ဘလော့ဂါ ဆရာကြီးများဖြစ်သော ကိုရန်အောင်၊ မောင်လှ၊ လင်းထက်၊ မှော်ဆရာ၊ ညီညီသံလွင်၊ ချမ်းမြစိုး၊ ၀ဏ္ဏကို၊ မောင်သင်္ကြန်၊ ဝေယံလင်း၊ ကိုဖိုးဇင် တို့က မြန်မာဘလော့ လောကတွင် အဆင်ပြေ ချောမွေ့စေရေးအတွက် မြန်မာဘလော့ အကူအညီ ဆိုက်တစ်ခုကို တည်ဆောက်ထားပါတယ်။ မြန်မာဘလော့ လောကမှာ အဲဒီဆိုက်နဲ့ ကင်းတဲ့ လူမရှိပါဘူး။ ဘလော့လုပ်ချင်သူ အားလုံး ထိုဆိုက်က လမ်းညွှန်ချက်တွေ၊ ဗဟုသုတတွေ၊ လုပ်နည်းတွေ စတာတွေနဲ့ တည်ဆောက် နေကြ ရတာပါ။ မြန်မာဘလော့အကူအညီ ဘလော့ထဲမှ အမြဲဖော်ပြနေသော အချက်အလက်များကို ကျွန်တော် အပင်ပန်းခံ၍ စာအုပ်တစ်အုပ် အဖြစ် ပြုစုထားပါတယ်။ Update မဖြစ်ပေမယ့် တော်တော်များများ စုံလင်လှပါတယ်။ အချိန်မပေးနိုင်တာကြောင့် စာအုပ်တွင် အားနည်းချက် များရှိပါတယ်။ ဒါကိုတော့ ခွင့်လွှတ်ပေးကြပါ။ စာအုပ်ကို ဒီမှာ Download လုပ်ယူပါ။
မောင်စေတနာ
4 ယောက် မှတ်ချက်ပြုသည်:
ကျေးဇူးပါ...
ကျွန်တော် က အဲ့ဒီ ဆရာကြီး တွေအုပ်စုထဲ ကမဟုတ်သလို ဆရာကြီးလဲ မဟုတ်ပါဘူး
ကျွန်တော် ဘလော့လုပ်ခါစ က သိခဲ့တာလေး တွေကို မသိသေးသူတွေ အတွက် ဝေမျှပေးရုံ သက်သက်ပါ...
ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ နောက်လဲ နည်းပညာများမျှဝေပေးဖို့ တောင်းဆို ပါတယ် ခင်ဗျား။ ကျေးဇူး အများကြီးတင်ပါတယ်ခင်ဗျား။
ကျေးဇူးတင်ပါတယ်ဗျာ..ကျွန်တော်လဲ သင်ယူနေဆဲ တစ်ယောက်ပါ
Post a Comment