Showing posts with label အထွေထွေ. Show all posts
Showing posts with label အထွေထွေ. Show all posts

30.8.13

Myanmar Blogger Forum 7th Anniversary



တစ်နေ့သ၌ ကျွန်ုပ်သည် ရည်ညွှန်းစာကြည့်တိုက်ရှိ အင်တာနက် ဂျာနယ်ကို ဖတ်ရှုနေရင်း Myanmar Blogger Forum ကျင်းပမည့် အစီအစဉ်ကို သိရလေ၏။ အဆိုပါ အခမ်းအနားသို့ တက်ရောက်ချင်စိတ် တဖွားဖွား ဖြစ်မိလေသည်။ 

သြော် . . . ကျွန်ုပ်အနေဖြင့် ဘလော့လောကထဲကို ၂၃.၁၀.၂၀၀၇ ရက်နေ့တွင် ၀င်ရောက်သည်မှာ ယခုဆိုလျှင် ခြောက်နှစ်ပင် ပြည့်တော့မည်။ Myanmar Blogger သည်လည်း ယခုဆိုလျှင် ၇ နှစ်ပင် ပြည့်မြောက်ခဲ့သော်လည်း ဘလော့အခမ်းအနားများကို အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်နိုင်ခဲ့ခြင်း မရှိပေ။ 

ယခု ကျင်းပပြုလုပ်မည့် Myanmar Blogger Forum ကို တက်ရောက်ချင်မိ၏။ ကျင်းပမည့် ၃၁ ရက်တွင် ကျွန်ုပ်သည် ရန်ကုန်သို့ လာရာ လမ်းခရီးတွင်ပင် ရှိလိမ့်မည်။ အခမ်းအနားက ၂ ချက်ထိုးတွင် စတင်မည်။ ကျွန်ုပ်က ၃ ချက်ထိုးမှ ရန်ကုန် အောင်မင်္ဂလာအဝေးပြေးဂိတ်ကို ရောက်ပေလိမ့်မည်။ တက်ရောက်ရမည့် နေ့ရက်တွင် ရန်ကုန်သို့ ရောက်ရှိသော်လည်း အချိန်မမီချေ။ 

လွန်ခဲ့ပြန်ပြီး Myanmar Blogger Society ရေ. . . . . 

မောင်စေတနာ

14.3.12

ကျွန်ုပ်နှင့် Ubuntu

တစ်နေ့သ၌ ကျွန်ုပ်သည် Ubuntu OS အပေါ် များစွာ သုံးစွဲလိုစိတ်ရှိပြီး ၂၀၁၀ ခုနှစ်က သုံးစွဲခဲ့သော်လည်း နားလည်တတ်ကျွမ်းမှု အားနည်းခြင်း၊ ရုံးလုပ်ငန်း လက်စွဲဖြစ်သော Page Maker နှင့် Microsoft Office များ သုံးစွဲ၍ မရခြင်းများကြောင့် လက်လျော့ခဲ့ရလေ၏။ ယခုတစ်ဖန် Ubuntu သည် 11.10 version ပင် ပေါ်ထွက်နေလေရာ ပြန်လည်သုံးစွဲလိုစိတ် ဖြစ်မိလေသည်။



ထို့ကြောင့် ကျွန်ုပ်သည် ယခင် ရှိခဲ့ဖူးသော Ubuntu 10.04 ဖြင့် Window 7 မှနေ၍ Wubi ဖြင့် စတင် Install လုပ် သုံးစွဲလေတော့၏။ Wubi ဖြင့် တင်ခြင်းအားဖြင့် Your uninstaller software ဖြင့် ပြန်လည် ဖျက်ပါက အကြွင်းမကျန် အကုန်ပျက်ခြင်းကြောင့် ဖြစ်၏။ ဆော့ဝဲလ်တစ်ခု တင်ပြီး ပြန်ဖျက်ရသလိုပင် ဖြစ်၏။

ပထမဦးစွာ Website များကို မြန်မာလို ဖတ်၍ ရအောင် ဇော်ဂျီဖောင့်ကို Install ပြုလုပ်ရလေ၏။ Ubuntu သုံးဖူးသူများ၏ လမ်းညွှန်များကြောင့် အဆင်ပြေစွာ ဇော်ဂျီဖောင့်နှင့် ကီးဘုတ်ကို Install လုပ်နိုင်လေသည်။ ထို့နောက် သိပ်ကိုစွဲလမ်းစွာ သုံးသည့် Crime Dock ကို Install လုပ် သုံးစွဲနေ၏။ Printer ထည့်သွင်းလိုသဖြင့် Google တွင် ရှာဖွေပြီး ထည့်သွင်းရာ အဆင်ပြေလေသည်။

သုံးစွဲသူ နည်းသေးသဖြင့် Ubuntu နှင့် ၎င်း၏ နည်းလမ်းများကို ဘလော့များတွင် ဖော်ပြမှု နည်းပါးသေး၏။ ကျွန်ုပ်၏ နောက်ပိုင်း ပို့စ်များတွင် Ubuntu ၏ နည်းလမ်းများကို ရေးဖြစ်လိမ့်မည်ဟု ထင်သည်။ ယခုပို့စ်သည် Ubuntu OS မှ တင်သော ပထမဦးဆုံးဖြစ်လေတော့၏။

မောင်စေတနာ

8.3.11

တောင်းပန်ခြင်း

မေးခွန်းများအားလုံးအား ဖြေကြားချင်ပါသည်။ ဘလော့ကို ၀င်၍ မရခြင်းတို့ကြောင့် ဘလော့ရေးသားခြင်းကို ရပ်နားထားပါသည်။ အားလုံးကို လေးစားလျက်


မောင်စေတနာ

31.10.10

(၃)နှစ်ပြည့်သော်

ဘာလိုလိုနဲ့ ဘလော့ရေးလာတာ (၃)နှစ်ပင် ပြည့်မြောက်ခဲ့ပြီ။ အားတဲ့အချိန် ရေးလိုက်၊ မအားတဲ့အချိန် ပစ်ထားလိုက်နဲ့ (၃)နှစ်ပင် ရောက်ခဲ့ပြီ။ အင်း . . . သက်တမ်း မည်မျှ ရှည်ကြာအုံးမယ် မသိ။ ရေးချင်သည့် နည်းပညာများစွာ ရှိနေသေးတယ်။

ခက်သည်က မြန်မာပြည် Connection ပင်။ ရေးချင်စိတ် ပေါ်လာတုန်း ရေးချင်သည်ပင် ရေး၍ မရနိုင်။ လေးပင်မှု၊ နှေးကွေးမှု၊ ဖွင့်မရမှု မျိုးစုံကို ကြုံတွေ့ရသည်။ ရံဖန်ရံခါ နိုင်ငံရပ်ခြားသို့ သွား၍ ဘလော့ရေးချင်စိတ်ပင် ဖြစ်မိသည်။ မိမိသိသော တတ်သော နည်းလမ်းမျိုးစုံကို နေ့စဉ် ရေးသား ဖော်ပြချင်မိသည်။

အင်း . .. . တစ်ချိန်တော့ မိမိရဲ့ ဆန္ဒတွေ ပြည့်ဝမိမယ် ထင်သည်။ နိုဝင်ဘာလ တစ်လလုံးသည်လည်း မိမိ၏ ခရီးစဉ်ကြောင့် ဘလော့ကို လှည့်ကြည့်နိုင်မည် မထင်။ မည်သို့ပင် ဖြစ်စေ ရှေ့ဆက်လှမ်းလို့ ရသရွှေ့ ဆက်၍ လှမ်းချီအုံးမည်။

မောင်စေတနာ

29.8.10

Google Call Phone

ဂူဂဲလ် အင်တာနက် ဝန်ဆောင်မှု ကုမ္ပဏီကြီးက ဂျီမေးလ်မှ တဆင့် ကမ္ဘာတ၀န်းလုံးရှိ ကြိုးဖုန်းများ အပါအ၀င် လက်ကိုင်ဖုန်းများကို ခေါ်ဆိုနိုင်မည့် Call Phone ၀န်ဆောင်မှုကို ကြာသပတေးနေ့က မိတ်ဆက် လိုက်ကြောင်း သိရသည်။

အမေရိကန်ရှိ ဂျီမေး အသုံးပြုသူ များသို့ ဂျီမေးလ်မှ တဆင့် ဖုန်းများခေါ်ဆိုနိုင်မည့် ဂူဂဲ၏ ဖိတ်ခေါ်ချက်ကို ယမန်နေ့က ပေးပို့ ထားကြောင်းတခြား သော နိုင်ငံများတွင် အသုံး ပြုသူများထံသို့ လည်း မကြာမီပေးပို့ မည် ဖြစ်ပြီး ဂူဂဲ ကုမ္ပဏီ၏ website စာမျက်နှာ တွင် ရေးသား ထားသည်။ Call Phone ၀န်ဆောင်မှုကို အသုံးပြုမည် ဆိုပါက Voice and Video Plug-in ဆော့ဖ်ဝဲလ်ကို ကွန်ပျူတာအတွင်း ဦးစွာ ထည့်သွင်းရန် လိုအပ်ကြောင်းလည်း သိရသည်။

ထို့နောက် ဂျီမေးလ်ရှိ Chat List စာရင်း အပေါ်ဆုံးတွင် ပေါ်လာမည့် Call Phone မှတဆင့် ခေါ်လိုသည့် နံပါတ်ကို နှိပ်၍ သာမန် ဖုန်းများ အသုံးပြုသကဲသို့ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး ကွန်ပျူတာရှိ နားကြပ်နှင့် မိုက်ခရို ဖုန်းများကို အသုံးပြုကာ ပြောဆို ဆက်သွယ်နိုင်မည် ဖြစ်သည်။ ပြီးခဲ့သည့် ၂ နှစ်က ဂျီမေးလ်မှတဆင့် အသုံးပြုနိုင်သော အရုပ်နှင့် အသံပါ မြင်တွေ့ကြားသိနိုင်သည့် Video Chat ကို ဂျီမေးလ် အသုံးပြုသူများထံသို့ မိတ်ဆက်ပေးခဲ့သည်။

ယခု Call Phone ၀န်ဆောင်မှုသည် ဖုန်းလိုင်းမကောင်းသည့် နေရာများတွင်လည်း အလုပ်ဖြစ်နိုင်ဖွယ်ရှိပြီး ကုမ္ပဏီတွင် အချိန်အတန်ကြာ စမ်းသပ်ထားကြောင်း ဂူဂဲလ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။ ယခုနှစ်အတွင်း အမေရိကန်နှင့် ကနေဒါနိုင်ငံများသို့ အခမဲ့ ခေါ်ဆိုနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံသို့ ခေါ်ဆိုပါက တမိနစ်လျှင် အမေရိကန် ဒေါ်လာ ၃၅ ဆင့် (ကျပ် ၃၅၀ ခန့်) ကုန်ကျမည် ဖြစ်သည်။

https://www.google.com/voice/rates အင်တာနက် စာမျက်နှာတွင် ဖုန်းခေါ်ဆိုခ နှုန်းထားများကို အသေးစိတ် ဖတ်ရှုနိုင်သည်။ အဆိုပါ Call Phone ၀န်ဆောင်မှုကြောင့် ဂူဂဲလ် အနေဖြင့် အင်တာနက်မှတဆင့် တယ်လီဖုန်း ၀န်ဆောင်မှု ပေးနေသည့် Skype အပါအ၀င် တခြားသော တယ်လီဖုန်း ၀န်ဆောင်မှု ကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရဖွယ် ရှိကြောင်း လေ့လာသူများက သုံးသပ်သည်။

ကမ္ဘာတ၀န်းလုံး၌ လစဉ် Skype အသုံးပြုသူ ၁၂၄ သန်းရှိပြီး ဖုန်းခေါ်ဆိုမှုကြောင့် တလလျှင် အမေရိကန် ဒေါ်လာ ၈.၁ သန်း ၀င်ငွေရရှိကြောင်း သိရှိရသည်။ ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံရှိ အင်တာနက် အသုံးပြုနိုင်သော မြို့ကြီးများရှိ အင်တာနက်ဆိုင်များတွင် Pifingo အင်တာနက် ဆော့ဖ်ဝဲလ်ကို အသုံးပြု၍ နိုင်ငံအသီးသီးသို့ ခေါ်ဆိုနိုင်သည့် ၀န်ဆောင်မှုကို အင်တာနက်ဆိုင်များက ပေးနေ ကြောင်း သိရသည်။

ဂျီမေးလ် အသုံးပြုသည့် အရေအတွက်ကို ဂူဂဲလ်က ထုတ်ပြန်ကြေညာခြင်း မရှိသော်လည်း သန်း ၂၀၀ ရှိသည်ဟု လေ့လာသူ များက ခန့်မှန်းသည်။ ဖေဖော်ဝါရီလတွင်လည်း ဂူဂဲလ်က ၎င်းတို့ အသစ်ဖန်တီးလိုက်သည့် လူမှု ကွန်ရက် အင်တာနက် စာမျက်နှာ Google Buzz အား ဂျီမေးလ် အသုံးပြုသူများကို မိတ်ဆက်ပေးခဲ့သည်။

၂၀၀၉ ခုနှစ် စက်တင်ဘာလကလည်း ဂူဂဲလ် ကုမ္ပဏီကြီးက ကမ္ဘာ့သတင်း ဌာနများမှ လူကြိုက် အများဆုံး သတင်းများကို တနေရာတည်းတွင် ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ အင်တာနက် ၀န်ဆောင်မှုတခု ဖြစ်သည့် Google Fast Flip ကို မိတ်ဆက် ပေးခဲ့သည်။ အရှေ့တောင် အာရှ နိုင်ငံများတွင် စင်္ကာပူနှင့် မြန်မာနိုင်ငံတို့သည် Apple iPhone အမျိုးအစား လက်ကိုင်ဖုန်းကို အများဆုံး အသုံးပြုနေကြောင်း Cellular news အင်တာနက် သတင်းတရပ်တွင် ရေးသားထားသည်။

(Ref: http://www.irrawaddy.org)

မောင်စေတနာ

27.7.10

Ubuntu ကို စတင်ခြင်း


Ubuntu 9.01 တုန်းက တစ်ခါ တင်လိုက်သေးတယ်။ ဒါပေမယ့် ဘုမသိ ဘမသိဆိုတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖျက်ခဲ့ရတယ်။ သုံးချင်စိတ်ကတော့ မကုန်သွားခဲ့ပါဘူး။ မြင်ကွင်းအပြင်အဆင်နဲ့ Open Source ဆိုတာကြောင့် နှစ်သက်မိတဲ့ Operating System တစ်ခုပါပဲ။ အမည်လေးကလဲ ဆန်းပြားလှပါတယ်။ Ubuntu 10.04 ထွက်လာတော့ မနေနိုင်တော့ဘူး။ လိုင်းပေါ်ကနေ ဒေါင်းပြီး CD Burn ပြီး တင်လိုက်ပါတယ်။

ထုံးစံအတိုင်းပါပဲ။ Ubuntu 9.01 တုန်းကလို အခက်အခဲမျိုးတွေ ကြုံတွေ့ရပါတယ်။ Ubuntu မှာ .exe တွေ run လို့ မရတာပါပဲ။ ဒီတော့ Window မှာ တင်လို့ရသမျှ .exe file အားလုံးဟာ Ubuntu မှာ သုံးလို့မရပါဘူး။ နောက်မှ သိရတာက Wine လုပ်ပြီး Install လုပ်လို့ရကြောင်း သိရတယ်။ ခက်တာက wine နဲ့ ဘယ်လိုလုပ်ရမှန်း မသိတာပါ။ ထားတော့။

Internet ရအောင် လုပ်ကြည့်မိတယ်။ စသုံးကာစဆိုတော့ တော်တော်ကို လက်ဝင်တယ် ပြောရမယ်။ close tab တွေကအစ ပြောင်းပြန်တွေ။ ညာဘက်ကဟာက ဘယ်ဘက်ရောက်နဲ့ Window Key ကို နှိပ်လဲ Start လိုဟာမျိုး ဘာမှ မပေါ်လာ။ အောက်ကဟာတွေက အပေါ်ကို ရောက်နဲ့။ Window နဲ့ တော်တော်ကွဲအောင် ပြုလုပ်ထားပါတယ်။

Ubuntu နဲ့ ပတ်သက်တာတွေ အွန်လိုင်းမှာ ရှာဖွေတုန်းပါပဲ။ ဇော်ဂျီဖောင့်တောင် မနည်းတင်ထား ရပါတယ်။ ဇော်ဂျီဖောင့်က Ubuntu မှာ ပိုပေါ်လွင် လှပပါတယ်။ Firefox မှာ ဇော်ဂျီပေါ်အောင် လုပ်ရတာတောင် အစဆိုတော့ ခက်ခဲလှပါတယ်။ Ubuntu အတွက် ဇော်ဂျီဖောင့်ကို ရိုက်ရတာ Myanmar 2 နဲ့ ဆင်တူလှပါတယ်။ မိမိသုံးလို့ အဆင်ပြေခဲ့ရင် လူတိုင်း သုံးနိုင်တဲ့အထိ ရှင်းလင်းချက်တွေနဲ့ ဖော်ပြပေးပါ့မယ်။ အခုထိတော့ မိမိကိုယ်တိုင် ချာလယ်လယ်ဖြစ်နေတော့ ဘာမှ ရေရာတာ မပြောနိုင်သေးပါဘူး။ အချိန်တော့ တော်တော် ပေးနေရတယ်။

မောင်စေတနာ

9.1.10

BarCamp Yangon



BarCamp Yangon ကို ဇန်န၀ါရီလ ၂၃၊ ၂၄ မှာ MICT Park မှာ စတင်ပြုလုပ်တော့မှာပါ။ နည်းပညာ တတ်ကျွမ်းသူများနဲ့ စိတ်ဝင်စားသူများအတွက် အခွင့်အရေး ကောင်းတွေပါ။ ထူးခြားတာက အဲဒီရက်မှာ wireless ရတဲ့အတွက် Notebook, Netbook, 3G Phones, I-Pod, PSP, etc. စတာတွေ ယူခဲ့ဖို့ မှာထားပါတယ်။ လက်ဆောင်တွေလဲ ပေးဖို့ စီစဉ်ထားပါတယ်။ စိတ်ဝင်စားရင်တော့ စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ မသွင်းရင် လက်ဆောင်နဲ့ ဝေးနေမယ်နော်။ အသေးစိတ်က အထက်က ပုံကို နှိပ်ပြီးသာ လေ့လာပေတော့။

မောင်စေတနာ

12.12.09

Gmail သမိုင်းကြောင်း

Gmail Creator



Paul Buchheit

အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ

Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်


2004 March

ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။

2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။

2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင် ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။

2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့် ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။

2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏ သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို စတင်သုံးစွဲခဲ့သည်။

2005 Aug
အချို့သော User များကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။ ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့် အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။ ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက် လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက် စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။

2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး Username@gmail.com နေရာတွင် Username@google.com အဖြစ် အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။

2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။

2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည် Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့် ရေးသားပေးခဲ့သည်။

2006 Jan
Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။

2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။

2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅ ဒေါ်လာဖြင့် ၀ယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင် အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။

2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။

2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။

2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။

2009 Feb
Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။

2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။

2009 Sept
ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။

(NetGuide မှ ကူးယူဖော်ပြသည်။)

မောင်စေတနာ

14.11.09

Discovery of Water on the Moon

ဒီကနေ့ NASA က ကြေငြာချက် တစ်ခု ထုတ်ပြန်ပါတယ်။ လကမ္ဘာပေါ်မှာ ရေရှိခဲ့တဲ့ သဲလွန်စ တစ်ခု တွေ့ရှိကြောင်း ကြေငြာချက် ဖြစ်ပါတယ်။ ၎င်း ရေဟာ နေရောင်ခြည်ကြောင့် ပျောက်ကွယ်ခဲ့ရသည်ဟုလဲ ခန့်မှန်းကြောင်းနှင့် ကြီးမားသော အရာတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး များစွာသော သုတေသနများ ပြုလုပ်အုံးမှာ ဖြစ်ကြောင်း ပြောဆိုကြပါတယ်။ အင်္ဂလိပ်စာ ဘာသာပြန် အားနည်းမှုကြောင့် အမှားအယွင်း ရှိနိုင်ပါတယ်။ အသေးစိတ်ကို အောက်မှာ ဖတ်ရှုနိုင်ပါတယ်။

NASA HAS announced that there is water on the moon. The evidence of this water was discovered after the NASA spacecraft LCROSS (Lunar Crater Observatory and Sensing Satellite) discovered water ice beds at the lunar south pole, when it impacted the moon. Cabeus - the lunar south pole crater was intentionally impacted by LCROSS on Friday, October 9.

The LCROSS spacecraft, which was built at a cost of $79 million, crashed the lunar surface so that scientists could probe the debris for the presence of water. The project scientist Anthony Colaprete, who is also the principal investigator for NASA's Ames Research Center at Moffet Field, said "Indeed yes, we found water. And we didn't find just a little bit, we found a significant amount."





It might be remembered that Chandrayan, the Indian lunar probe had found evidence of water on Moon and shared the findings with NASA almost a month ago. Chandrayan has NASA’s lunar analysing equipment fitted on board.


For long, scientists have suspected that there is water on the surface of moon, particularly at its south pole, which is permanently shadowed by craters. These craters have frozen water since the temperature is cold. NASA has been analysing the debris of the lunar crater by its sensing satellite and is planning to launch a mission to the moon by 2020.

(Referrent: http://www.merinews.com)

မောင်စေတနာ

9.11.09

Junction Center


နေပြည်တော်မှာ Junction Center က နည်းနည်း နာမည်ကြီးနေတယ်။ ရန်ကုန်သူ ရန်ကုန်သားတွေ စုဝေးတဲ့ နေရာလို့လဲ ဆိုရမယ်။ ရန်ကုန်က ၀န်ထမ်းတွေ နေပြည်တော်ကို ပြောင်းရွှေ့လာကြရတော့ ရန်ကုန်က Shopping Center တွေကို လွမ်းနေကြမှာ မလွှဲပေါ့။

ဒီအချိန်မှာ Junction Center က ရန်ကုန် အလွမ်းပြေပေါ့။ ရန်ကုန် Shopping Center တွေမှာ လိုချင်တာကို တစ်နေရာထဲမှာ ရတော့ လူသက်သာပြီး စိတ်ချမ်းမြေ့ရတယ်။ ပိတ်ရက်ဆို လူကို တိုးနေရတယ်။ ဈေးဝယ်ကြ၊ ရုပ်ရှင်ကြည့်ကြနဲ့ လူကို ပြည့်နေတယ်။

ဒီတစ်ပတ် ပိတ်ရက်တနင်္ဂနွေနေ့မှာ နေပြည်တော် ရောက်တုန်း ရုပ်ရှင်ကြည့်ဖြစ်တယ်။ ကားက မာမီရှိန်းတဲ့။ အချစ်ဟာသ ဇာတ်မြူးလေး။ ရုပ်ရှင်ရုံက Mini လေးပါ။ အရာရာကို လေ့လာတတ်တော့ ခုံတွေကို ရေကြည့်မိတယ်။ တစ်တန်းမှာ (၁၈)ခုံ၊ (၁၂)တန်းဆိုတော့ ၂၁၆ ခုံရှိတယ်။ ဈေးနှုန်းတွေက ၁၀၀၀၊ ၁၅၀၀၊ ၂၀၀၀ တဲ့။ ခြားနားထားတဲ့ စည်းတွေတော့ မတွေ့ဘူး။ မိမိတို့ တက္ကသိုလ်ကျောင်းတွေမှာ သင်တဲ့ စာသင်ခန်းတွေလိုမျိုး။ အောက်ကနေ အပေါ်ကို မြင့်တက်သွားတယ်။ အမြင့်ဆုံးက ၂၀၀၀။

၁၅၀၀ တန်းက ကြည့်ဖြစ်တယ်။ မိမိတို့နောက်မှာ ခုံတန်းနှစ်တန်းပဲ ရှိတော့တယ်။ အဲဒါက ၂၀၀၀ တန်းတဲ့လေ။ ရုပ်ရှင်ရုံအနေအထားကို သေချာကြည့်မိတယ်။ အောက်က ကော်ဇော်အနီ ခင်းထားတယ်။ လူတွေက မုန့်တွေစားပြီး အမှိုက်တွေ ပစ်ချတယ်။ ကုန်ပါပြီ ကော်ဇော်တော့။ Standard ကတော့ ခပ်မြင့်မြင့်ပဲ။ ထိုင်ခုံတွေက ဆိုဖာအသေးစားတွေ။ ကြာကြာ ထိုင်ကြည့်တာ မညောင်းဘူး။ Air Con ကတော့ အေးပါတယ်။ ရုံက သေးတာကိုး။ :)

ရုပ်ရှင် စပြပါပြီ။ မာမီရှိန်း .... ရန်အောင်၊ နေတိုး၊ အိန္ဒြာကျော်ဇင်၊ သဉ္ဖာဝင့်ကျော် တို့ပါတယ်။ ဇာတ်ကားက တော်တော် ရယ်ရတယ်။ မကြည့်ရသေးရင် သွားကြည့်ကြလေ။ ကောင်းတယ်။ ညွှန်းလိုက်ပြီနော်။ :)

မောင်စေတနာ

5.11.09

Window 7 တဲ့လား


မိမိစက်က Window XP SP3 ပါ။ သုံးနေရင်းနဲ့ အမည်မသိဗိုင်းရပ်စ် ကိုက်ခံလိုက်ရတယ်။ ၀င်းဒိုးဖွင့်လိုက်ရင် Desktop က ဖိုင်တွေ Icon တွေ မပေါ်တော့ဘူး။ စိတ်လေသွားတယ်။ မိမိကလဲ ဒီ Window ကို ဖြုတ်ချချင်နေတာ ကြာပြီ။ အခုတော့ Window အသစ် ပြန်တင်ရတော့မယ်ပေါ့။ တင်မယ့် တင် Window 7 ကို တင်ချင်မိတယ်။ အင်တာနက်က ရှာတော့လဲ လင့်တွေက အသေတွေများတယ်။ Microsoft က ဖျက်ခိုင်းတယ်ဆိုပဲ။

ဒါနဲ့ ဆိုင်မှာ သွားဝယ်လိုက်တယ်။ DVD တစ်ချပ်ပေါ့။ တစ်ထောင်ပဲ ပေးရတယ်။ ပြီးတာပဲ။ အလုပ်ရှုပ်လဲ သက်သာတယ်။ ရောက်ရောက်ချင် Window တင်တယ်။ အရင် အဟောင်းကို မဖြတ်မိတော့ Over ဖြစ်ပြီး ပိုလေးသွားတယ်။ Drive C: ကို ကြည့်လိုက်တော့ ပြည့်နေတယ်။ အမ် . . . တစ်ခုခုတော့ မှားမှန်းသိလိုက်တယ်။

ဒါနဲ့ အသစ်ပြန်တင်တယ်။ Window XP တင်နည်းနဲ့ ကွာတယ်။ ဒါနဲ့ Format ချဖို့တွေဘာတွေက သူက ဖုံးထားတယ်။ ဖော်ကြည့်မှရတာ။ ကွန်ပျူတာ ကိုင်လာတာ ကြာပီဆိုတော့ ဘာလာလာ အိုကေနေတယ်။ နည်းလမ်းတွေကို ကောင်းကောင်း ကိုင်တွယ်တတ်နေပြီလေ။ (ဟီး ကြွားတာ)

Window 7 တင်တာ မြန်လိုက်တဲ့ ဖြစ်ချင်။ အယ် ... မိမိစက်က Intel (R) Core(TM)2 Duo CPU 2.8GHz 2.79 GHz , 1,00 GB, 32 bit Operation System , 160 HD ပါ။ Window 7 ကို ကောင်းကောင်းနိုင်တယ် ဆိုရမယ်။ Window က ခဏပဲ တင်ရတယ်။ မြန်လိုက်တာ။ ဒီတစ်ချက်နဲ့တင် ကျေနပ်နေပြီ။

Desktop ပေါ်ရောက်ပြီ။ မြင်ကွင်းက Vista အတိုင်း။ ဒါပေမယ့် ပေါ့ပါးနေတယ်။ ကြိုက်ပြန်ပြီ တစ်ချက်။ ဟိုလုပ် ဒီလုပ်ပေါ့။ စမ်းတယ်။ စက်ပိတ်ကြည့်တယ်။ မြန်တယ်။ Good ။ ပြန်ဖွင့်တယ်။ မြန်တယ် Good ။ အယ် ပြဿနာက စပြီ။ မိမိမှာ ရှိတဲ့ ပရင့်တာက Canon Laser Shot LBP 1120 ။ သူက Window XP ထိပဲ လက်ခံတယ်။

စိတ်လေသွားတယ်။ ဘာလုပ်ရင် ကောင်းမလဲပေါ့။ ဒါနဲ့ Network ချိန်ထားတဲ့ ကွန်ပျူတာတွေက XP SP3 တွေ ။ Network လှမ်းခေါ်လိုက်တယ်။ ပြီးတော့ Printer ကို Connect လုပ်လိုက်တော့ ထုတ်လို့ရသွားတယ်။ ဟူး .. သက်ပြင်းချမိတယ်။ တော်သေးတယ်။

ဘာပဲပြောပြော Window 7 လေးနဲ့ အဆင်ပြေနေတာတော့ အမှန်ပဲ။ ထူးခြားတဲ့ မြင်ကွင်းတွေနဲ့ လှပတဲ့ ဒီဇိုင်းတွေကို မြင်တွေ့ ခံစားရင်း ... . .. .


မောင်စေတနာ

31.10.09

မာမာအေးသီချင်းများ


မာမာအေး ပေါ်တုန်းက မိမိပင် မမွေးသေးပါဘူး။ မာမာအေး သီချင်းနှင့် အသံကို စွဲလမ်းနှစ်သက်ခဲ့တာတော့ ၂၀၀၆ ခုနှစ် မေလလောက်က ဖြစ်နိုင်ပါတယ်။ နားထောင်ပါ များတော့ တော်တော်ကို နှစ်သက်လာပါတယ်။ အဆွဲအငင် အဖြတ်အတောက် သေသပ် ပိုင်နိုင်မှုကို လေးစားမိပါတယ်။ နားထောင်ပြီးရင် နားထောင်ချင်အောင် စွဲဆောင်မှု အပြည့်ရှိပါတယ်။ အသံနေ အသံထားက။ စိတ်ဝင်စားသူများ ဒေါင်းယူနိုင်ပါပြီ။ ရှားပါးပြီး ရှာရခက်တဲ့ သီချင်းတွေဆိုတာတော့ ပြောလိုပါတယ်။



မောင်စေတနာ

(၂)နှစ်ပြည့်ပြီ

ဘာလိုလိုနဲ့ နှစ်နှစ်ပြည့်ခဲ့ပြီ။ ဘလော့ကို ကွန်နက်ရှင် ကောင်းတဲ့အခါ စိတ်ဓာတ်တက်ကြွစွာ ရေးလိုက်၊ ကွန်နက်ရှင် ကျတဲ့အခါ စိတ်ပျက်စွာ နားလိုက်နဲ့ အခုတော့ နှစ်နှစ်တောင် ပြည့်ခဲ့ပြီ။ ဘလော့ကို ပြန်သုံးသပ်ကြည့်မိတယ်။ ဘာတွေများ စာဖတ်သူတွေအတွက် အကျိုးပြုနိုင်သလဲ။

နည်းပါ့။ ဆော့ဝဲလ်တွေက အသေးစားလေးတွေ။ မိမိသုံးမိတော့ ကြိုက်ရင် တင်မိတဲ့ အရာလေးတွေ။ စာပေတွေက ခံစားချက် ပေါ်တိုင်း ရေးတာတွေ။ နည်းလမ်းတွေက အကင်းလေးတွေ။ ကဗျာတွေက ကဗျာမပီ စာမမြည်လေးတွေ။ အင်း ကောင်းတာ တစ်ခုမှ မပါပါလား။

မှတ်ချက်တွေ ပြန်စစ်ကြည့်တယ်။ ပို့စ်ပေါင်း(၄၂၅)မှာ မှတ်ချက်က ငါးဆယ်ပင် မပြည့်။ စာဖတ်သူစာရင်းကို ကြည့်မိ၏။ တစ်နေ့ကို ခန့်မှန်းခြေ နှစ်ရာနီးပါး လာရောက် ဖတ်ရှုကြ၏။ Cbox တွင် လာလည်တယ်လို့ ပြောသလို မှတ်သွားတယ်၊ ကျေးဇူးတင်တယ်၊ နောက် စာတွေမရေးနဲ့၊ မင်းက ဘာကောင်လဲ စသဖြင့် ရေးသွားကြတယ်။ လူအမျိုးမျိုး၏ Feedback များ။

ဘာပဲပြောပြော ရေးသားလာခဲ့တာ (၂)နှစ်တော့ ပြည့်ခဲ့ပြီ။ အကြောင်းအမျိုးမျိုးကြောင့် ဘယ်အချိန် ရပ်တန့်မလဲဆိုတာ မသိနိုင်ပါ။ အမြဲတမ်းတည်တံ့ဖို့ဆိုတာ ပြောရခက်တဲ့ လောကကြီးမို့ မိမိအနေဖြင့် ကြိုးစား၍ အပေါစာ စာပေများ ဆက်လက်ရေးသားနိုင်ရန် စိတ်ကူးရင်း . . . . .


မောင်စေတနာ

27.9.09

Happy 11 th Birthday Google

ဒီကနေ့ဟာ ကျွန်တော်တို့ အချစ်တော်ကြီး Google ရဲ့ သက်တမ်း ၁၁ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ၂၇.၉.၂၀၀၉ ရက်နေ့ ဖြစ်ပါတယ်။ Google ကို ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်မွေးဖွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ Google.com ဆိုတဲ့ Domain ကို မှတ်ပုံတင်ခဲ့ပါတယ်။ ဒါပေမယ့် လူသိများသော နေ့ရက်ကတော့ ၁၉၉၈ ခုနှစ် စက်တင်ဘာလပဲ ဖြစ်ပါတယ်။ အခမ်းအနား အထိမ်းအမှတ်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။



Google ဟာ သူရဲ့ မွေးနေ့မှာတော့ Logo ပုံစံကို ရိုးရိုးသာ ပြုလုပ်ထားပါတယ်။ ၁၀ နှစ်ပြည့် မွေးနေ့တုန်းက ပုံကတော့ အပေါ်က ပုံလေးပါ။ နှိုင်းယှဉ်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အချစ်တော် Google ကြီး နှစ်ပေါင်းရာကျော် တည်တံ့စေဖို့ Happy Birthday လို့ ဆုတောင်းပေးလိုက်ပါတယ်။


မောင်စေတနာ

9.9.09

Myanmar Bogger Survey 2009

ယခင်ဩဂုတ်လ တစ်လလုံး ကောက်ယူခဲ့သော Myanmar Blogger Survey မှာ လူပေါင်း ၂၄၀ သာ ရှိသေးကြောင်း၊ မြန်မာ့ဘလော့များ ထပ်မံရှိနေသေးပြီး ဖြည့်စွက်ပေးကြရန်အတွက် စက်တင်ဘာလ တစ်လကို ထပ်မံ ပိုက်ဆံပေးပြီး Myanmar Blogger Survey ကို Extend လုပ်ထားကြောင်း။

ဒီစစ်တမ်းကို ပညာရှင်များ၊ နိုင်ငံတကာမှ မီဒီယာများလည်း စိတ်ဝင်စားမှုရှိကြတဲ့အတွက် ပိုမိုတိကျတဲ့ Result ရဖို့ရာ မြန်မာဘလော့ လူငါးရာခန့် Myanmar Blogger Survey မှာ ပါဝင်ဖြည့်စွက်ဖို့ လိုအပ်နေကြောင်း ကိုညီလင်းဆက် ဆိုက်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာ့ဘလော့ဂါ အပေါင်းတို့မှ ပါဝင်ဖြည့်စွက်ခြင်းဖြင့် ကူညီပေးကြပါရန် မိမိမှ တစ်ဆင့် ထပ်မံ တိုက်တွန်းကြေညာအပ်ပါသည်။

မောင်စေတနာ

10.8.09

Wallpaper

ဒီကနေ့ကတော့ လှပတဲ့ Desktop Wallpaper များကို ဖော်ပြပေးလိုက်ပါတယ်။ မိမိတို့ရဲ့ Desktop မြင်ကွင်း ဆန်းပြား လှပနေဖို့အတွက် ပုံမ၀ါးတဲ့ ပုံတွေ ဖြစ်ပါတယ်။ Wallpaper ဖြစ်တဲ့အတွက် ကြည်လင်လှပနေပါတယ်။ စိတ်ဝင်စားသူများ အောက်တွင် ယူနိုင်ပါတယ်။

၁) Download
၂) Download
၃) Download
၎) Download
၅) Download
၆) Download


မောင်စေတနာ

26.7.09

Youth Networks တဲ့လား


ယနေ့ခေတ်က လူငယ်တွေ ခေတ်ဖြစ်ပါတယ်။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့ စကားလဲ ရှိတာ လူငယ်တိုင်း သိမှာပါ။ ဆိုလိုချင်တာက ယနေ့ လူငယ်တွေဟာ နောင်တစ်ချိန်မှာ နိုင်ငံရဲ့ တိုင်းပြည်ရဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုမှာ တာဝန်အရှိဆုံးဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပါတယ်။

လူငယ်တွေ အနေနဲ့ ငယ်ရွယ်တုန်းမှာ အတတ်ပညာမျိုးစုံ တတ်မြောက်အောင် သင်ကြားနေကြရပါတယ်။ အကယ်၍ သင်ကြား တတ်မြောက်ထားတဲ့ ပညာတွေကို တစ်ဦးနှင့် တစ်ဦး ဝေမျှခြင်းနဲ့ မိမိကိုယ်ကိုရော အခြားသူတွေပါ တိုးတက်ဖွံ့ဖြိုးစေအောင် ဆောင်ရွက်မယ်ဆိုရင် မြန်မာ့လူငယ် အသိုင်းအ၀ိုင်းဟာ မတိုးတက်စရာ အကြောင်းမရှိပါဘူးလို့ တွေးထင်မိပါတယ်။

အဲဒီရည်ရွယ်ချက်တွေနဲ့ Youth Network ဆိုက်ကလေးကို တည်ဆောက်ထားပါတယ်။ YouthNetwork ဆိုက်ကလေးဟာ တစ်ဦးတစ်ယောက်ထဲ အတွက် မဟုတ်ပါဘူး။ လူငယ်အားလုံးအတွက် ရည်ရွယ်ထားပါတယ်။ လူငယ်တွေအနေနဲ့ မိမိတို့ သိတယ်၊ တတ်တယ် ဆိုတဲ့ အတွေးအခေါ်ဖြစ်စေ၊ နည်းပညာဖြစ်စေ တတ်သမျှ အရာလေးများကို ဝေမျှကြဖို့ ဖိတ်ခေါ်ထားပါတယ်။

မောင်စေတနာ

30.6.09

သံဃာတော်အပါး ၂၀၀ အတွက် ဆွမ်းကပ်လှူဒါန်းနိုင်

၉.၇.၂၀၀၉ ရက်နေ့တွင် စစ်ကိုင်းတောင်တွင် ဆွမ်းခံကြွသော သံဃာတော်အပါး ၂၀၀ အတွက် ဆွမ်းဆက်ကပ်လှူဒါန်းမည် ဖြစ်ပါသည်။

၉-၇-၂၀၀၉ ရက်နေ့တွင် စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း၊ သာသနာ့ဝေပုလ္လ ကျောင်းတိုက်ရှိ ဆရာတော် ဦးကောဝိဒ မွေးနေ့ ဖြစ်ပါသည်။ အဆိုပါနေ့တွင် ဆရာတော်ဘုရားမှ အလှူအတန်းများ ကျင်းပပြုလုပ်မည် ဖြစ်ပြီး နည်းပညာဟောပြောပွဲ၊ စာပေဟောပြောပွဲများ ပြုလုပ်ဆောင်ရွက်ပေးမည် ဖြစ်ပါသည်။

မွေးနေ့တွင် ဤအစီအစဉ်များ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို အွန်လိုင်းပေါ်တွင် ဆရာတော်ဘုရားနှင့် တွေ့ဆုံပြီး မေးမြန်းလျှောက်ထားရာတွင်

“ ဦးဇင်းမွေးနေ့မှာ ကုသိုလ်ရမည့် အလုပ်မျိုးတွေ စဉ်းစားကြည့်တယ်.။ ခေါင်းထဲမှာ စဉ်းစားခန်းတစ်ခု ၀င်လာခဲ့တယ်။ အမှန်တကယ် လိုအပ်နေတဲ့ အချိန်မှာ လိုအပ်နေတာကို ဖြည့်ဆည်းပေးချင်တဲ့ စိတ်ကလေး ဦးဇင်းရဲ့ စိတ်မှာဖြစ်ပေါ်ပြီး ဆုံးဖြတ်ချက် တစ်ခု ချမိတယ်။

စစ်ကိုင်းတောင်မှာ သံဃာတော်များ ဆွမ်းခံထွက်ဖို့ အလွန်ကို ခက်ခဲနေတယ်..။ အခက်အခဲ ကြားထဲကနေပဲ ဆွမ်းခံထွက်ကြရတယ်။ စစ်ကိုင်းတောင်မှာ မနက် ၄ နာရီ အာရုံတက်ချိန် ရောက်ရင် တောင်အဆင်းလမ်းမှာ ကိုရင်လေးတွေ၊ ရဟန်းတော်တွေ၊ သက်တော်ကြီးပြီ ဖြစ်တဲ့ ရဟန်းတော်ကြီးတွေ သပိတ်ကို ရင်မှာပိုက်ပြီး ဆွမ်းခံထွက်တာကိုတော့ လူတိုင်း တွေ့မြင်ဖူးစေချင်တယ်။ အဲဒီသံဃာတော်တွေ ဘယ်အထိများ ဆွမ်းခံကြွကြမလဲ။ သံဃာတော်တွေ ဆွမ်းများ ပြည့်စုံကြပါ့ မလား.. အာရုံဆွမ်းကော ဘုန်းပေးခဲ့ကြရဲ့လာ... ဒါတွေဟာ အလွန်စဉ်းစား သင့်တဲ့ကိစ္စပါ..။ ဘာဖြစ်လို့လဲဆိုတော့ မနက်အစောကြီးထပြီး ဆွမ်းခံထွက်ရာမှာ နောက်ကျရင် ဆွမ်းကိစ္စ ပြည့်စုံဖို့ မလွယ်ဘူးလေ။ အဲဒါကြောင့် အာရုံဆွမ်းကို ပဓာနမထားဘဲ နေ့ဆွမ်းပြည့်စုံ ရေးကိုသာ ဦးစားပေး အားထားနေ ကြရရှာတယ်..။

