22.5.08

နှစ်ယောက်မရှိ

တို့နှစ်ဦးအကြား
ချိုမြိန်တေးသွား
ညည်းတွားဖို့
ဝေးများ ဝေးရင်

အကြင်နာအနမ်း
နွမ်းများသွားရင်။

ပျော်ရွှင်ဖွယ် ဇာတ်လမ်း
လွမ်းချင်းတစ်ပုဒ် ဖြစ်ခဲ့ရင်။

ရည်ရွယ်အိပ်မက်
ပျက်ပြယ်ခဲ့ရင်။

နှလုံးသားကွက်လပ်
ဖြည့်စွက်ဖို့ မရည်ရွယ်
ဒီအတိုင်းပဲ ထားတော့မယ်။

(လောကအလှဝက်ဆိုက်မှ စူးချစ်၏ ကဗျာကို ကူးယူဖော်ပြသည်။)

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: