1.5.08

သာဓုခေါ်မိပါတယ်

http://www.paramis.org/
သိပ်ကို ကောင်းလွန်းလှပါတယ်။ ဒီ ၀က်ဆိုက်လ်ကို ကြည့်ရင်နဲ့ကို ၀က်ဆိုက်ပြုလုပ်သူကို ကျေးဇူးတင် နေမိပါတယ်။ သာဓုလည်း ခေါ်ပါတယ်။ ဒီ ၀က်ဆိုက်မှာ ဓမ္မစာအုပ်များ၊ ဓမ္မခွေများ၊ ဓမ္မမှတ်စုများ၊ ဓမ္မဗီစီဒီများ၊ ဝေမျှရန် ဓမ္မများ၊ ဓမ္မသတင်း၊ ဓမ္မအင်တာနက် စသဖြင့် ပြည့်စုံစွာ ဖော်ပြထားပါတယ်။ ယနေ့ လူကြီး လူငယ် မဆို မိမိတို့ ကိုးကွယ်သည့် ထေရ၀ါဒ ဗုဒ္ဓဘာသာကို ပြည့်စုံစွာ သိသင့်ပါတယ်။ မိရိုးဖလာ ကိုးကွယ်မှုမှ နှစ်ခြိုက် ကြည်ညိုစွာ ကိုးကွယ်ရန် လိုအပ်ပါပြီ။ အလှူတကာ အလှူထဲမှာ ဓမ္မအလှူ (တရားအလှူ) ဟာ အမြတ်ဆုံးပါ။ တရားများကို ဖြန့်ဝေခြင်း ဟာလဲ တရားအလှူ ပါပဲ။ ကျွန်တော် ကိုယ်တိုင် ဘာသာရေး ၀က်ဆိုက်ကို မတည်ဆောက် နိုင်ပေမယ့် ဘာသာရေးနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်များ၊ ဘလော့များကို ရှာဖွေပြီး ဓမ္မဒါန ပြုလုပ်ရပါတယ်။ ဒုက္ခအားလုံးကို တဏှာကုန်ခြင်းက အောင်နိုင်၏

မောင်စေတနာ