26.5.08

သစ္စာ

ငါ့စာဖတ်၍ မပြတ်တိုင်စေ၊
မရှုံးစေသား၊ ပျင်းပြေနှစ်ခြိုက်၊
တွေးဖွယ်ထိုက်ရာ၊ တစ်ပိုဒ်တစ်လေ၊
တွေ့ငြားပေမှု၊ စာပေကျေးကျွန်၊
ငါ့ဝတ်ပွန်ပြီ၊ ငါမွန်အမြတ်
ငါအတတ်ဟု၊ စာဖတ်သူအပေါ်
ခေါင်းကိုကျော်၍ ငါသော်ဆရာ
မလုပ်ပါတည်း ။ .....။

(တက္ကသိုလ်ဘုန်းနိုင်၏ ကဗျာကို ဖော်ပြပါသည်။)

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: