Tuesday, December 20, 2011

Facebook ၏ အသစ်

တစ်နေ့သ၌ ကျွန်ုပ်သည် အင်တာနက်ပေါ်တွင် သတင်းများနှင့် ထူးခြားချက်များကို လိုက်လံ ရှာဖွေ ဖတ်ရှုနေမိ၏။ ထုံးစံအတိုင်း ကျွန်ုပ်အကြိုက် Facebook ကိုလဲ သုံးစွဲလို့ နေပြီး Facebook ၏ ထူးခြားချက်များကို ရှာဖွေလို့ နေလေ၏။

ထိုသို့ ရှာဖွေရာတွင် ထူးခြားချက်ကို တွေ့ရလေပြီး သုံးကြည့်ရာ များစွာ နှစ်သက်မိလေ၏။ အဆိုပါ ထူးခြားချက်ကို မည်သည့်ဆိုဒ်များတွင် ရေးသားဖော်ပြကြသနည်းကိုတော့ မသိရှိပေ။ ကျွန်ုပ်အနေဖြင့်တော့ ရေးသား ဖော်ပြ ချင်စိတ် ဖြစ်မိသဖြင့် ရေးသားလိုက်ရပေ၏။

Facebook သုံးသူများသည် Facebook Account သို့ ၀င်ရောက်ပြီးလျှင် www.facebook.com/about/timeline ကို သွားရမည်။ အောက်ခြေတွင် ပေါ်လာမည့် Bar တန်းတွင် Get Timeline ကို Click လုပ်ရပေမည်။


ထိုသို့ လုပ်မည်ဆိုပါက ကိုယ့် Facebook သည် Website လိုလို၊ မဂ္ဂဇင်းလိုလို တွေ့မြင်ရပေမည်။ Cover , Stories, Apps တို့ကို အကန့်လိုက် ဖော်ပြပေလိမ့်မည်။ ကြိုက်နှစ်သက်ပါက Publish Now လုပ်လိုက်ပါ။ စမ်းသုံးကြည့်လျှင် ကောင်းမှန်း သိနိုင်ပေမည်။

မောင်စေတနာ

Tuesday, December 13, 2011

Recycle Virus နှင့် ခဏတာ

ကျွန်ုပ်သည် အွန်လိုင်းပေါ်တက်ရန် ခက်ခဲခြင်း၊ အလုပ်ဖြင့် ခရီးထွက်ရခြင်းများကြောင့် အွန်လိုင်းပေါ်သို့ မရောက်သည်မှာပင် ကြာညောင်းခဲ့ပြီ။ အချိန်ပြည့် ပို့စ်တင်ချင်ပေမယ့် အခက်အခဲက များလှ၏။

အလုပ်တာဝန်တစ်ခုဖြင့် ရန်ကုန်သို့ ခေတ္တခဏ ရောက်ခိုက်တွင် ကျွန်ုပ်နှင့် အတူတူ ခရီးသွားဖော် မောင်လွင်၏ Flash Drive တွင် Recycle Virus ၀င်ရောက်နေသဖြင့် ကျွန်ုပ်အား ပြသလေ၏။ Flash Drive ကို ကွန်ပျူတာတွင် ဖွင့်ကြည့်ရာ Recycler Folder နှင့် Shortcut ဖိုင် သုံးခုကို တွေ့ရလေ၏။ ၎င်းဗိုင်းရပ်စ်သည် Flash Drive ကို သုံးမရအောင် ဖျက်ဆီးနိုင်ကြောင်း ကျွန်ုပ်မှ ပြောပြရာ မောင်လွင်သည် တော်တော် တုန်လှုပ်သွားခဲ့၏။


ကျွန်ုပ်အသုံးပြုနေသည့် ကွန်ပျူတာတွင် Anti Virus မရှိသည်ဖြစ်ရာ အထူးအရေးပေါ် Free Software တစ်ခုဖြစ်သော Microsoft Security Essentials တွေးမိ၍ အင်တာနက်မှ Download ဆွဲပြီး Recycler Virus ကို အမြစ်ပြတ် တိုက်ဖျက်လိုက်လေ၏။ ၎င်း ဆော့ဝဲလ်ဖြင့် Scan စစ်ပြီးချိန်တွင် Flash Drive တွင် ရှိနေသော Recycler Virus သည် Folder တစ်ခု အနေဖြင့်သာ ရှိနေလေတော့၏။ ထို့နောက် အလွယ်တကူပင် ၎င်း Folder ကို Delete လုပ်လိုက်တော့သည်။

Microsoft Security Essentials သည် Microsoft မှ Free ပေးထားပြီး Virus တော်တော်များများကို ရှင်းထုတ်နိုင်လေ၏။ ကိစ္စအားလုံးပြီးစီးသည်နှင့် Flash Drive ကို ကျွန်ုပ်၏ မိတ်ဆွေ မောင်လွင် လက်ထဲသို့ အကောင်းပကတိ ပြန်လည်အပ်နှံရာ ကျေးဇူးအထူးတင်သဖြင့် မနက်စာကို ဒကာခံ ကျွေးမွေးသွားတော့သည်။

မောင်စေတနာ

Tuesday, September 13, 2011

Smart PC

တစ်နေ့သ၌ ကျွန်ုပ်သည် နားအေးပါးအေး ရှိလှသည့် ရုံးပိတ်ရက်ဖြစ်သော စနေနေ့တွင် အေးဆေး ငြိမ်သက် စွာဖြင့် အနားယူနေလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ မိတ်ဆွေကြီး ကိုရဲမြင့် ရောက်ရှိလို့ လာလေ၏။ 

ဗျို့ . . . ကိုစေတနာ . . .  လူပျင်းစည်းစိမ်ကို ခံစားနေပါလား .  .
ဟုတ်ပါ့ . . . ကိုရဲမြင့်ရာ . . . ။ ဒါနဲ့ ဘာကိစ္စတုန်း။ အေးဆေးပဲ မဟုတ်လား . . .
အေးတော့ အေးပါရဲ့ဗျာ . . . နို့ပေမယ့် ကြုံတုန်းတော့ တစ်ခုတော့ မေးချင်သား . . .
မေးပါ . . . မေးပါ . . .
အိမ်က ကွန်ပျူတာက တစ်နေ့ထက် တစ်နေ့ ပိုများ လေးလာသလို့ဗျာ . . . . error တွေကလည်း ပြလိုက်တာမှ ဖတ်လို့တောင် မရဘူး ။ ဆေးကောင်းလေးရှိရင် ညွှန်းပါအုံးဗျာ ဟု၍ မေးလေ၏။
ကျွန်ုပ်လည်း နောက်ချင်သည် စိတ်ဖြင့် ရယ်မော၍သာ နေလေ၏။ ကိုရဲမြင့်တစ်ယောက် စိတ်မရှည်သလို အမူအရာဖြင့် ကြည့်နေလေရာ 

စိတ်တော့ ထိန်းပါ ကိုယ့်လူ . . . ပြောပြဆို ပြောပြရမှာပေါ့

ဒီဆော့ဝဲလ်လေး သုံးကြည့်ရင် စက်ကို ပေါ့စေပြီး error တွေလည်း တော်တော် ရှင်းပေးနိုင်ပါရဲ့။ အကျိုးအာနိသင် အနေနဲ့ကတော့
၁) Fix Registry Problem
၂) Fix invalid shortcuts 
၃) Clean up your tracks . .. .  etc . .

သုံးကြည့်လိုက်ရင် စက်လည်း မြန်လာနိုင်သလို error တွေလည်း ရှင်းလင်းပေးနိုင်တယ်။ အဆင်ပြေလိမ့်မယ်လို့ ထင်ပါရဲ့ ကိုယ့်လူ  . . .ဟု ရှင်းပြလိုက်လေ၏။ 


ကိုစေတနာ ကောင်းတယ်ဆိုရင် ယုံမှားမရှိပါဘူး . . . ဆော့ဝဲလ်အမည်နဲ့ ဆော့ဝဲလ်သာ ပေးပါတော့ ဟု တောင်းလေ၏။ ဆော့ဝဲလ်အမည်က Smart PC ဖြစ်ပြီး ဆော့ဝဲလ်ကိုတော့ ဒီမှာသာ ယူသွားပေတော့ဗျာ။ 

ဒီအတိုင်းကြီးတော့ မလုပ်လိုက်ပါနဲ့။ Install လုပ်ပုံလေးတော့ မစပါအုံး ဟု မေးလေ၏။ ဒါက မခက်ပါဘူး . . . Smart PC နဲ့ Key ဖိုင် ထည့်ပေးထားပါတယ်။ Smart PC ကို Install လုပ်ပြီးရင် မဖွင့်ပဲ ပိတ်ထားလိုက်ပါ။ Key ဖိုင်ကို Run ။ Yes လုပ် ။ Ok ဆိုရင် Full Version ဖြစ်ပြီးသုံးလို့ရပါပြီ ဟု ဖြေကြားလေ၏။

ကောင်းပါ့ . . . ဒါဆိုရင် ကော်ဖီလေးတစ်ခွက်လောက်တော့ ချီးမြှင့်ချင်လို့ ခြေတော် ကြွနိုင်ပါရဲ့လား ကိုစေတနာ . . ဟု မေးလေရာ ကျွန်ုပ်လည်း မဆိုင်းမတွပင် ထိုင်ခုံမှ ဖင်ကြွလို့ နေပြီး အကောင်းဆုံးပေါ့ ကိုယ့်လူရာ ဟု ပြောကြားရင်း Tea Shop သို့ ထွက်ခွာခဲ့တော့လေ၏။
မောင်စေတနာ