15.6.08

ဆရာများတော့

အမေရိကန်ကုမ္ပဏီ တစ်ခုနှင့် ဂျပန်ကုမ္ပဏီတစ်ခုတို့ လှေပြိုင်ပွဲ ပြုလုပ်ရာ ဂျပန်က တစ်မိုင်အသာဖြင့် အနိုင်ရခဲ့တယ်။ အမေရိကန်ကုမ္ပဏီ ဥက္ကဌက ဘာ့ကြောင့် ရှုံးရသည်ကို ကျွမ်းကျင်သူ ငှား၍ သုံးသပ် ဆွေးနွေးလေသည်။

ဥက္ကဌ - ဂျပန်အသင်းရဲ့ အခြေအနေ ဘယ်လိုလဲ။

ကျွမ်းကျင်သူ - ခေါင်းဆောင် တစ်ယောက် ထိုးသား(၇)ယောက်ပါ။

ဥက္ကဌ - ဒို့အသင်းကရော

ကျွမ်းကျင်သူ - ခေါင်းဆောင်(၇)ယောက် ထိုးသား တစ်ယောက်

ဥက္ကဌ - တစ်ခါ ထပ်ပြိုင်မယ် နိုင်အောင် ဘယ်လို လုပ်ရမလဲ။

ကျွမ်းကျင်သူ - ခေါင်းဆောင်တစ်ယောက် အကြံပေး (၆)ယောက် ထိုးသား တစ်ယောက်နဲ့ ထပ်ပြိုင်ပါ။

ထပ်ပြိုင်ခဲ့ရာ ဂျပန်အသင်းက နှစ်မိုင် အသာဖြင့် အနိုင်ရခဲ့သည်။

(စာရေးဆရာ တင်ထွေးဆက်၏ ဘာသာပြန်စာမူများအား ဖော်ပြသည်။)


မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: