7.5.08

သင်္ခါရ

ရွှေနှင်းဆီ
မြညှာချီလျက်
ဆူးသီရံကာ
ဖူးပွင့်ရှာလည်း
သင်္ခါလက်တွင်း ... မလွတ်ကင်း။ ။
ငွေနှင်းရီ
လီလီသက်ဆင်း
ဖြူညက်ဝင်းလည်း
နေမင်းလာလျှင်
သင်္ခါလက်တွင်း ..... မလွတ်ကင်း။ ။
ကေ၀င်းသီ
ဆင်းကြည်ထယ်ဝါ၊ လှရှုပါလည်း
မာနသီခေါင်၊ မိုးသို့ ဆောင်လည်း
ငွေရောင်ဆီးနှင်း၊ ဖြူဖြူဝင်းနှင့်
ကြူသင်းတလီ၊ သဲချင်းနီသည့်
နှင်းဆီပွင့်လွှာ၊ ပုံပမာသို့
သင်္ခါလက်တွင်း ..... မလွတ်ကင်း။ ။

(စာအုပ်တစ်အုပ်မှ ကူးယူပါသည်။ အမည်မမှတ်မိတော့)

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: