Showing posts with label Software မ်ား. Show all posts
Showing posts with label Software မ်ား. Show all posts

9.1.21

Nero Burning 2020

CD/DVD အတွက် Data ကူးကူး၊ Video ကူးကူး  Nero Burning က လွယ်ကူပြီး အထောက်အပံ့ ကောင်းကောင်း ပေးတာ အားလုံးအသိပါ။ အသုံးပြုချင်သူများ အရင်ဆုံး Download ယူပြီး ကွန်ပျူတာထဲမှာ Anti Virus အတွက် ဆော့ဝဲလ်တွေရှိရင် ပိတ်ထားပါ။ ဆော့ဝဲလ်ကို အင်စတောလုပ်ပြီးရင် ချက်ချင်းမဖွင့်ပါနဲ့။ Patch ဖိုင်လေးကို Copy ကူးပြီး C:\Program Files (x86)\Nero\Nero 2020\Nero Burning ROM ထဲ Past ချပါ။ တချို့ကွန်ပျူတာတွေက Program Files ပဲ ဖြစ်တတ်ပါတယ်။  Past လုပ်ပြီးလျှင် ဖိုင်ကို  Right Click လုပ်ပြီး Run as Administrator နဲ့ ဖွင့်ပါ။ 

Download


ခင်မင်စွာဖြင့်

မောင်စေတနာ

7.1.21

Ant Download Manager Pro 1.19.5 Build 74430


ကွန်ပျူတာ သုံးစွဲသူတွေ အင်တာနက်သုံးတဲ့အခါ မရှိမဖြစ်  သုံးရတဲ့ Ant Download Manager ကို ဖော်ပြပေးလိုက်ပါတယ်။ Internet Download Manager လိုပဲ သုံးလို့ကောင်းတဲ့ ဆော့ဝဲလ်လေးပါ။ သုံးချင်တယ်ဆိုရင် အရင်ဆုံး Download ယူပါ။ ပြီးလျှင် အောက်ပါအတိုင်း လုပ်ဆောင်ပါ။

၁။ အရင်ဆုံး Internet နဲ့ Antivirus  တွေ ပိတ်ထားပါ။

၂။  Setup ဖိုင်ကို ဖွင့်ပါ။  "English", then click "OK" လုပ်။ "Next" , ပြီးရင်  "I accept the agreement", ပြီးရင် "Next" အင်စတော ပြီးတဲ့အထိ စောင့်ပါ။

၃။ အင်စတောလုပ်တာ ပြီးပြီးချင်း မဖွင့်ပါနဲ့။ Crack Folder ထဲက ဖိုင်ကို Copy ယူပြီး  "Ant Download Manager" Folder  ကို ရှာပါ။ (ဥပမာ -  C: \ Program Files (x86) \ Ant Download Manager) 

၄။ တွေ့ရင် Past လုပ်ပါ။ Replace / Ovewrite. ပေါ်လာရင် အိုကေလုပ်ပါ။

၅။ ပြီးရင် Internet ပြန်ဖွင့်ပြီး Ant Download Manager ကို ဖွင့် သုံးနိုင်ပါပြီ။


ခင်မင်စွာဖြင့်

မောင်စေတနာ

6.1.21

Facebook Messenger for Windows



 Desktop Computer နဲ့ Laptop Computer တွေမှာ Facebook Messenger ကို သုံးလို့ရပါပြီ။ ဖုန်းမှာ သုံးသလိုပဲ Call နဲ့ V Call တွေလဲ သုံးလို့ရပါတယ်။

ဒီလင့်မှာ ဒေါင်းလုပ်ယူပြီး သုံးနိုင်ပါပြီ။ 

20.1.17

Myanmar Unicode 2



မြန်မာယူနီကုတ်ဖောင့် (Myanmar 2) အတွက် လိုလိုမယ်မယ် ဖော်ပြပေးလိုက်ပါတယ်။ စာရိုက်ဖို့ရော ဖောင့်အတွက်ပါ ထည့်ပေးထားပါတယ်။


ခင်မင်စွာဖြင့်

မောင်စေတနာ

Zawgyi font for Window 8, 8.1 and 10


နောက်ပိုင်း ထွက်ရှိတဲ့ Window 8 , 8.1  and 10 တွေမှာ မြန်မာဖောင့် Auto ပါလာတော့ ဇော်ဂျီသုံးချင်တဲ့လူတွေ အခက်တွေ့ကြရပါတယ်။ အဲဒီအတွက် ဖောင့်(၃)ခုကို ဖော်ပြပေးလိုက်ပါတယ်။ တစ်ခုချင်းစီ ဖွင့်၍ Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။ 


ခင်မင်စွာဖြင့်

မောင်စေတနာ

3.7.15

ကွန်ပျူတာမှာ Zapya သုံးမယ်

ပုံမှန်အားဖြင့်တော့ ဖုန်းတွေနဲ့ ကွန်ပျူတာကို ချိတ်ဆက်တဲ့နေရာမှာ USB Cable တွေနဲ့ ချိတ်ကြတာပေါ့။ ဖုန်းထဲကို Data ထည့်ရင် ဖြစ်ဖြစ် ဖုန်းထဲက Data ကို ကွန်ပျူတာထဲ ထည့်ရင် ဖြစ်ဖြစ် ချိတ်ဆက်တတ်ကြတယ်။ 

ကြိုးနဲ့ မလုပ်ချင်ရင်တော့ ဖုန်းအချင်းချင်း ပို့ကြတဲ့ Zapya ကို သုံးဖို့ တိုက်တွန်းချင်တာပါ။ သုံးဖို့ဆိုရင်တော့ Laptop တွေနဲ့ Wireless ရတဲ့ Desktop တွေမှာ သုံးလို့ရပါတယ်။

သုံးနည်းကတော့ ကွန်ပျူတာက Zapya ကို ဖွင့်ထား။ ဖုန်းက Zapya ကနေ Search and Join ကို နှိပ်ပြီး ရှာမယ်။ ကွန်ပျူတာ နာမည်တွေ့ရင် နှိပ်ပြီး ပို့ချင်တာ ပို့နိုင်ပါပြီ။

Zapya ကို  Download ယူပါ။

မောင်စေတနာ

10.4.15

Huawei G730-U00 ကို Color OS တင်ခြင်း

Huawei G730-U00 ကို Color OS တင်တာ အောင်မြင်သွားပါပြီ။ တင်ချင်သူများအတွက် အပင်ပန်းခံ ရေးသားလိုက်ပါ၏
ဦးစွာ ပထမ ဒေါင်းယူကြပါကုန် . . .


၁။ ဒေါင်းလို့ ပြီးပါက CWM Zip ဖိုင်ကို ဖြေထားပါ . . .

၂။ Flash Tool ကို zip ဖြေပြီး ဖိုဒါထဲမှာ ပါသော flash_tool ဆိုတာကို ဖွင့်ပါ။

၃။ Download Agent အောက်တွင် အကွက်လွတ်ရှိပါတယ်။ Scatter-Loading File ဆိုတဲ့အကွက်အတွက် Scatter-loading ကို နှိပ်လိုက်ပါ။ zip ဖြေထားသော CWM ဖိုဒါထဲမှ Notepad ဖြင့် ရေးထားသော MT6582 ဆိုတာလေး ရွေးပြီး Open လိုက်ပါ။

၎။ အောက်ကွက်တွင် စာတန်းများ တန်းစီကျလာလိမ့်မယ်။ အဲဒီစာတန်းတွေထဲက recovery ဆိုတဲ့အကွက်ကို အမှန်ခြစ်ပေးပြီး Location အကွက်ကို double click လုပ်လိုက်ပါ။ Open File box ကျလာရင် CWM ဖိုဒါထဲက HUAWEI-G730-U00_131128__recovery_140118-103300 ကိုရွေးပြီး open လုပ်ပါ။

၅။ ပြီးပါက Flash Tool တွင်အပေါ်ဆုံးရှိ Download ကိုနှိပ်ပါ။

၆။ ဖုန်းကို ပိတ်လိုက်ပါ။ ပြီးလျှင် ဘထ္ထီရီကို ဖြုတ်ပြီး ဖုန်းနဲ့ ကွန်ပျူတာကို ချိတ်ပါ။ ဘထ္ထရီ ပြန်တပ်ပါ။ flash tool တွင် အလုပ်လုပ်နေလိမ့်မယ် ၁၀၀ ရာခိုင်နှုန်းပြည့်ပြီး အမှန်ခြစ်လေး ပေါ်လာပါက CWM အဆင့်ပြီး၏။

(မှတ်ချက် - ကွန်ပျူတာနှင့် မသိပါက ထိုသို့မဖြစ်နိုင်ပါ။ ဖုန်းနဲ့ ကွန်ပျူတာ ချိတ်တဲ့အချိန် ကွန်ပျူတာတွင် Hisuite ပေါ်ပါက အင်စတောလုပ်ပါ။ )

ဒုတိယအဆင့်
--------------

၁။ SD Card ကို Format ချထားပါ။ ကတ်ထဲကို G730-U00 Color OS ကို zip မဖြေပဲ ထည့်လိုက်ပါ။

၂။ ဖုန်းကို ပိတ်ထားပါ။ Volume + နှင့် power ကို ပူးတွဲနှိပ်ပါ။ CWM ထဲရောက်ပါက Install zip from sdcard ကို ရွေး၍ ပါဝါခလုတ်ကို နှိပ်။ Choose zip from sdcard ကို ထပ်ရွေးနှိပ်။ အစောပိုင်းကော်ပီကူးထည့်ထားသော Color OS ကို တွေ့လိမ့်မယ်။


၃။ color os ကို ရွေးနှိပ်။ Yes ကို ထပ်နှိပ်။ သူ့အလုပ် သူလုပ်နေလိမ့်မယ် ခဏစောင့်ပါ။ complete ဖြစ်ပါက reboot now ကို ရွေးလိုက်ပါ။

၎။ ပြန်တက်လာတဲ့အချိန် Color OS လေးနဲ့တွေ့ရလိမ့်မယ်။

(မှတ်ချက် - မိနစ် ၂၀ နီးပါး စောင့်လို့ Color OS ကမတက် ပါက ဘထ္ထရီ ဖြုတ်ပြီး Volume + နှင့် power ကို နှိပ်၍ CWM ထဲဝင်ကာ Reset ချလိုက်ပါ။ အိုကေလိမ့်မယ်)

မြန်မာဖောင့်သွင်းရန်အတွက် SD Card ထဲကို UPDATE-SuperSU-v1.94 ထည့်ပြီ . . . CWM ထဲကနေ တင်လိုက်ပါ။ root ရပါက MMAIO Font Changer နဲ့ မြန်မာဖောင့်သွင်းပါ။

google app များတွက်လည်း အလားတူလုပ်ပါ။

MIUI တင်ချင်ရင်လဲ ထိုနည်းတူစွာပင်။ CWM တော့ ထပ်လုပ်စရာ မလိုပါ။
လင့်ကတော့ Download 
ခွန် ၀ီလျံ ထွန်း မှ ကူညီပြသပေးသွားခြင်း ဖြစ်ပါတယ်။





26.8.13

Retropatterns Launcher

Launcher ကို ဆန်းဆန်းပြားပြား သုံးချင်သူများအတွက် Retropatterns  Theme GO Launcher လေးကို ဖော်ပြလိုက်ပါတယ်။



လိုချင်သူများ Retropatterns-Theme-GO-Launcher ကို ဒေါင်းယူပါ။

မောင်စေတနာ

22.8.13

Launcher 8

နောက်ထပ် Launcher အလန်းလေးတစ်ခု ဖော်ပြလိုက်ပါတယ်။  Window 8 ပုံစံဖြင့် သုံးချင်သူများအတွက် Launcher 8 ကို သုံးကြည့်ပါ။


Launcher 8 ကို ဒေါင်းယူပါ။

မောင်စေတနာ

20.8.13

Atom Launcher

နောက်ထပ် Launcher အလန်းလေး ဖြစ်တဲ့ Atom-Launcher လေးကို ဖော်ပြလိုက်ပါတယ်။



လိုချင်သူများ Atom-Launcher ကို ဒေါင်းယူပါ။

မောင်စေတနာ

19.8.13

Smart Launcher

တစ်နေ့သ၌ ကျွန်ုပ်သည် ဆိုဒ်တိုင်းတွင် ခေတ်စားနေသည့် ဖုန်းဆော့ဝဲလ်ဖြစ်သော Android ဆော့ဝဲလ်များကို မြင်တွေ့နေရသော်လည်း ကျွန်ုပ်၏ မှတ်စုအလိုငှာ့ ကျွန်ုပ်၏ ဆိုဒ်တွင် ဖော်ပြရပေသည်။ Launcher အလန်းလေးများ လိုချင်သူများအတွက် Smart Launcher ကို ဖော်ပြလိုက်ပါ၏။



လိုချင်သူများ Smart Launcher ကို ဒေါင်းယူပါ။

မောင်စေတနာ

16.8.13

Espier Launcher

i phone အပြင်အဆင်လေးလိုချင်သူများအတွက် Espier Launcher လေး ဖော်ပြပေးလိုက်ပါတယ်။


Espier-Launcher လေး ဒေါင်းယူပါ။

မောင်စေတနာ

15.8.13

Android Launcher

တစ်နေ့သ၌ ကျွန်ုပ်သည် အကြောင်းကြောင်းအမျိုးမျိုးကြောင့် မောင်စေတနာ ဘလော့ကို လှည့်မကြည့်ဖြစ်ရာ စာဖတ်သူများ၏ Comment နှင့် တောင်းဆိုချက်များစွာကို တွေ့ရလေ၏။  သို့သော် ကျွန်ုပ်လည်း မတတ်တာ မသိတာတွေ များနေတော့ ဒီအတိုင်းသာ ထားရလေသည်။

ကျွန်ုပ်၏ မိတ်ဆွေ မောင်စိုင်း  လိုချင်နေသော Smart Phone များတွင် အသုံးပြုရန် Android Apk လေး တစ်ခုကို ဖော်ပြပေးလိုပါ၏။ Android ဖုန်းများတွင် ပါသော Launcher များ မနှစ်သက်လျှင် Launcher အမျိုးမျိုး ပြောင်းသုံးနိုင်သည်။ 


အသွင်သစ်နဲ့ လန်းချင်သူများ Claystone Launcher ကို ဒေါင်းယူပါ။

မောင်စေတနာ

4.2.13

Sony ဖုန်းဖြင့် Internet ချိတ်ခြင်း

Sony Ericsson ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။

အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။



အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။

အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။

အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။

အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။  Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။


မောင်စေတနာ

1.2.13

Window 7 Genuine ပြဿနာ


အင်တာနက် ကွန်နက်ရှင်းက ဒီလထဲမှာ တော်တော်လေးပါတယ်။ ဘလော့ရေးဖို့လဲ ခက်ခဲတယ်။ ဒါပေမယ့် မေးမြန်းထားတဲ့ စာဖတ်သူများအတွက် ကြိုးစားပြီး ဖော်ပြလိုက်ပါတယ်။
Window 7 မှာ Genuine ပြဿနာ ဒါမှမဟုတ် ၀င်းဒိုးအတုလို့ ပြောတဲ့ ပြဿနာကို ဖြေရှင်းရန်အတွက် Window Loader လေးကို ဒေါင်းယူပါ။

ပြီးရင် Window Loader Rar ဖိုင်ကို ဖြည့်လိုက်ပြီး ဆော့ဝဲလ်လေးကို C: ထဲကို Past ချပြီး Run လိုက်ပါ။ ခဏနေပါက Box တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီအခါ Install ကို နှိပ်ပြီး မိနစ်ပိုင်းမျှ စောင့်နေပါတယ်။ 

ခဏနေပါက Restart ချရန် မေးပါလိမ့်မယ်။ ချလိုက်ပါ။ window ပြန်တက်လာပါက OK သွားပါလိမ့်မယ်။


မောင်စေတနာ

16.1.13

Zawgyi Font For Window 7 64 bit


တစ်နေ့သ၌ ကျွန်ုပ်ထံသို့ window 7 64 bit တွင် Gtalk မှာ ဇော်ဂျီ တင်မရ၊ သုံးမရသည့်ပြဿနာများကို မိတ်ဆွေ တော်တော်များများက မေးမြန်းလာကြ၏။ ကျွန်ုပ်ကိုယ်တိုင်သော်လည်းကောင်း၊ အကြံဥာဏ်ပေး သော်လည်းကောင်းဖြင့် ဖြေရှင်းလျက်ရှိလေ၏။

ဆိုဒ်တော်တော်များများတွင် ရေးသားနေ သည့်အတွက် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြခြင်း မရှိကြောင်း ရှင်းပြရလေ၏။ 

သို့သော် အားလုံး၏ အဆင်မပြေမှုကို အကြောင်းပြု၍ Window 7 64 bit တွင် ဇော်ဂျီပြဿနာအား အဆင်ပြေဆုံးဖြစ်စေရန် ဖော်ပြပါ၏။

အဆင့်(၁) 

စက်ထဲတွင် ဇော်ဂျီရှိ၍ သော်လည်းကောင်း (သို့) Install လုပ်ထားသော်လည်းကောင်း ယခု ဆော့ဝဲကို Run ၍ Install လုပ်ပြီး ဖျက်ပါ။

အဆင့်(၂)

ယခုပေးသော လင့်မှ ZawgyiL_amd64.msi ကို Install လုပ်ပါ။ 

Gtalk ၀င်ပြီး Setting တွင် ညာဘက်ရှိ Chane Font တွင် Zawgyi One ကို ရွေးပါ။



မောင်စေတနာ

11.1.13

Android App

တစ်နေ့သ၌ ကျွန်ုပ်သည် ဘလော့ကို ပို့စ်များစွာ မတင်နိုင်သည့်သကာလ အွန်လိုင်းပေါ်သို့ ရောက်ရှိခိုက်  ထွေရာလေးပါး သတင်းများကို လိုက်လံ ဖတ်ရှုနေလေတော့၏။ ထို့အချိန်တွင် မိတ်ဆွေ မောင်ကျော်ကြီး ရောက်ရှိလို့လာပြီး

ဗျို့  . .  . ကိုစေတနာကြီး ပျောက်ချက်ကောင်းလှချည်းလား . . .

ဒီလိုပါပဲ မောင်ကျော် . . . 

သူများတွေ တစ်ဖုန်းထဲ ဖုန်းနေချိန်မှာ ကိုစေတနာကြီးက ဘာတွေ လုပ်နေတာလဲ . . .

ကိုယ်မှ ၀ယ်မကိုင်နိုင်တာ . . . မဖုန်းနိုင်ပါဘူး . . .

ကျနော့်ဖုန်းက Android ဖုန်းဗျ . . . ဆော့ဝဲလ်လေးများ ရှိရင် မစပါအုံး . . . 

အင်း ဖုန်းဆိုင်တွေနဲ့ သူများ ဆိုက်တွေက ရထားတာတွေတော့ ရှိတယ် .  . .  ယူသာသွားပါတော့ မောင်ကျော် . . .


1) မန္တလေး FM နားထောင်ချင်ရင် MDY-FM.apk
2) Software & Game တွေ ဒေါင်းချင်ရင် 1MobileMarket.apk
3) ဆော့ဝဲလ်တွေ ဖျက်ချင်ရင် Advanced_Task_Killer_1.9.3.apk
4) Viber လို သုံးချင်ရင် aire-android.apk
5) Explorer သုံးချင်ရင် AndExplorer.apk  
6) ဖုန်းအင်တာနက် အပိတ်အဖွင့်လုပ်ချင်ရင် APN Switch(3g ON-OFF).apk 
7) အမှိုက်တွေ ရှင်းချင်ရင် App Cache Cleaner.apk
8) ဆော့ဝဲလ်တွေ ပြန်ဖျက်ချင်ရင် AppRemover_1.3.3.apk
9) အသံနဲ့ ပတ်သက်ရင် AudioManager_2.1.6.apk
10) ဘထ္ထရီ အသုံးပြုမှု BatteryIndicatorPro.v3.0.0.apk
11) ဖုန်းဆက်တဲ့အသံတွေကို ဖမ်းချင်ရင် callrecorder pro.apk
12) အနှောင့်အယှက်ဖုန်းတွေကို မကြားချင်ရင်  Calls Blacklist PRO v1.05.apk
13) Social နဲ့ ပတ်သက်ရင် facebookimo TangoViberSkype
14) မြန်မာစာကီးဘုတ် FrozenKeyboard ၊  mmFontChangerLite
15) ဖုန်းဆက်/ခေါ်လာခဲ့တဲ့အခါ မြင်ကွင်းအပြည့်ပေါ် Full Screen Call ID-v8.2.1.apk
16) သတင်းတွေ မြေပုံတွေ GOthere-Myanmar-Beta5.apk
17) ကင်မရာ ရိုက်ချင်ရင် HDR Camera +.apk
18) လော့ချရင် ရေပုံစံ Liquid Face v2.4.0.apk
19) မြန်မာအဘိဓာန်  MyandroidDict.apk
20) အင်တာနက်ကြည့်ချင်ရင်  mozilla.firefox
21) Photoshop ဆိုရင် Photoshop.com Mobile (1.0.0).apk
22) သီချင်းနားထောင်ချင်ရင် RealPlayer_0.0.0.61_4102768.apk
23) Ring Tone တွေ လုပ်ချင်ရင် ringdroid_v2_1.apk
24) မြန်မာ-အင်္ဂလိပ် အဘိဓာန် shwebook_v2.0.apk
25) Root ချချင်ရင် z4root.1.3.0.apk      

အသုံးဝင်လိမ့်မည် ထင်သည့် Android ဆော့ဝဲလ်များကို မောင်ကျော် တစ်ယောက် ၀မ်းသာအားရ ယူဆောင်ပြီး ကျွန်ုပ်အား ပြုစုရန် Tea Shop သို့ ခေါ်ဆောင်လေတော့၏။

မောင်စေတနာ

27.11.12

iCare Data Recovery

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ အင်မတန်ရင်းနှီးသော မိတ်ဆွေတစ်ဦး ရောက်ရှိလို့ လာလေ၏။ ရောက်လျှင် ရောက်ချင်း . . . .

ကိုစေတနာကြီး ကူညီပါအုံး . . . ကျွန်တော်ရဲ့ Recorder လေးထဲက ဖိုင်တွေကို ယူမရတော့လို့ပါ . . . အရေးကြီးတဲ့ အသံဖိုင်တွေ အများကြီးပါ . . . လုပ်ပါအုံး . . .

အင်း . . . ဖြစ်လိုက်ရင် အသည်းအသန်ပါလား . . . ကိုယ့်လူ . . . 

ကျွန်ုပ်လည်း ၎င်း၏ Recorder ကို Computer နှင့် ချိတ်ဆက်ကြည့်ရာ Format ချရန် err ပြလေ၏။ သို့နှင့် ကျွန်ုပ်လည်း Format လုပ်လိုက်လေ၏။ 

အာ . . . ကိုစေတနာကြီး . . . ဘယ်လိုလုပ်လိုက်တာလဲ . . ကျွန်တော် Data တွေ ကုန်ရောပေါ့ . . .

ဟဲ . .  ဟဲ . . 

ကျွန်ုပ်လည်း အားပါးတရ ရယ်မောမိပြီး
နေပါအုံး . . . ကိုယ်လူ့ရယ် . . . လာမှာပေါ့ 

ဟု ပြောဆိုပြီး ကျွန်ုပ်၏ စက်ထဲတွင် ရှိသော ပုံနှင့် အခြားဖိုင်များစွာကို ကောင်းစွာ ပြန်ယူနိုင်သော icare data recovery လေးဖြင့် ၎င်း၏ အသံဖိုင်များကို ယူပေးလိုက်လေတော့၏။ ထိုအခါမှ Data များကို မြင်နေရသော ကျွန်ုပ်၏ မိတ်ဆွေသည်လည်း  အပျော်ကြီး ပျော်ကာ ကျေးဇူးအထူးပင် တင်ရှိပြီး ပြန်သွားလေတော့သည်။

မောင်စေတနာ

6.6.12

Excel Password ဖော်ယူမည်

တစ်နေ့သ၌ ကျွန်ုပ်အား Galk မှ မိတ်ဆွေတစ်ဦးသည် Microsoft Excel တွင် စာရိုက်ပြီး လုံခြုံရေးအတွက် Password ပေးမိကြောင်း၊ အဆိုပါ Password ကို မေ့နေသည့်အတွက် ပြန်လည်ဖော်ယူနိုင်သည့် နည်းလမ်းကို ကျွန်ုပ်အား မေးမြန်းလေ၏။

ကျွန်ုပ်လည်း ယခင် မိမိ၏ ဆိုဒ်တွင် တင်ခဲ့ဖူးသော Excel Password Recovery ကို ညွှန်းလိုက်မိသည်။ အဆိုပါ မိတ်ဆွေလည်း ဆော့ဝဲလ်ကို ဒေါင်းယူပြီး အင်စတောလုပ်ရာတွင် Full Version အဖြစ် သုံးရန် အခက်အခဲ ဖြစ်ပေါ်လေသည်။

ကျွန်ုပ်လည်း တင်ခဲ့သော ပို့စ်ကို ပြန်လည်ကြည့်မိရာ ကျွန်ုပ်၏ အားနည်းကို မြင်တွေ့ရသည်။ သေချာ ရှင်းလင်းအောင် မရေးခဲ့သည့်အတွက် အသုံးပြုလိုသည့် User များ အခက်အခဲကြုံရသည်ကို တွေ့ရ၏။ ထို့ကြောင့် တင်ခဲ့သောပို့စ်ဖြစ်သည့် ယခုအကြောင်းကို Full Version အဖြစ် သုံးနိုင်ရန် ပြန်လည် ရှင်းလင်း တင်ပြအပ်ပေသည်။

Excel Password Recovery ကို Download လုပ်ယူပါ။ Install လုပ်ပြီးပါက Register Name နှင့် Registration Key တို့ကို တောင်းပါလိမ့်မည်။ ဒေါင်းလုပ်လုပ်ယူရာတွင် ပါဝင်သည့် Keygen ကို Copy ယူ၍ Local Disk (C:) >> Program Files >> Intelore >> ExcelPasswordRecovery ထဲသို့ Past ချပါ။

ပြီးလျှင် Keygen ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။ ဖိုင်လမ်းကြောင်း မေးပါလိမ့်မည်။ Local Disk (C:) >> Program Files >> Intelore >> ExcelPasswordRecovery ကိုသွားပြီး ExcelPasswordRecovery ကို ရွေးပေးပါ။ Successful ဖြစ်သွားပါလိမ့်မည်။

ပြီးလျှင် Keygen ထဲမှ Key များကို Copy ယူ၍ Register Name နှင့် Registration Key ထဲသို့ ထည့်ပါ။ Register Name တွင် နှစ်သက်ရာ အမည်တစ်ခုခုကို ထည့်လိုက်ပါ။ ဒါဆိုလျှင် အိုကေသွားပါလိမ့်မည်။

ယခုဆော့ဝဲလ်သည် မည်သည့်အတိုင်းအတာထိ ဆောင်ရွက်နိုင်သည်ကို ကျွန်ုပ်ကိုယ်တိုင် မသိပါ။ အလွယ်တကူ ပေးသော Password များကို တော့ စမ်းဖူးပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ရင်း . . . .

မောင်စေတနာ

27.5.12

Nokia ဖုန်းကို PC မှာ အင်တာနက်သုံးမယ်

တစ်နေ့သ၌ ကျွန်ုပ်သည် နှစ်သိန်းတန်ဖုန်း၏ ခေတ်စားမှုများ၊ ၎င်းဖုန်းများတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနေမှုများ သတင်းတို့ကို အင်တာနက်ဂျာနယ်တွင် ပါရှိ၍နေလေရာ ဖတ်ရှုနေမိတော့သည်။

"ဗျို့ ကိုစေတနာ . . . . ခင်ဗျားမှာတော့ ဂျာနယ်လေး ဖတ်ပြီး အေးဆေးနေတာပေါ့လေ"
"ဟဲ . . . ဟဲ . . . ဒီလိုပါဘဲ. . . . မောင်ရင် ရောက်လာပုံထောက်ရင် ကိစ္စတော့ ရှိပြီး မဟုတ်လား . . . "
"သေချာတာပေါ့ဗျာ . . . သူများ အရှုးထလို့ လိုက်အရှုးထမိတာ အဆင်မပြေပါဘူး။ . . . . "
"ဘာတွေ အရှုးထပြန်တာလဲ . . . မောင်ရင်ရဲ့ . . . "

"အခု ကျွန်တော်က နှစ်သိန်းခွဲတန် WCDMA ၀ယ်ထားတယ်လေ။ ဒါ့အပြင် အင်တာနက်လိုင်းပါ ဖွင့်ထားတယ်။ ခက်တာက ကွန်ပျူတာနဲ့ ချိတ်သုံးချင်တာ . . . ဆိုင်သွားမေးတော့ အစ်ကိုတို့အမျိုးအစားကို ကျနော်တို့ မလုပ်တတ်ဘူး။ Android OS ဖုန်းတွေပဲ လုပ်တတ်တယ်တဲ့လေ။"

ဟား ဟား ဖြစ်ရမယ် . . . နို့ နေပါအုံး မောင်ရင်ရဲ့ ဖုန်းက ဘာအမျိုးအစားမို့လဲ . .. . .
အမျိုးအစားနဲ့ မော်ဒယ်က မနိမ့်ပါဘူး အစ်ကိုရာ . . . Nokia C2-02 ပါ . . .

ကျွန်ုပ်လည်း မောင်သိန်းဝင်း၏ ဖုန်းအား တစ်ခုချင်းစီ ကြည့်မိလေ၏။ ဖုန်းအတွင်းရှိ Apps များကို ကြည့်ရာ Nokia Ovi Suite ပါဝင်သည့်အတွက် အင်တာနက်လိုင်းကို ကွန်ပျူတာနှင့် အလွယ်တကူ ချိတ်ဆက်၍ ရ ကြောင်း ချက်ချင်း သိလေပြီး အောက်ပါအတိုင်း လုပ်ပေးလိုက်လေတော့သည်။


ဖုန်းတွင် လုပ်ဆောင်ရန်
(၁) Menu ကို သွားပါ။ Setting မှ တစ်ဆင့် Connectivity ကို သွားပါ။
(၂) USB Data Cable ကို ဖွင့်ပြီး Nokia Ovi Suite ကို ရွေးချယ်ပါ။


ကွန်ပျူတာတွင် လုပ်ဆောင်ရန်
(၁) Nokia Ovi Suite ဆော့ဝဲလ်ကို အင်စတောလုပ်ပါ။
(၂) ဖုန်းကို USB နဲ့ ချိတ်ဆက်ပါ။
(၃) အင်စတောလုပ်ပြီးပါက Nokia Ovi Suite ကို ဖွင့်လိုက်ပါ။
(၄) Tool တွင် Content to Internet ကို ရွေးလိုက်ပါ။ APN နှင့် Name တွင် mptnet ကို ဖြည့်ပါ။
(၅) ဖုန်းနှင့် ချိတ်ဆက်နေပါလိမ့်မည်။ ဖုန်းတွင်လည်း E စာလုံးတွင် ကွင်းလေးဝိုင်းနေပါလိမ့်မည်။
(၆) Mozilla Firefox တွင် Tool မှ Option ကို ဖွင့်။ Option Box တွင် Advanced မှ Network မှ Setting တွင် Auto dectect Proxy ကို ရွေးချယ်ပြီး Ok လုပ်ပါ။

Setting အား လုံး ပြုလုပ်ပြီးသောအခါ Google ဆိုသည့် စာမျက်နှာကြီးမှာ ဗွင်းဗွင်းကြီး ပေါ်လာလေတော့သည်။ ကဲ မောင်သိန်းဝင်း . . . မောင်ရင် လိုချင်တဲ့ အင်တာနက်ဆိုတာကြီး ပေါ်လာပြီးဆိုတော့ ကျေနပ်ပြီး မဟုတ်လား။

ဟား ဟား ကျေနပ်တယ်၊.... ကျေနပ်တယ် .. . ကိုစေတနာရေ ကျေးဇူးဗျာ။ ကိုစေတနာက ဒီလိုမျိုးတွေပါ လုပ်တတ်လိမ့်မယ်လို့မထင်ခဲ့ဘူး။ ဟ ဟား ကျေးဇူးပဲဗျာ။ လာဗျာ Go to the Tea shop ။

အိမ်း ဖြစ်ရမယ်. . . တိုက်သူ ပြုစုသူ ရှိတော့လည်း လက်ခံရမှာပေါ့ ဟု ဆိုကာ နီးရာ လဘ္ကရည်ဆိုင်သို့ ထွက်ခဲ့လေတော့သည်။

မောင်စေတနာ