါက ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ မျောက်တစ်ကောင် ရှိတယ်။ အဲဒီမျောက်က တအား ဆော့တယ်ဆိုပဲ။ အရမ်းဆော့တဲ့အတွက် ကျောင်းထိုင်ဘုန်းကြီးက

“ တယ်... ဒီမျောက်နှယ် ဒီလောက်တောင် ဆော့လှချည်းလား ” ဆိုပြီး


မျောက်ကို တွေ့တိုင်း ခေါင်းကို နှစ်ချက် ခေါက်တယ်။ တွေ့တိုင်း နှစ်ချက် ခေါက်တယ်။ ဒီတော့ မျောက်က တွေးတယ် ဒီကျောင်းထိုင် ဘုန်းကြီး တော်တော် ဆိုးပါလားဆိုပြီ။

အဲဒီ ဘုန်းကြီးကျောင်းမှာ ကျောင်းထိုင်ဘုန်းကြီးရယ်၊ တိုက်အုပ်ကိုယ်တော်ရယ်၊ ကိုရင်တွေရယ် ရှိကြတယ်။ မျောက်က ကိုရင်လေးတစ်ပါးနဲ့ သူငယ်ချင်း ဖြစ်နေတယ်။ တော်တော်ကို ရင်းနှီးကြတဲ့ မိတ်ဆွေတွေ ဖြစ်နေတယ်။ ကျောင်းထိုင် ဘုန်းကြီးက မျောက်ကို တွေ့တိုင်း ခေါင်းနှစ်ချက်ခေါက်နေတော့ မျောက်က တွေးတယ်။ တိုက်အုပ်ကိုယ်တော်သာ ကျောင်းထိုင် ဘုန်းကြီးဖြစ်ရင် ငါ့ကို ခေါင်းခေါက်မှာ မဟုတ်ဘူးလို့ တွေးတယ်။

ဒီလိုနဲ့ နှစ်အနည်းငယ် ကြာတော့ ကျောင်းထိုင် ဘုန်းကြီး ပျံလွန်တော် မူလို့ တိုက်အုပ်ကိုယ်တော်က ကျောင်းထိုင် ဖြစ်ပါလေရော။ မျောက်က ပျော်ပြီး ပိုဆော့ပါလေရော။ ဒီမှာ တိုက်အုပ်ကိုယ်တော်က တွေးတယ်။ ဒီမျောက် အရင်ကျောင်းထိုင်တုန်းက ခေါင်းနှစ်ချက်ခေါက်တာတောင် ဆော့တုန်းဆိုတော့ ငါ့ဆိုရင် နည်းနည်း ရင်းနှီးတယ်ဆိုပြီး ပိုဆော့တော့မယ်။ မဖြစ်ဘူး သူခေါင်းကို ငါးချက်လောက် ခေါက်မှ တော်ကာကျမယ် ဆိုပြီး မျောက်ကို တွေ့တိုင်း ခေါင်းကို ငါးချက် ခေါက်ပါလေရော။ မျောက်က စိတ်ညစ်သွားတယ်။ ငါကတော့ တွေးထင်ထားတာ တိုက်အုပ်ကိုယ်တော်ဆိုရင် ငါကို ခေါင်းမခေါက်လောက်ဘူးဆိုပြီး။ သူက အရင်ကျောင်းထိုင်ထက် တောင် ပိုဆိုးနေသေးတယ် ဆိုပြီး ညည်းငြူနေတယ်။ တိုက်အုပ်ကိုယ်တော်ကလဲ ကျောင်းထိုင် ဖြစ်ပြီးကတည်းက မျောက်ကိုတွေ့တိုင်း ခေါင်းကို ငါးချက်ခေါက်တယ်။

ဒီတော့ မျောက်က တွေးပြန်ရော။ သူ့သူငယ်ချင်းဖြစ်တဲ့ ကိုရင်လေးသာ ကျောင်းထိုင်ဖြစ်ရင် ကောင်းမှာပဲ။ ကိုရင်လေးသာ သူ့ကို ဆူပူခေါင်းခေါက်မှာ မဟုတ်ဘူးဆိုပြီး ကိုရင်လေး ကျောင်းထိုင် ဖြစ်ဖို့ တောင့်တ နေတယ်။

ဒီလိုနဲ့ အချိန်တွေကြာလာတော့ ကိုရင်လေးက ကျောင်းထိုင် ဖြစ်ပါလေရောဗျာ။ ဒီမှာ မျောက်က ပျော်တော့ တာပဲ။ သူ့သူငယ်ချင်း ကိုရင်လေး ကျောင်းထိုင် ဖြစ်တော့ ပျော်တော့တာပေါ့။ အဲဒီမှာ ဆော့ချင်တိုင်း ဆော့တော့ တာပဲလေ။ ဒီမှာ ကိုရင်လေးက စဉ်းစားတယ်။ အင်း ... ဒီမျောက် ငါနဲ့ ရင်းနှီးတယ်ဆိုပြီး သိပ်ကဲနေပါလား။ အရင်ကျောင်းထိုင်တုန်းက ခေါင်းကို ငါးချက်ခေါက်မှာ ငြိမ်တယ်ဆိုတော့ ငါ့အလှည့်ကျရင် ဆယ်ချက်လောက် တော့ ခေါက်မှ တော်ကာကျမယ်။

အဲဒီမှာ ကျောင်းထိုင်က မျောက်ကိုတွေ့တိုင်း ခေါင်းကို ဆယ်ချက် ခေါက်ပါလေရော။ နောက်ဆုံး မျောက်လဲ စိတ်ညစ်ပြီး ထွက်ပြေးရတော့တယ်။

မောင်စေတနာ

18.5.08

အနီးနားက မင်းလေးမြင်အောင် ဖွင့်ပြောဖို့လေ

ကျွန်တော်တို့က အရင်က သူငယ်ချင်းတွေလေ။ အတူသွား၊ အတူစား ငယ်သူငယ်ချင်းတွေ။ ငယ်စဉ်ကတည်းက ပေါင်းလာတဲ့ သံယောဇဉ်က ကျွန်တော်တို့အတွက် ခိုင်မြဲအောင် မချည်ရပဲ ခိုင်မြဲနေတယ်။ တွဲလာတဲ့ အချိန်တွေ ကြာလာတော့ တစ်ဦးပေါ် တစ်ဦး တွယ်တာလာကြတယ်။ မမြင်ရရင် မနေနိုင်အောင် ဖြစ်ခဲ့ကြတယ်။ ကျွန်တော် ချစ်နေတာကို သူသိပါတယ်။ သိအောင်လို့ ဘယ်လိုနည်းလမ်းမှ မသုံးခဲ့ပေမယ့် ကျွန်တော် မျက်ဝန်းကိုတော့ လိမ်လို့မှ မရတာ။ ကျွန်တော်ရဲ့ မျက်ဝန်းမှာ သူ့ကို ချစ်နေတဲ့ ပုံရိပ်တွေကို သူ ကောင်းကောင်း မြင်နေ တယ်လေ။


ဒါပေမယ့် ဖြူစင်တဲ့ သံယောဇဉ် ကနေ အရောင်ပြောင်းဖို့ ခက်ခဲတဲ့အတွက် တစ်ဦးကို တစ်ဦး မြိုသိပ်မှုတွေနဲ့ နေလာခဲ့ကြတယ်။ တစ်ခါတစ်လေကျတော့ ဖွင့်မပြောပဲ ထားတဲ့ စကားတွေက ဖွင့်ပြောတာထက် ပိုပြီး အဓိပ္ပါယ် ရှိတယ်လေ။ သိပ်ချစ်ကြပြီ ဆိုရင် ခွဲရတာပဲ ဆိုတဲ့ စကားအတိုင်း ကျွန်တော်နဲ့ ဝေးရအောင် ကံကြမ္မာက ဖန်တီးခဲ့တယ်။ ကျွန်တော် ပါးစပ်က ချစ်တယ်လို့ သူ့ကို ဖွင့်မပြောလိုက်ရပေမယ့် သူ့ရင်ထဲမှာ ကျွန်တော် ချစ်နေတာ သိသွားတဲ့အတွက်တော့ ကျွန်တော် ကျေနပ်ခဲ့မိတယ်။ အချစ်ဆိုတဲ့ အဓိပ္ပါယ်ကို နည်းမျိုးစုံ အဓိပ္ပါယ် ဖော်နေမိပေမယ့် ကျေနပ်တဲ့ အဖြေ မရခဲ့ဘူး။ လူတိုင်း ပြောနေတဲ့ အချစ်ဆိုတာ ပူလောင်တယ်၊ ပြင်းပြတယ်၊ ရယူခြင်း၊ ပေးဆပ်ခြင်း စသဖြင့်ပေါ့ ပြောကြတာပဲလေ။ ကျွန်တော် ခံစားရတာတော့ အချစ်ဆိုတာ မွန်းကြပ်ခြင်းလို့ ထင်တာပဲလေ။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ချစ်တာကို သူသိပေမယ့် ကျွန်တော် ပါးစပ်က ဖွင့်မပြောရတဲ့အတွက် ရင်ထဲမှာ လေးလံပြီး မွန်းကြပ်နေခဲ့တယ်။ သူလဲ ကျွန်တော့်လိုပဲ ခံစားရမယ် လို့ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော် ဘယ်အချိန် ဖွင့်ပြောလားမလဲဆိုတဲ့ အချိန်ကို မျှော်လင့် စောင့်စားရင်း မွန်းကြပ် နေလိမ့်မယ်လို့ ထင်တယ်။ ပါးစပ်က ပြောမှ တရားဝင်တာလေ။ မပြောမချင်းတော့ ချစ်တယ် ဆိုတာ သက်သေမပြနိုင်ဘူးလေ။ အချစ်စစ်နဲ့ ချစ်မိပြီဆိုရင် ချစ်တယ်ဆိုတဲ့ စကားကို လူတိုင်း ဘယ်လွယ်လွယ် ပြောရဲပါ့မလဲ။ တစ်ဖက်က ပြန်မချစ်ရင် ခံစားရမှာလေ။ ဒါကြောင့် မြိုသိပ်ခံစားမှု တွေ ဖြစ်လာတာပေါ့။ အောက်က စာသားလေးတွေကို လူတိုင်း ကြားဖူးမှာပါ။ ဇော်ပိုင်သီဆို ထားတဲ့ သီချင်းလေးပါ။

နေတာ အချိန်တွေ ကြာလာလေ၊ တွယ်တာ တာတွေကြာလာလေ၊
ရင်မှာ တစ်ဦးပေါ် တစ်ဦးမှာလေ၊ အနီးနားက မင်းလေးမြင်အောင်
ဖွင့်ပြောဖို့လေ နီးစပ်ခဲ့ပါရစေ ခံစားမှုတွေ၊
နေတာ အချိန်တွေ ကြာလေ၊ ရင်ခုန်သံမြန်လေ
အကြင်နာအချစ်တွေ ဖြစ်ပေါ်နေ၊
သိလျက်နဲ့ မင်းလေး ဟန်ဆောင် နေအုံးမလားလေ
နီးစပ်ခွင့်ပေးပါ ငယ်သူငယ်ချင်းရေ၊ မကြာခင် ပြန်ဆုံပါရစေ
တို့ဆုတောင်းရင်းလေ၊ စိတ်ထဲမှာ မှန်းမျှော်ပြန်ပြီးတွေး
ဘယ်သူအကြင်နာဆုံးလဲ အတိတ်ကို လှမ်းကြည့်လှည့်
မြင်နိုင်မယ်ဆို လှမ်းလို့လာခဲ့လေ
ပန်ဆင်ဖို့ ပန်းလေးလို ပွင့်လန်းနေ
မပန်ချင်လဲ နှလုံးသားကို ချွေလိုက်လေ၊
မြေမှာ ပန်းပွင့်လေးတွေ ကြွေကာ လမ်းခင်းပေးနေ
လာမှာလား မင်းအတွက်ဆိုရင်လေ။

အနီးနားက မင်းလေးမြင်အောင် ဖွင့်ပြောဖို့လေ

မောင်စေတနာ

17.5.08

ရည်မှန်းချက်


သင်မမြင်ရသော ပစ်မှတ်ကို သင်ဘယ်လို မှန်အောင် ပစ်မလဲ သိပ်ကို အဓိပ္ပါယ် ရှိတဲ့ စကားလုံးလေးပါ။ ပစ်မှတ်ကို မမြင်ရမှတော့ မှန်အောင် ဘယ်လိုပစ်တော့ မှာလဲ။ ပစ်ရင်ရော ထိမှာလား။ လွဲပြီးပေါ့ ပစ်မှတ်မှ မမြင်ရတာ။ ဟုတ်ဘူးလား။ အဲဒီလိုပဲ မိမိမှာ ဖြစ်ချင်တဲ့ ဆန္ဒတစ်ခု သို့တည်းမဟုတ် ဖြစ်နိုင်တဲ့ ဆန္ဒတစ်ခု .... အဲ .. ဒါတွေ တစ်ခုမှ မရှိရင် ဖြစ်ချင်တာလဲ မရှိသလို၊ ဖြစ်နိုင်တာလဲ ရှိလာမှာ မဟုတ်ဘူးလေ။ တစ်နည်း ပြောရရင် ရည်မှန်းချက် ပန်းတိုင်ပေါ့ဗျာ

မိမိအိမ်က ထွက်လာတယ်။ ထွက်သာ လာရတယ် ဘယ်သွားရမှန်း မသိဘူး ဖြစ်နေတယ်။ ဘယ်သွားရမှန်း မသိတော့ ခြေဦးတည့်ရာ သွားနေတာပေါ့။ လိုရင်းကို မရောက်နိုင်ဘူး ဖြစ်နေတယ်။ လိုရင်းမှ မရှိတာ။ အိမ်က ထွက်တယ်ဆိုထဲက ငါ ကျောင်းကိုသွားမယ်၊ ရုံးကို သွားမယ်၊ ဈေးကို သွားမယ်၊ စတိုးဆိုင်ကို သွားမယ်၊ ဘဏ်ကို သွားမယ် ... စသဖြင့်ပေါ့။ ကိုယ်သွားချင်တဲ့ နေရာကို အရင်သိရမယ်။ သိမှ သွားလို့ရမယ်။ သိတဲ့အတိုင်း သွားရင် ရောက်မယ်။ ရုံးကို သွားရမယ်လို့ သိတဲ့အတွက် အိမ်က စထွက်ကတည်းက ရုံးကိုပဲ သွားမှာ ဖြစ်တယ်။ ရုံးကို ရောက်ဖို့အတွက် ကားစီးပြီး သွားရင် သွားမယ်၊ နီးရင် လမ်းလျှောက်သွားမယ်။ ဘယ်လိုပဲ သွားသွား ရုံးကိုတော့ ရောက်အောင် သွားမှာပဲ။ ရုံးကို ရောက်ဖို့အတွက် ကြိုးစားအားထုတ်တော့ ရုံးကို ရောက်မယ်။

ဒီဥပမာတွေလိုပါပဲ။ မိမိဘ၀ တိုးတက်ဖို့၊ အောင်မြင်ဖို့ကို ဘယ်လို ကြိုးစားရမယ်၊ ဘယ်လို ရည်မှန်းချက် ထားရမယ်၊ ဘယ်လို ဦးတည်ချက်ထားရမယ်၊ ဘယ်လမ်းကြောင်းက သွားရမယ် ဆိုတာတွေ မသိဘဲနဲ့ အောင်မြင်ချင်၊ တိုးတက်ချင်လို့ မရနိုင်ပါ။ အရင်ဦးစွာ ပစ်မှတ်ဖြစ်သော ရည်မှန်းချက်၊ ဦးတည်ချက်၊ ကိုယ်လျှောက်မယ့်လမ်း ရှိရမှာ ဖြစ်တယ်။ ရည်မှန်းထားသည့် အတိုင်း ဖြစ်အောင် ကြိုးစားရမယ်။ ဒါမှ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။

မောင်စေတနာ

ဆက်ဖတ်ရန် (သို့) ပြန်ခေါက်ရန်

ကဲ အားလုံး တမ်းတနေတဲ့ အရာလေး လာပါပြီ။ မိမိရဲ့ ဘလော့ဂ်လေးမှာ စာပိုဒ်တစ်ဝက်ပဲ ဖော်ပြီး တစ်ဝက်ကို ခေါက်သိမ်းထားမယ်။ ဖတ်ချင်တဲ့သူက ဆက်ဖတ်ရန်ဆိုတဲ့ စာလေးကို Click လုပ်မယ်။ စာတွေ ကျလာမယ်။ ဟုတ်တယ် မဟုတ်လား။ အဲဒီ လုပ်နည်းလေးလေ။


ကိုရန်အောင် ဘလော့မှာ ညွှန်းထားပါတယ်။ ကျွန်တော်လဲ အဲဒီက ယူတာပါ။ ဒါပေမယ့် မအောင်ခဲ့ဘူး။ အခု ထပ်လုပ်တယ်။ ကိုရန်အောင် နည်းကို ပြန်ယူတယ်။ လိုအပ်ချက်တွေကို ကိုယ့်ဘာသာ ကိုယ်ရှာခဲ့တယ်။ တွေ့တယ်။ အောင်မြင်ခဲ့တယ်။ ဒီတော့ ကျွန်တော် သိလာတဲ့ အချက်အလက်တွေကို ပြန်ပြောမယ်။ ကိုရန်အောင် လုပ်နည်းကို Reference ယူပြီး ပြန်လုပ်ထားတယ်။ ကဲ ဒီမှာ လုပ်နည်းကို Download လုပ်ယူ။ ဟုတ်ပြီနော်။

မောင်စေတနာ

ကဲ ဇော်ဂျီဖောင့်ကို ပြောင်းကြရအောင်လား

Win font မှ Zawgyi-One font ကို ပြောင်းချင်သူတွေ အတွက်ပါ။ အင်တာနက် ချိတ်ဆက်ထားစရာ မလိုပါဘူး။ မိမိရဲ့ စက်မှာ အခုပေးတဲ့ ဆော့ဝဲလ်လေးကို အင်စတော လုပ်ရုံပါပဲ။ သဘောကျနေပြီလား။ ဟဲ ဟဲ။

ဟုတ်ပါတယ်။ အင်တာနက်လိုင်း ရှိစရာ မလိုပါဘူး။ မိမိ Win Font အားလုံးနဲ့ ရိုက်သမျှ အားလုံးကို Zawgyi ပြောင်းလို့ ရပါတယ်။ တစ်ချို့တွေက အိမ်မှာ ကွန်ပျူတာ ရှိတယ်လေ။ ဒါပေမယ့် အင်တာနက် မရှိကြဘူး။ အဲဒီလူတွေ အတွက်ရော၊ တစ်ခြားဖောင့်နဲ့ ရိုက်ပြီး ဇော်ဂျီဖောင့်ပြင်ပြီးမှ ဘလော့ဂ်တင်ချင်သူတွေအတွက်ပါ အဆင်ပြေမှာပါ။ ကဲ ဆော့ဝဲလ်လေးကို Click လုပ်ပြီး ယူလိုက်နော်။


မောင်စေတနာ

12.5.08

http://www.download-free-games.com/

ပင်ပန်းလိုက်တာဗျာ။ website ကောင်း တစ်ခုတစ်ခု ရဖို့ကို ရှာလိုက်ရတာ။ website တွေကတော့ သန်းနဲ့ ချီပဲ။ ဒါပေမယ့် အဲဒီဝက်ဆိုက်တွေထဲက စာဖတ်သူတို့ အတွက် အသင့်တော်ဆုံးကို ရှာရတာ ခက်တယ်ဗျာ။ free website လို့ ပြောထားပေမယ့်လဲ တစ်ခါ တစ်လေ ကျရင် ဘာမှ download လုပ်လို့ မရဘူး။ ကဲ ဒီတစ်ခါလဲ ပင်ပန်းစွာနဲ့ ရှာဖွေထားတဲ့ ကလေးများ အတွက် Games ၀က်ဆိုက်လေးကို ဖော်ပြ လိုက်ပါတယ်။ ကလေး အတွက်လို့ ပြောပေမယ့် လူကြီးများ ကြိုက်ရင်လဲ ကစားလို့ ရပါတယ်။ Scrabble, Monopoly အစရှိသဖြင့် A ကနေ Z အထိ Games များကို ဖော်ပြ ပေးထားပါတယ်။ ကဲ အပျင်းပြေပေါ့ သွားယူကြရ အောင်လား။

မောင်စေတနာ

10.5.08

http://lotaya.com

သီချင်းများကို စုစည်းဖော်ပြထားတဲ့ ၀က်ဆိုက်လေး ဖြစ်ပါတယ်။ စုံလင်လှတာကြောင့် စာဖတ်သူတို့ သဘောကျ မှာပါ။ ရော့၊ ပေါ့၊ ရပ်၊ ဟစ်ဟော့ စတာတွေလဲ ပါဝင်ပါတယ်။ ကဲ ၀က်ဆိုက်ကို ဒီက သွားနိုင်ပါတယ်။

မောင်စေတနာ

7.5.08

ဖေမေမေတ္တာ ဘယ်သို့နှိုင်းရမည်


သန္ဓေစတည်တာကို သိကတည်းက
ပျော်ရွှင်နေသော အမေ
အမေရဲ့ အပျော်ကို ကူးစေတာက အဖေ
အဖေပျော်နေတော့ အမေ ပိုပျော်တာပေါ့။

အစားအသောက် ရှောင်စားခဲ့တဲ့ အမေ
အနေအထိုင် ပြောင်းလဲခဲ့တဲ့ အမေ
အကောင်အထည် မပေါ်သေးခင်ကတည်းက
မေတ္တာပြည့်ဝခဲ့တဲ့ အမေ။

အမေကို အားဖြစ်စေခဲ့သော အဖေ
ဂရုစိုက်ရာမှာ သူမတူခဲ့သော အဖေ
အမေရဲ့ အပါးမှာ အမြဲနေပေးခဲ့သော အဖေ
လိုအပ်ချိန်တိုင်း ရှိနေခဲ့သော အဖေ။

ကိုးလလုံး လွယ်ခဲ့ရသော်လည်း ပင်ပန်းသည်ဟု မထင်ခဲ့သော အမေ
မိမိ စိတ်ကြိုက်မနေခဲ့သော အမေ
သန္ဓေသားအပေါ်သာ ဂရုစိုက်ခဲ့သော အမေ
မွေးဖွားရာမှာ အားအပြည့်သုံးခဲ့သော အမေ။

အင်္ဂုလိမာလသုတ်ကို သက်စေ့ကျော်အောင် ရွတ်ခဲ့သော အဖေ
မွေးဖွားခန်းရှေ့မှာ ပျာယာခတ်ခဲ့သော အဖေ
အမေအော်သံကြားရင် ရင်ထဲထိအောင် ခံစားခဲ့သော အဖေ
ကလေးအော်သံကြား၍ ထခုန်မြူးတူခဲ့သော အဖေ။

မွေးလာတော့ ပီတိဖြစ်နေတဲ့ အမေ
လက်က မချချင်အောင် ချစ်လိုက်တဲ့ အဖေ
နို့ချိုက မပြတ်တိုက်ကျွေးခဲ့သော အမေ
မှတ်၊ ခြင်၊ ယင်တွေ အနားမသီအောင် မောင်းထုတ်ခဲ့သော အဖေ။

ထမင်းကို စိတ်ရှည်စွာဖြင့် ၀ါးကျွေးခဲ့သော အမေ
ကလေးအားဆေးမျိုးစုံ ၀ယ်လာခဲ့သော အဖေ
ညသန်းခေါင် အိပ်ရေးပျက်ခဲ့သော အမေနဲ့ အဖေ
ကျင်ငယ်များကို မရွှံ့မရှာ သုတ်သင်ခဲ့သော အမေနဲ့ အဖေ။

မေ ဖေ ခေါ်တတ်အောင် သင်ပေးခဲ့သော အမေ
ဖေဟု ခေါ်လျှင် ပျော်ရွှင်ခဲ့သော အဖေ
အိပ်ချိန်နည်းခဲ့သော အမေ
အလုပ်ပင်ပန်းသော်လည်း ထိန်းကျောင်းခဲ့သော အဖေ။

(အမေနဲ့ အဖေအား တမ်းတလွမ်းဆွတ်စွာဖြင့် ရေးဖွဲ့ဖော်ကျူးပါသည်)

မောင်စေတနာ

သင်္ခါရ

ရွှေနှင်းဆီ
မြညှာချီလျက်
ဆူးသီရံကာ
ဖူးပွင့်ရှာလည်း
သင်္ခါလက်တွင်း ... မလွတ်ကင်း။ ။
ငွေနှင်းရီ
လီလီသက်ဆင်း
ဖြူညက်ဝင်းလည်း
နေမင်းလာလျှင်
သင်္ခါလက်တွင်း ..... မလွတ်ကင်း။ ။
ကေ၀င်းသီ
ဆင်းကြည်ထယ်ဝါ၊ လှရှုပါလည်း
မာနသီခေါင်၊ မိုးသို့ ဆောင်လည်း
ငွေရောင်ဆီးနှင်း၊ ဖြူဖြူဝင်းနှင့်
ကြူသင်းတလီ၊ သဲချင်းနီသည့်
နှင်းဆီပွင့်လွှာ၊ ပုံပမာသို့
သင်္ခါလက်တွင်း ..... မလွတ်ကင်း။ ။

(စာအုပ်တစ်အုပ်မှ ကူးယူပါသည်။ အမည်မမှတ်မိတော့)

မောင်စေတနာ

5.5.08

နာဂစ်ကတော့ နှာကစ်သွားပြီ

နာဂစ်အမည်ရှိ ဆိုင်ကလုန်းမုန်တိုင်းဟာ ၂-၅-၂၀၀၈ ရက်နေ့ကစပြီး ဟိုင်းကြီးကျွန်း ကနေ မြန်မာနိုင်ငံကို ၀င်ရောက် ခဲ့ပါတယ်။ ဟိုင်းကြီးကျွန်းမှာ အိုးမဲ့အိမ်မဲ့ တော်တော် များခဲ့ပါတယ်။ အဲဒီကနေပြီး ဧရာဝတီတိုင်း အတွင်းသို့ ၀င်ရောက် တိုက်ခတ်ခဲ့ တယ်လို့ သိရပါတယ်။ ဖျာပုံ၊ လပွတ္တာ၊ ဒေးဒရဲ၊ မော်လမြိုင်ကျွန်းနဲ့ ကျိုက်လတ်မြို့ များကို တိုက်ခတ်ခဲ့ပါတယ်။ အသေ အပျောက်ကိုတော့ မသိရသေးပါဘူး။

အဲဒီကနေ တစ်ဆင့် ရန်ကုန်ကို တိုက်ခတ် ခဲ့ပါတယ်။ ရန်ကုန်မြို့ရှိ ဆူးလေး လမ်းမကြီးပေါ်မှာ သစ်ပင်များ လဲပြိုခြင်း၊ ပြည်လမ်း၊ ဦးဝိဇာရ အ၀ိုင်း၊ ဟံသာဝတီ အ၀ိုင်း ပတ်ဝန်းကျင်ရှိ သစ်ပင်ကြီးများ လမ်းပေါ် ပြိုကျခဲ့ ပါတယ်။ ကြည့်မြင်တိုင် မှာလဲ အလားတူပဲ ဖြစ်ပါတယ်။ အင်းစိန်နဲ့ ဒဂုံမြောက်ပိုင်း မှာလဲ သစ်ပင်များ အိမ်ခေါင်မိုးများ လေထဲ လွှင့်ပါခြင်း များဖြစ်ပေါ် ခဲ့ပါတယ်။

တပ်မတော်သားများနဲ့ ရဲများဟာ လမ်းပိတ်ဆို့နေသော သစ်ပင်ကြီးများကို ခုတ်ထွင်း ရှင်းလင်းနေ ကြပါတယ်။ စည်ပင် ၀န်ထမ်းများနဲ့ NGO အဖွဲ့အစည်း တော်တော်များလဲ တက်ညီ လက်ညီ ဆောင်ရွက် နေတာ မြင်တွေ့ ရပါတယ်။ ဒါကြောင့် အချိန်နေ့ တစ်ဝက် အတွင်းမှာပဲ ကားလမ်းများမှာ ပိတ်ဆို့နေတဲ့ သစ်ပင်ပေါင်း(၃၀၀) ကျော်နဲ့ ဓါတ်တိုင်များ ရှင်းလင်းသွားလို့ ပြည်သူများနဲ့ လိုင်းကားများ၊ ရထားများ ပုံမှန်အတိုင်း သွားလာ နေကြပါပြီ။

နိုင်ငံတော် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် ကိုယ်တိုင် ကြီးကြပ် ဆောင်ရွက် နေတာ မြင်တွေ့ ရပါတယ်။ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း တောင်ပိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ် တို့ကို သဘာဝဘေး ဒဏ်ကျ ခံရသော ဒေသများအဖြစ် ကြေညာချက် ထုတ်ပြန်သည်ကိုလဲ တွေ့ရပါတယ်။ လေဘေးဒုက္ခ ရောက်နေသော ဒေသများမှာ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ် ဆောင်ရွက် နေတယ်လို့လဲ သိရပါတယ်။ ထိုဒေသ များကိုလဲ တပ်မတော်အရာရှိများ ကိုယ်တိုင် သွားရောက်ပြီး ထောက်ပံ့ရိက္ခာ များနဲ့အတူ သွားရောက် ကြည့်ရှုနေ တယ်လို့လဲ သိရှိရ ပါတယ်။

အခုဆိုရင် တီဗွီလိုင်းများ၊ အင်တာနက် လိုင်းများ ပြန်လည် ရရှိနေပါပြီ။ နောက်ထပ် မုန်တိုင်း တိုက်ခတ်နိုင်စရာ အကြောင်း မရှိတော့ကြောင်း ရုပ်မြင် သံကြားများမှာ ကြေညာတာကို တွေ့ရ ပါတယ်။ နာဂစ်ဆိုင် ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို အကြီးအကျယ် ပျက်စီးအောင် မပြုလုပ်နိုင်ပဲ နာကစ်ပြီး ထိုင်းနိုင်ငံ ဘက်ကို ထွက်သွားရပါပြီ ဆိုတဲ့ အကြောင်း မြန်မာ နိုင်ငံသားတို့ သိရှိစေရန် ရေးသားလိုက် ရပါတယ်။

1.5.08

သာဓုခေါ်မိပါတယ်

http://www.paramis.org/
သိပ်ကို ကောင်းလွန်းလှပါတယ်။ ဒီ ၀က်ဆိုက်လ်ကို ကြည့်ရင်နဲ့ကို ၀က်ဆိုက်ပြုလုပ်သူကို ကျေးဇူးတင် နေမိပါတယ်။ သာဓုလည်း ခေါ်ပါတယ်။ ဒီ ၀က်ဆိုက်မှာ ဓမ္မစာအုပ်များ၊ ဓမ္မခွေများ၊ ဓမ္မမှတ်စုများ၊ ဓမ္မဗီစီဒီများ၊ ဝေမျှရန် ဓမ္မများ၊ ဓမ္မသတင်း၊ ဓမ္မအင်တာနက် စသဖြင့် ပြည့်စုံစွာ ဖော်ပြထားပါတယ်။ ယနေ့ လူကြီး လူငယ် မဆို မိမိတို့ ကိုးကွယ်သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ပြည့်စုံစွာ သိသင့်ပါတယ်။ မိရိုးဖလာ ကိုးကွယ်မှုမှ နှစ်ခြိုက် ကြည်ညိုစွာ ကိုးကွယ်ရန် လိုအပ်ပါပြီ။ အလှူတကာ အလှူထဲမှာ ဓမ္မအလှူ (တရားအလှူ) ဟာ အမြတ်ဆုံးပါ။ တရားများကို ဖြန့်ဝေခြင်း ဟာလဲ တရားအလှူ ပါပဲ။ ကျွန်တော် ကိုယ်တိုင် ဘာသာရေး ၀က်ဆိုက်ကို မတည်ဆောက် နိုင်ပေမယ့် ဘာသာရေးနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်များ၊ ဘလော့များကို ရှာဖွေပြီး ဓမ္မဒါန ပြုလုပ်ရပါတယ်။ ဒုက္ခအားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏

မောင်စေတနာ

28.4.08

http://www.luungediary.com/

မြန်မာ ဗီဒီယိုများ၊ မြန်မာ ဗီစီဒီများ၊ မြန်မာ ၀တ္တုစာအုပ်များ၊ မြန်မာ့မီဒီယာများဖြင့် ဖွဲ့စည်း တည်ဆောက် ထားတဲ့ ၀က်ဆိုက် တစ်ခု ဖြစ်ပါတယ်။ ဗီဒီယိုကား များကလဲ ကောင်းမွန်လှ ပါတယ်။ အလားတူ ဗီစီဒီ သီချင်းများ ကလည်း ကောင်းပါတယ်။ အဲ ... စာအုပ်တွေကလဲ ကောင်းပါတယ်။ တာရာမင်းဝေဆိုရင် ကောင်းတယ် မဟုတ်လား ... အဲဒီ စာအုပ် တွေရှိတယ်။ စာအုပ်တွေက download ပေးထားတယ်။ ကဲ နောက်ကျနေအုံးမယ် သွားယူကြစို့။

မောင်စေတနာ

http://www.sportinglife.com

အားကစားကို နေ့မအိပ်၊ ညမအိပ် ကြည့်ရှုကြသော ဘောလုံး ၀ါသနာ အိုးများ အတွက်ပါ။ ဒီ website မှာ up to date ဖြစ်တဲ့ ဘောလုံး၊ ဂေါက်သီး၊ ကားပြိုင်ပွဲ၊ လက်ဝှေ့ အစရှိတဲ့ အားကစားနည်း မျိုးစုံတို့ရဲ့ ပွဲစဉ်များ၊ အနိုင်အရှုံး ရလဒ်များ၊ သတင်းများနှင့် ဓါတ်ပုံများကို ပြည့်ပြည့် စုံစုံ ဖော်ပြပေး ထားပါတယ်။ homepage ရဲ့ Sport Menu အကွက်လေး ထဲကနေ အားကစားနည်း အမျိုးမျိုးကို ကြည့်လို့ ရပါတယ်။ ဥပမာ Premier League ရဲ့ သတင်း များကို သိချင်တယ် ဆိုပါဆို့ Football ကို click နှိပ်ပြီး ရွေးချယ်ရုံပါ။
ကဲ ဆက်ပြီး လျှာရှည်လိုက် အုံးမယ်နော်။ Premier league မှာ click တစ်ချက်နှိပ် ဖွင့်လိုက်တာနဲ့ ပြီးခဲ့သော ပွဲစဉ်များရဲ့ အနိုင်အရှုံး ရလဒ်များ အပေါ်မှာ သုံးသပ်ချက် ဆောင်းပါးများကို ဖတ်ရပါ လိမ့်မယ်။ Sunday Preview ဆိုတဲ့ ခေါင်းစဉ် အောက်မှာတော့ မကြာမီ ကစားမဲ့ ပွဲစဉ်များမှာ ပါဝင်ကစားမည့် အသင်းများမှ ကစားသမားများ၏ ကြံခိုင်မှု အခြေအနေ၊ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန် စကားစစ်ထိုး နေကြပုံများကို အသာပေး ရေးသားထားသည့် ဆောင်းပါးများကို တွေ့ကြရမှာပါ။ ကဲ အားကစား ၀ါသနာအိုးများ သွားကြည့်ကြ စို့လား။

မောင်စေတနာ

27.4.08

http://www.khayanpyareinmet.com

မြန်မာရုပ်ရှင်များ၊ ဗီဒီယိုသီချင်းများ၊ mp3 သီချင်းများ၊ မီဒီယာလင့်များ၊ Documentaries များကို စုဆောင်း ဖော်ပြ ပေးထား ပါတယ်။ ပြည်ပ ရောက်နေသော မြန်မာ လူမျိုးများ အတွက် အဆင်ပြေ မှာပါ။ မြန်မာ ရုပ်ရှင် ဇာတ်လမ်း များကို ကြည့်ရှုရင် မြန်မာ ပြည်ကို လွမ်းလို့ ရမယ် ထင်ပါတယ်။ မြန်မာ မင်းသမီး၊ မင်းသား တွေနဲ့လဲ အဆက် အသွယ် မပြတ်တော့ဘူးပေါ့။ ကဲ အပန်းဖြေ ကြရအောင်။

မောင်စေတနာ

26.4.08

http://nytimes.com/

သတင်းအချက်အလက်များကို စိတ်ဝင်စားတဲ့ ပုဂ္ဂိုလ်များအတွက်ပါ။ ဟုတ်ပါတယ်။ ယနေ့ခေတ် ကြီးမှာ အသိပညာ ဗဟုသုတ အပြင် ကမ္ဘာကြီးရဲ့ သတင်းများကို မျက်ခြေမပြတ်ဖို့ လိုလာပါပြီ။ အခုဖော်ပြတာက The New York Times သတင်းစာပါ။ သတင်းများကို စုံလင်စွာ ဖော်ပြထား ပါတယ်။ ကဲ စိတ်ဝင်စားတယ်ဆို သွားလေ့လာ ရအောင်။


မောင်စေတနာ

http://gametop.com/

ကဲ မရမက ရှာဖွေထားတဲ့ computer game website တစ်ခု ရလာပါပြီ။ တိုက်လေယာဉ်နဲ့ပဲ တိုက်မလား။ တင့်ကားနဲ့ပဲ တိုက်မလား။ ပြိုင်ကားပဲ မောင်းမလား။ ကွန်တိန်းနာနဲ့ ပြိုင်မလား။ အတုံးလေးတွေ ဆက်မလား။ ဆော့ကစားလို့ ရပါပြီ။ ဒေါင်းလုပ်လုပ်၊ အင်စတောလုပ်ပြီး ကစားရုံပါပဲ။ memory = 256 ရှိရင်ပဲ ဆော့လို့ရပါတယ်။ ကဲ game ကိုမှ ကြိုက်နှစ်သက်လို့ ရှာဖွေနေသူများ ပျော်ရွှင်စွာကစားနိုင်ဖို့ ဒေါင်းလုပ် လုပ်ကြစို့လားဗျာ။

မောင်စေတနာ

27.3.08

http://strangescience.net/



ကမ္ဘာကြီးရဲ့ ဘီစီ ၆၁၀ ကနေ ယနေ့ထိ တွေ့ရှိသမျှ ထူးထူး ဆန်းဆန်းများကို ဖော်ပြ ပေးထား ပါတယ်။ အလွန်စိတ်ဝင်စားဖွယ် ကောင်းတဲ့ ၀က်ဆိုက် တစ်ခု ဖြစ်ပါတယ်။ ထူးထူးဆန်းဆန်း များကို သိချင်သော လူများ၊ ဒါမှမဟုတ် ကမ္ဘာကြီးရဲ့ ဖြစ်စကတည်းက ထူးထူး ဆန်းဆန်းများကို စိတ်ဝင်စားကြသော လူများအတွက် ကျေနပ်စေမယ့် ၀က်ဆိုက်တစ်ခု ဖြစ်မှာပါ။ အားလုံးလဲ သိသင့်ပါတယ်။ ခက်တာက အင်္ဂလိပ်လို ဖော်ပြထားတဲ့ ၀က်ဆိုက် ဖြစ်ပါတယ်။ ကဲ လေ့လာကြ ရအောင်လား။

မောင်စေတနာ

18.3.08

http://www.filerating.com/tag

မိမိရဲ့ စာဖတ်သူများ အကျိုးများစေမယ့် ၀က်ဆိုက်များကို အချိန်တိုင်း ရှာဖွေနေခဲ့ပါတယ်။ အခုလဲ အသုံးဝင်တဲ့ ၀က်ဆိုက်လေး တစ်ခု တွေ့ပါပြီ။ အင်တာနက်ကနေ free software များကို သည်းကြီးမဲကြီး ရှာပြီး download လုပ်ချင်ကြတဲ့ သူများအတွက်ပါ။ ဒီဝက်ဆိုက်က ဆော့ဝဲလ်များကို အလွယ်တကူ download လုပ်လို့ ရပါတယ်။ ဆော့ဝဲလ်အစုံ မရှိပေမယ့် မိမိနဲ့ အသုံးတည့်တာ တွေ့ရင် ကြိုက်ကြမှာပါ။ ကျွန်တော်ဖော်ပြသော ၀က်ဆိုက်များက စာဖတ်သူများ အတွက် အသုံးဝင်မယ်ဆိုရင်ဖြင့် ကျွန်တော် အချိန်များစွာဖြင့် ပင်ပန်းစွာ ရှာဖွေရကျိုး နပ်ပါပြီ။ ကဲ ဆော့ဝဲလ်လေးများကို ဒီက သွားယူကြရအောင်လား။

မောင်စေတနာ

17.3.08

http://www.dhammaweb.net/

သိပ်ကောင်းတဲ့ ၀က်ဆိုက်လေးပါ။ ဓမ္မသမားတွေ အတွက်ပါ။ တရားတော်များကို download လုပ်လို့ ရပါတယ်။ မိုးကုတ်ဆရာတော် ဘုရား၏ နှစ်အတော်ကြာ တရားတော်များကိုပါ ရနိုင်ပါတယ်။ ဖားအောက် ဆရာတော်၊ မင်းကွန်းဆရာတော်၊ စွန်းလွန်းဆရာတော်၊ သာမညဆရာတော်၊ မဟာစည်ဆရာတော် စသဖြင့် ဆရာတော် များစွာရဲ့ တရားတော်များကို download လုပ်ယူနိုင်ပါတယ်။ ကဲ ဘယ်လောက် အကျိုးထူးသလဲ။ အပြင်မှာ ရှာရင် ရချင်မှ ရမယ်။ ဆရာတော် များစွာရဲ့တရားတော်တွေကို အွန်လိုင်းပေါ်မှာ ရတာ အားလုံးအတွက် အဆင်ပြေမှာပါ။ ကဲ ကုသိုလ်လိုချင်၍ ကုသိုလ်ပြုလိုက်ရပါတယ်။ တရားတော်များ နာကြားပြီး နိဗ္ဗာန်ကို ရှေးရှုစို့လားဗျာ။

မောင်စေတနာ

16.3.08

ဟား ဟား ဟီး ဟီး

ရယ်သောသူသည် အသက်ရှည်၏ လို့ ဖတ်ဖူးတာပဲ။ ဟုတ်လားမဟုတ်လား ရယ်ပြီး အသက်ရှည်နေတဲ့ လူတွေရှိရင် မေးကြည့်ပေါ့။ ဟီး.....ဟီး...။ အောက်က ကာတွန်းတွေ ဖတ်ပြီး မရယ်နဲ့နော်.........။ ရယ်နေရင် အသက်ရှည်နေအုံးမယ်။















mp3 ပြောင်းချင်တဲ့ သူတွေအတွက်

ကဲ အားလုံးအတွက် လာပါပီ။ ကျွန်တော် mp3 ပြောင်းတဲ့ ဆော့ဝဲလ်တွေကို လပေါင်းတော်တော် ရှာဖွေခဲ့ရ ပါတယ်။ အခုရလာတာကတော့ ကျွန်တော်ရဲ့ မိတ်ဆွေကြီး ကိုရဲမြင့် ပေးပို့လိုက်တဲ့ mp3 maker ပါ။ ဒီဆော့ဝဲလ်ရဲ့ အားနည်းချက်က သီချင်းကို mp3 တစ်ခါပြောင်းရင် (၃)ပုဒ်ပဲ ပြောင်းလို့ရပါတယ်။ အဲဒီ (၃)ပုဒ်ပြီးတဲ့ အခါကျမှ နောက်ထပ် (၃)ပုဒ်ကို select လုပ်ပြီး ထပ်ပြောင်း ရတာပါ။ တစ်ခါတည်း (၁၀)ပုဒ်တို့ ၊ (၁၅)ပုဒ်တို့ ပြောင်းလို့ မရပါဘူး။ ဒါလေး တစ်ခုတော့ ခွင့်လွှတ်ပေး စေချင်ပါတယ်။ ကဲ ကျေနပ်ကြ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒီမှာ download လုပ်ယူနိုင်ပါတယ်။

မောင်စေတနာ

12.3.08

http://what-buddha-taught.net/

ကျွန်တော်ရဲ့ Cbox မှာ ကိုပီတာကျော် လာရောက် ဖော်ပြပေးသွားတာပါ။ ကိုပီတာကျော်က ညွှန်ပါတယ်။ မဖြစ်မနေ ဖတ်ဖြစ်အောင် ဖတ်ပါလို့ ပြောသွားပါတယ်။ ဟုတ်ကဲ့ .....ကျွန်တော်လဲ သွားရောက် လေ့လာ ဖြစ်ပါတယ်။ ဘာသာရေး အင်္ဂလိပ်စာအုပ်တွေပါ။ မြန်မာလို့ စာအုပ်တော့ မရှိပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုပီတာကျော်ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ လေ့လာနေပါတယ်။ နောက်လဲ လာရောက် ပေးပို့နိုင်ပါတယ်။ ကျွန်တော်ရဲ့ ဘလော့ဂ်မှာ ဖော်ပြပေးသွားမှာပါ။ ကဲ ကိုပီတာကျော် ညွှန်းတဲ့ ၀က်ဆိုက်ကို သွားလေ့လာ ကြရအောင်လား။

မောင်စေတနာ