Showing posts with label website မ်ား. Show all posts
Showing posts with label website မ်ား. Show all posts

24.2.17

Myanmar TV Channel

ပြည်ပရောက် မြန်မာတွေအတွက် မြန်မာနိုင်ငံမှာ ထုတ်လွှင့်နေတဲ့ နာမည်ကြီး Channel အားလုံးကို စုစည်းပေးထားတဲ့ Website တစ်ခုကို ဖော်ပြပေးလိုက်ပါတယ် . . . .  သိပြီးသူများအတွက် မဟုတ်ပါ . . . 


 



ခင်မင်စွာဖြင့်

မောင်စေတနာ

5.9.10

Laptop Driver


Laptop Driver တွေ အတွက် www.laptop-driver.net က တော်တော်စုံလင်တယ် ဆိုရမယ်။ လိုချင်တာကို ဒေါင်းယူရင်လဲ လွယ်ကူတယ်။ အမျိုးအစားမျိုးစုံကို ဖော်ပြပေးထားပြီး Acer, ASUS, Compaq, Dell, HP, IBM နဲ့ အခြားအရာတွေလဲ ရနိုင်ပါတယ်။ မိမိက လက်တော့ပိုင် မရှိတော့ တိတိကျကျ မစမ်းသပ်ရသေးဘူး။ လိုအပ်ရင် သွားရောက်လေ့လာနိုင်ပါတယ်။

မောင်စေတနာ

4.9.10

English Font


ဒီဆိုဒ်မှာ www.dafont.com ဒီဇိုင်းမျိုးစုံနဲ့ အင်္ဂလိပ်ဖောင့်မျိုးစုံကို မြင်တွေ့ရတယ်။ တစ်ချိန်ချိန် အသုံးဝင်နိုင်တာမို့ ဒေါင်းယူထားတယ်။ မိမိတို့ အမြဲသုံးနေတာတွေက Webdings, Wingdings စသဖြင့် ဖြစ်တယ်။ U4 လည်း သုံးကြတယ်။ အခု လိုရမယ်ရ ပြောင်းသုံးမယ်ဆို ရှိသင့်တယ်လေ။ ဘာဖြစ်ဖြစ် ဒေါင်းထားလိုက်တယ်။ ပေးတာကလဲ Free။ လိုအပ်ရင် အဲဒီဆိုဒ်မှာ သွားယူနိုင်ပါတယ်။

မောင်စေတနာ

26.8.10

Google is Good !

Google ရဲ့ အခမဲ့ ၀န်ဆောင်မှုတွေကတော့ မကုန်နိုင် မခမ်းနိုင်ပါပဲ။ သုံးစွဲသူတိုင်းရဲ့ လိုအင်တွေကိုပဲ ဖြည့်ဆည်း ပေးနေတယ်လို့ ဆိုရပါမယ်။ Google Bookmarks နဲ့ Google Notebook ဟာလဲ Google က အခမဲ့ ၀န်ဆောင်မှုပေးတဲ့ အရာတွေပါပဲ။


Bookmarks ဆိုတာ မိမိတို့ သုံးနေတဲ့ Browser တွေဖြစ်တဲ့ IE, Mozilla, Chrome စတာတွေမှာပဲ သုံးလို့ရတဲ့ အရာတွေပါ။ အခု Google က Online မှာပါ သုံးလို့ရအောင် လုပ်ဆောင်ပေးခဲ့ပါပြီ။ ကြာတော့ ကြာပါပြီ။ Google User တိုင်း သွားလေရာ၊ ရောက်လေရာမှာ မိမိတို့ ကြည့်ချင်တဲ့ လင့်တွေကို စာအုပ်၊ ကွန်ပျူတာထဲ မှတ်သားထားစရာ မလိုပဲ Online မှာ မှတ်သားနိုင်အောင် လုပ်ဆောင်ပေးထားတာပါ။ ဒါ့အပြင် မိမိတို့ Bookmarks နဲ့ Notebook မှာ မှတ်သားထားသမျှကို Public လုပ်လိုက လုပ်ဆောင်နိုင်ပါတယ်။ သုံးကြည့်ရင် ကြိုက်မှာပါ။

Google က Document, Code နဲ့ Site တွေလဲ လုပ်ဆောင်ပေးခဲ့တဲ့အတွက် User တိုင်း စိတ်ချမ်းမြေ့စရာ ဖြစ်ခဲ့ရပါတယ်။ ဖြည့်ဆည်းမှုတိုင်းဟာ User တိုင်းရဲ့ လိုအပ်ချက်တွေ ဖြစ်နေပါတယ်။ Google နဲ့ အသုံးတည့် နိုင်ကြပါစေ။


မောင်စေတနာ

18.7.10

Google Shortcuts

Firefox က ပေးတဲ့ add-on တွေထဲမှာ အသုံးဝင်တာတွေ များလှပါတယ်။ မိမိကိုယ်တိုင်လဲ သုံးဖူးတာတွေ များပါတယ်။ အဲဒီထဲကနေ add-on တစ်ခုကို ဖော်ပြလိုက်ပါတယ်။ Google Shortcuts အမည်ရပါတယ်။ Google နဲ့ ပတ်သက်ပြီး အလွယ်တကူ ဖွင့်လို့ရတဲ့ add-ons တစ်ခုပါပဲ။ Click တစ်ချက်ပေးရုံနဲ့ ဖွင့်နိုင်ပါတယ်။



များပြားလှတဲ့ Shortcuts တွေ ပါဝင်ပါတယ်။ လူအများစု သုံးစွဲတာကတော့ Mail, Reader, Web Search, Document, Sites, Blogger, Blogsearch စတာတွေ ဖြစ်ပါတယ်။ အဲဒါတွေကိုပဲ ရွေးပြီး ဖွင့်ရင်လဲ ရပါတယ်။ မိမိနှစ်သက်ရာတွေကို အလွယ်တကူ ဖွင့်နိုင်ပါတယ်။ သုံးကြည့်ရင်းနဲ့ သိနိုင်တာမို့ ရှည်ဝေးစွာ မပြောလိုပါ။ Download ကို ဒီမှာ သွားယူနိုင်ပါတယ်။


မောင်စေတနာ

25.6.10

Foxtab for Mozilla

Foxtab က Mozilla Firefox ရဲ့ Add-ons အသစ်လို့ ဆိုရပါမယ်။ မြင်ကွင်းဆန်းပြားမှုတွေနဲ့ အင်တာနက်ကို သုံးစွဲချင်သူများအတွက် စိတ်ကြိုက်တွေ့စရာ ကောင်းပါတယ်။ 3D မြင်ကွင်းတွေအပြင် မြင်ကွင်း(၇)မျိုး လောက်လဲ မြင်တွေ့ရမှာပါ။



သုံးစွဲချင်ရင်တော့ အနိမ့်ဆုံး Mozilla Firefox version 3 အထက်ရှိရမှာ ဖြစ်ပါတယ်။ www.foxtab.com မှာ သွားယူနိုင်ပါတယ်။ Install လုပ်ပြီးရင်တော့ မိမိတို့ရဲ့ Mozilla Firefox address bar ရဲ့ Home bottom ဘေးမှာ ပေါ်နေမှာပါ။

မောင်စေတနာ

18.4.10

မင်း ပညာဒါန

၂၁ ရာစုကနေ စပြီး ပညာဒါနတွေ ခေတ်စားလာပါတယ်။ ကျေနပ်စရာ အားရစရာ ကောင်းလှပါတယ်။ ဘာသာစကား အခမဲ့သင်တန်းတွေ၊ ကွန်ပျူတာ အခမဲ့သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ လုပ်လာတာ ဆိုရင်လဲ တဖြည်းဖြည်း ပိုများလာပါပြီ။ လူငယ်တွေ အနာဂတ်အတွက် ကျေနပ်စရာတွေ များပြားလာပါတယ်။

ယခုလဲ မင်းပညာဒါနကနေ မြန်မာလူငယ်များအတွက် အိုင်တီနည်းပညာ၊ ဘာသာစကားနှင့် အခြား အသိပညာ ဗဟုသုတများကို အခမဲ့ ဖြန့်ဝေ သင်ကြားပို့ချပေးနေပါတယ်။

စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရပ်ကွက်၊ ဗားကရာလမ်း၊ ဥယျာဉ်ကျောင်းတိုက် မင်းကျောင်းဝင်း အတွင်းမှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလဆန်းကတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။


“မင်း ပညာဒါန” သင်တန်းကျောင်းမှာ

  • အခြေခံ ကွန်ပျူတာ သင်တန်း (Basic Computer Training)၊
  • အခြေခံ ၀က်ဘ်ဆိုက် ရေးဆွဲနည်း (Web Design)၊
  • အခြေခံ စာစီစာရိုက် (Basic DTP – Desktop Publishing),
  • Graphic Design,
  • Hardware
  • Networking,
  • English Speaking & Translation,
  • Japanese Language

စသည့် သင်တန်း အသီးသီးကို ၃ လ တစ်ကြိမ်၊ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါတယ်။ သင်တန်းများအားလုံးကို အခမဲ့ သင်ကြားပို့ချ ပေးနေခြင်း ဖြစ်ပါတယ်။ အသေးစိတ်ကို www.minitsg.com မှာ လေ့လာနိုင်ပါတယ်။

မောင်စေတနာ

21.3.10

Buddha FM


အင်တာနက်မှာ Website တော်တော်များများနဲ့ Blog တော်တော် များများဟာ ဗုဒ္ဓဘာသာဝင်များအတွက် အင်မတန်မှ ၀မ်းမြောက်စေမယ့် အစီအစဉ်လေးတွေ ပြုလုပ်ပေးနေတာ အားလုံးအသိပါ။ ယခုလဲ Buddha FM အစီအစဉ်ကိုလဲ လွှင့်ပေးနေပါတယ်။ ဆရာတော်ကြီးများ၏ တရားတော်များ နာကြားနိုင်ပါပြီ။ မိမိတို့ နာချင်တဲ့ တရားကိုလဲ တောင်းဆိုနိုင်ပါတယ်။ ဆိုဒ်ကို ဒီမှာ သွားရောက် လေ့လာနိုင်ပါတယ်။ တရားထူး တရားမြတ်များ နာယူ၍ နိဗ္ဗာန် ရောက်ကြပါစေ။


မောင်စေတနာ

24.1.10

Facebook အကြောင်း တစေ့တစောင်း

ဒီရက်ပိုင်းအတွင်း မအားတာကတော့ အမှန်ပဲ။ ဒီကြားထဲ ခရီးက ထွက်ရအုံးမယ်။ အမှန်အတိုင်းပြောရရင် ဝေးဝေး နီးနီး ဘယ်မှ မသွားချင်ဘူး။ မဖြစ်လို့သာ သွားရမှာ။

ဒီကြားထဲက မိမိဖတ်မှတ်မိတဲ့ Facebook အကြောင်းလေး ဝေမျှချင်နေတာ။ အချိန်ရတုန်း ဖော်ပြပေးလိုက်ပါတယ်။

Facebook ဆိုတာ ဘာလဲ ?

ယနေ့ခေတ်မှာ အင်တာနက်ကနေ တစ်ဆင့် လူမှုဆက်သွယ်ရေးများ ပြုလုပ်နိုင်စေရန် ဖန်တီးထားသော လူမှုဆက်သွယ်ရေး Website တစ်ခု ဖြစ်ပါတယ်။ Facebook ကို ယခုအခါမှာ ကမ္ဘာတစ်ဝန်းအနေနဲ့ သုံးစွဲသူပေါင်း ၁၇၅ မီလီယံကျော် ရှိနေပြီး အများစုမှာ စီးပွားရေးနှင့် လုပ်ငန်းအသင်းအဖွဲ့များအတွက် အသုံးပြုနေကြပါတယ်။

မိတ်ဆွေများနှင့် ဆက်သွယ်နိုင်ခြင်း

သင့်မှာ Facebook Account ရှိရင်တော့ Facebook အသုံးပြုတဲ့ မိတ်ဆွေအားလုံးကို Invite လုပ်လိုက်ပေါ့။ မရှိရင်လဲ www.Facebook.com မှာ Account ဖွင့်လိုက်ပေါ့။ သင့်ရဲ့ ဓါတ်ပုံများ၊ Video များ၊ စိတ်ဝင်စားဖွယ် Website Link များ၊ Message များနှင့် သင်လက်ရှိ ဘာလုပ်နေတယ်၊ ဘာစဉ်းစားနေတယ်၊ မည်ကဲ့သို့ ခံစားနေရတယ်၊ အစရှိတာတွေကို ဖော်ပြပေးနိုင်ပြီး မိတ်ဆွေများထံ email ပို့ခြင်းနှင့် စကားပြောခြင်းကို ပြုလုပ်နိုင်ပါတယ်။

လက်ရှိတော့ မိမိကိုယ်တိုင်လဲ သုံးနေတယ်။ ကြိုက်လဲ ကြိုက်ပါတယ်။ မသုံးစွဲရသေးရင် သုံးဖို့ တိုက်တွန်းပါတယ်။ အခက်အခဲ မရှိ သုံးနိုင်လို့ ဖြစ်ပါတယ်။ ရုပ်ရှင်မင်းသား၊ မင်းသမီးတွေနဲ့ အဆိုတော်တွေလဲ နှစ်ချိုက်စွာ သုံးစွဲနေ ကြပါတယ်။ ပျော်ရွှင်နိုင်ကြပါစေ။


မောင်စေတနာ

4.1.10

Mobile Phone နှင့် ဆက်စပ်၍

ဒီနေ့ ပျင်းပျင်းနဲ့ အွန်လိုင်းကို မွှေနှောင့်လိုက်တာ ဆိုက်ကောင်းလေး တစ်ခုတွေ့တယ်။ မိမိအတွက်ကတော့ အသုံးမ၀င်ပါဘူး။ ဖုန်းမှ မရှိတာ။ ဟီး။ Mobile Phone ရှိတဲ့ သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီလင့်မှာ သွားရောက်လေ့လာနိုင်ပါတယ်။ Phone Themes, Ring tones, Wallpaper, Software တွေ ရှိပါတယ်။ Free ပေးနေတာပါ။ ဖုန်းရှိသူများ အသုံးတည့်စေသော်။


မောင်စေတနာ

16.12.09

Clock for Blog


မိမိတို့ရဲ့ ဘလော့တွေမှာ နာရီလှလှလေးတွေ ထားချင်တယ်ဆိုရင် ယခုဆိုဒ်လေးက ဆောင်ရွက် ပေးပါလိမ့်မယ်။ လိုချင်တဲ့ နာရီမျိုးစုံကို အလကားမတ်တင်း ရယူနိုင်ပါတယ်။ ရှေးဟောင်း နာရီကနေ ယနေ့ ခေတ်ပေါ် နာရီတွေအထိ မျိုးစုံစွာ ရှိပါတယ်။ ဒီလင့်မှာ သွားရောက် လေ့လာနိုင်ပါတယ်။


မောင်စေတနာ

16.10.09

Verbs

English စာက လူတွေ တိုးတက်ဖို့ လမ်းကြောင်းမှာ နံပါတ်တစ်နေရာကို ယူထားပုံရတယ်။ ဒုတိယယက ကွန်ပျူတာတဲ့။ ပြောကြတာပဲလေ။ အဲဒါတွေ မတတ်ရင်ပဲ လူရာ မ၀င်သလိုလို။ လူတွေရဲ့ သတ်မှတ်ချက် တွေကတော့ အမျိုးမျိုးပါပဲ။ စိတ်လေစရာပဲ။

English စာနဲ့ ပတ်သက်တဲ့ Verb နဲ့ ပတ်သက်တဲ့ စာတွေနဲ့ ရုပ်ပုံတွေကို ဟိုတစ်နေ့က တွေ့မိတယ်။ ကြည့်လိုက်တော့လဲ ရိုးရှင်းပြီး မှတ်မိလွယ်တယ်လေ။ ဥပမာ Cry ကို ပြထားတာ


ဒီတော့ ရှင်းပြီး မှတ်မိလွယ်တာပေါ့။ ဆိုးတော့ မဆိုးပါဘူး။ အခြေခံကို လူတိုင်း လက်မလွှတ်သင့်တော့ ဒါတွေ လေ့လာရင်လဲ မမှားနိုင်ဘူးလေ။ ဆိုက်ကတော့ ဒီကနေသာ သွားကြည့်ပေတော့။ ဆရာတွေအတွက်လဲ ကောင်းနိုင်တယ်လေ။ ရုပ်ပုံနဲ့ စာသင်တာ နိုင်ငံတကာရဲ့ သင်္ကေတပဲလေ။

မောင်စေတနာ

1.10.09

မြန်မာတို့အတွက်


ဒီဆိုက်က ပြုလုပ်နေတာ တော်တော်ကြာပြီ။ အခုဆိုရင် တော်တော် ပြည့်စုံနေပါပြီ။ အားလုံး အသုံးဝင်မယ့် ကဏ္ဍကို ဖော်ဆောင်ပေးတာ ကိုပီကေလို့ သိရပါတယ်။ တကယ်ကို ချီးကျူးထိုက်တဲ့ ပုဂ္ဂိုလ်တွေပါ။ လေးစားမိပါတယ်။ အားလုံးအတွက် ဖော်ဆောင်ပေးထားတဲ့ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းကို လိုအပ်ရင် အသုံးပြုနိုင်အောင် ဖော်ပြပေးလိုက်ပါတယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း


မောင်စေတနာ

25.8.09

Gtalk ၏ အသုံးဝင်မှုများ


Gtalk ကနေ မြန်မာပြည်မှ ပြည်ပကို ဖုန်းခေါ်မလား။ ပြည်ပကနေ မြန်မာပြည်ကို ခေါ်မလား။ ဒါမှ မဟုတ် မြန်မာပြည်နဲ့ ပြည်ပ ဖုန်းနှစ်လုံး ချိတ်ဆက်အသုံးပြုမလား။ မြန်မာပြည်ဖုန်းကနေ ပြည်ပဖုန်းကို ခေါ်မလား။

အဲဒီဝန်ဆောင်မှုတွေကို www.bamartalk.com မှာ အသုံးပြုလို့ရပါတယ်။ register လုပ်ပြီး အသုံးပြုရပါမယ်။ အသုံးပြုရမည့် နည်းလမ်းများကိုလဲ အသေးစိတ် ဖော်ပြထားပါတယ်။ မိမိကိုယ်တိုင်တော့ မစမ်းသပ်ဖူးတဲ့အတွက် မသိပါ။ သို့ပေမယ့် သတင်းကောင်းဖြစ်တဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အဆင်ပြေပါစေ။

မောင်စေတနာ

22.7.09

Cbox တောင်းဆိုချက်


အရှင်ပညာဝုမ ဘုရား .... ။ အရှင်ဘုရား တောင်းဆိုထားတဲ့ တိပိဋက ပါဠိတော် နဲ့ ပတ်သက်ပြီး တပည့်တော် သိတဲ့ ဆိုက်မှာ ရမရ တပည့်တော် မသိပါဘူးဘုရား။ အကြောင်းကတော့ တပည့်တော် နားမလည်လို့ပါဘုရား။ တပည့်တော် သိတဲ့ ဆိုက်က စကားဝါမြေ ဆိုက်လေးပါဘုရား။ အဲဒီဆိုက်မှာ တရားတော်ဆိုင်ရာ ဆိုက်တွေလဲ လမ်းညွှန်ထားပါတယ် ဘုရား။ အသုံးတည့်နိုင်ပါစေ။


မောင်စေတနာ

27.6.09

အွန်လိုင်း ဂိမ်း

Online ပေါ် Free Game တွေကို ဆော့ကစားချင်သူများအတွက်ပါ။ ဂိမ်းမျိုးစုံလင်လှပြီး ကွန်နက်ရှင်း နည်းနည်းနဲ့ ဆော့ကစား နိုင်ပါတယ်။ စိတ်ဝင်စားတယ် ဆိုရင်တော့ သွားသာ လေ့လာပေးတော့။ ဆိုက်က www.gamepost.com ။ ပျော်ရွှင်ပါစေ။


မောင်စေတနာ

16.6.09

အင်္ဂလိပ်စကားပြော လေ့လာရအောင်

အင်္ဂလိပ်စာကို မိမိအနေနဲ့ လေ့လာနေတာ ကြာပါပြီ။ ဆရာလွတ်အနေနဲ့ စာအုပ်မျိုးစုံ ၀ယ်ဖတ် လေ့လာခဲ့ပါတယ်။ အင်တာနက် သုံးတတ်လာတော့လဲ နည်းပညာ၊ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ကဏ္ဍတွေကိုပဲ ကြိုးစား ရှာဖွေ လေ့လာခဲ့ပါတယ်။ ဒီနေ့ အင်္ဂလိပ်စာနဲ့ ပတ်သက်တဲ့ ၀က်ဆိုက်တစ်ခုကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်။

ဒီဆိုက်က အင်္ဂလိပ် စကားပြောကို အထူးပြုထားပါတယ်။ အင်္ဂလိပ် စကားပြောကို အခြေခံကနေ အဆင့်မြင့်ထိ လေ့လာလို့ ရပါတယ်။ ပြောရမယ့် စကားကို အသံပါ နားထောင်လို့ ရပါတယ်။ သဘောကျ နှစ်ခြိုက်မိတဲ့အတွက် မိမိလို အင်္ဂလိပ်စာ လေ့လာသူများအတွက် ဖော်ပြပေး လိုက်ပါတယ်။ ဆိုက်အမည်က www.talkenglish.com ဖြစ်ပါတယ်။ အင်္ဂလိပ်စာ တော်စေ၊ တတ်ပါစေ။

မောင်စေတနာ

6.6.09

Google ၏ လျှို့ဝှက်ချက်များ

ခရီးထွက်နေတော့ ဘလော့ကို တစ်လကျော် နှစ်လနီးပါးလောက် လှည့်မကြည့် နိုင်ခဲ့ဘူး။ ခရီးက ပြန်ရောက်တော့လဲ ဘာရေးရမှန်း မသိဘူး ဖြစ်နေတာ။ ဒါနဲ့ အခု လတ်တလော နည်းပညာ စာစောင်တွေ ဖတ်ဖြစ်တော့ အဲဒီမှာ Google နဲ့ ပတ်သက်တဲ့ အရာလေး တစ်ခုသွားတွေ့တယ်။ အဲဒါလေး ဖော်ပြပေး လိုက်ပါတယ်။

Google မှာ ပုံတွေ ရှာတဲ့အခါ မိမိတို့ လိုချင်တဲ့ ပုံကို ပိုမိုရရှိနိုင်ဖို့ သုံးသင့်တဲ့ နည်းလမ်းလေးပါ။ ဥပမာ- ကလေးပုံကို Google မှာ ရှာချင်ရင် baby ဆိုပြီး ရိုက်ရှာကြမှာပါ။ အဲဒီအခါကျရင် ကလေးပုံဟာ မိမိတို့ မလိုချင်တာရော လိုချင်တာတွေပါ များစွာ ပေါ်လာမှာ ဖြစ်ပါတယ်။ ကိုယ်လိုချင်တာက ကလေးပြုံးနေတဲ့ပုံ။ ကျလာတာတွေက မဲ့တာရော၊ ပြုံးတာရော၊ ငိုတာရော အစုံပေါ့။

ကဲ မိမိလိုချင်တဲ့ ပုံတွေ များစွာ ရရှိစေဖို့ http://similar-images.googlelabs.com လင့်ကို ဖွင့်ပါ။



အထက်ပါ ပုံလေးအတိုင်း ပေါ်လာပါလိမ့်မယ်။ ပြီးတော့ မိမိ ရှာချင်တဲ့ image name ကို ရိုက်ထည့်။ ဥပမာ- ရယ်နေသော ကလေးပုံ လိုချင်ရင် laughing baby လို့ ရိုက်။ ပေါ်လာတဲ့ ကလေးပုံထဲက စိတ်ကြိုက်ပုံတွေ့ရင် အဲဒီပုံနဲ့ ဆင်တူတဲ့ ပုံကို ထပ်လိုချင်ရင် ပုံရဲ့အောက်မှာ similar images ဆိုတဲ့ စာတန်းလေး ရှိတယ်။ နှိပ်လိုက်ရုံပါ။ အားလုံး အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ပါတယ်။

မောင်စေတနာ

16.4.09

Game Website


အွန်လိုင်းပေါ်မှာ ဆော့လို့ ကောင်းမယ့် ဂိမ်းဆိုက်လေး တစ်ခုကို ဖော်ပြလိုက်ပါတယ်။ ကစားနည်းများစွာ ပါဝင်တဲ့အတွက် မိမိတို့ ကြိုက်နှစ်သက်ရာကို ပျော်ရွှင်စွာ ကစားနိုင်ပါတယ်။ စိတ်ဝင်စားသူများ ဒီဝက်ဆိုက်မှာ သွားရောက် ကစားနိုင်ပါတယ်။

မောင်စေတနာ

13.4.09

မြန်မာကို တိုက်ရိုက်ပြန်မယ်


အရင်က အင်္ဂလိပ်စာကို မြန်မာလို ဘာသာပြန်တဲ့အခါ အဘိဓာန်တွေ အားကိုးပြီး ပြန်ရပါတယ်။ ယခုတော့ အင်္ဂလိပ်စာပိုဒ် တစ်ခုလုံးကို Copy ယူပြီး Window Myanmar Translator (Beta Version) မှာ Past ချပြီး ဘာသာပြန်ပါ နှိပ်ရုံနဲ့ စာပိုဒ် တစ်ခုလုံးကို မြန်မာလို ပြန်ပေးနေပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်ပြီး ဆော့ဝဲလ်လိုချင်ရင် အဲဒီမှာပဲ ယူပေတော့ဗျို့။ ပြောချင်တာ ကြာပေမယ့် မအားလပ်တာကြောင့် နောက်ကျသွားတယ်။ ကြေငြာလိုက်ပြီနော်။


မောင်စေတနာ