ဦးဇင်း ၀ါတွင်းကာလတုန်း ကတော့ သံဃာတော်တွေ အာရုံဆွမ်း ကပ်လှူမည့်ကိစ္စကို အဆင်ပြေအောင် ကြိုးစား ဆောင်ရွက်ခဲ့ပါတယ်.။ နောက်ပိုင်း စစ်ကိုင်းမှာ သင်တန်းတွေ တိုးချဲ့ဖွင့်လှစ်တော့ စစ်ကိုင်းသင်တန်းမှာ အလှူရှင် သင်တန်းတစ်ခု ပြီးတဲ့အထိ လှူတဲ့သူဆိုတာ မရှိဘူးလေ။ အဲဒါနဲ့ ဦးဇင်းရဲ့ ဆွမ်းလောင်းတဲ့ ကိစ္စလည်း နားထားခဲ့ရတယ်..။

ဝါတွင်းကာလထက် ဦးဇင်းက ၀ါပကာလကို ပိုပြီးလှူချင်တာပါ..။ ဘာဖြစ်လို့လဲ ဆိုတော့ ဦးဇင်းဝါတွင်း ကာလမှာ အလှူအတန်း လုပ်တဲ့သူ ဆွမ်းလောင်းတဲ့သူက များတယ်လေ။ ၀ါပ ကာလမှာ လည်းသံဃာတော် များဆွမ်းဘုန်း ပေးကြရပါတယ်။ အဲဒီဝါပကာလမှာ ဆွမ်းခက်ခဲတဲ့ ကိစ္စကို ဘယ်သူသိပြီး ဘယ်သူ စဉ်စားမလဲ။ အခုလောလောဆယ် ပြောချင်တာ ကတော့ ဦးဇင်း အခုမွေးနေ့မှာ ဆွမ်းခံကြွတဲ့ သံဃာတော်များကို အာရုံဆွမ်း ဆက်ကပ်လှူဒန်းဖို့ ရွေးချယ်ထားပြီးပါပြီ..။ အခုလို ရွေးချယ်ပြီးတော့လည်း ကပ်မည့်ဆွမ်းကို ရွေးချယ်ရ ပြန်ပါတယ်။ ၀ါတွင်းကာလတုန်း ကတော့ ဦးဇင်း မုန့်ဟင်းခါး ကပ်လှူခဲ့ပါတယ်.။ အခုလက်ရှိ ဆွမ်းခံကြွတဲ့ သံဃာတော်များကို ဦးဇင်းက နတ်သုဒ္ဓါ ဒံပေါက်ဆွမ်း ကပ်လှူမှာ ဖြစ်ပါတယ်.။ ဘာဖြစ်လို့လဲ ဆိုတော့ စစ်ကိုင်းတောင်မှာ အခုဆွမ်းခံကြွတဲ့ ကိုရင်လေးတွေကို မေးကြည့်နိုင်ပါတယ်..။ သူတို့လေးတွေကို အိမ်မှာပင့်ပြီး ဆွမ်းကပ်မည့် သူလည်း မရှိဘူး။ အခုဖြစ်နေတာ တွေက ဆွမ်းကပ်မယ် ဆိုရင် ပြည့်စုံနေတဲ့ ကျောင်းတွေက ဆရာတော် တွေလောက်ပဲ ကပ်ချင်ကြတာကိုး။ အဲဒီလိုဆွမ်းမျိုးကို ဆွမ်းခံကြွတဲ့ သံဃာတော်တွေ တစ်နှစ်နေလို့ တစ်ခါဘုန်းပေးဖို့ မလွယ်ဘူး။ အလွန်ပြောတာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကထိန်တို့ အလှူတို့ရှိမှ သာ ဘုန်းပေးခွင့် ကြုံကြမှာပါ။ အခုခေတ် ကထိန်တို့ အလှူတို့ ဆိုတာကလည်း အလွန်နာမည်ကြီးတဲ့ ကျောင်းတိုက်ကြီးထဲမှာ ချမ်းသာတဲ့ သူတွေကို ဖိတ်ပြီး လှူဒါန်းနေကြတယ်.။ အပြင်မှာ တောင်းရမ်းတဲ့ သူလာရင် မောင်းထုတ်ကြတယ်။ အဲဒါမျိုးတွေ မြန်မာနိုင်ငံမှာ ရှိနေကြတယ်။ အဲဒါတွေကတော့ ထားလိုက်ပါတော့.။ သူများအလှူကို အကုသိုလ်ပွား သလိုဖြစ်နေမှာ စိုးလို့လေ..။

အခုကိုယ့်အလှူ အကြောင်းပဲ ပြောကြရအောင် အခုဦးဇင်း လှူမည့်အလှူမှာက သံဃာတော်တွေကို အာရုံဆွမ်း ကပ်လှူမှာ ဖြစ်ပါတယ်.။ အခု စာဖတ်ပရိတ်သတ်တို့ မနက်ခင်း အစောကြီးထပြီး ကိုးနာရီဆယ်နာရီအထိ မသုံးဆောင်ပဲ နေနိုင်ကြလား။ လူတိုင်း နေနိုင်ကြလိမ့်မယ်လို့ ဦးဇင်းမထင်ဘူး..။ အခုလို သာသနာ့တာဝန် တွေကို ထမ်းဆောင်နေကြတဲ့ သံဃာတော်များကို ဆွမ်းလောင်း လှူမည့်ကိစ္စမှာ ပါဝင်လှူဒါန်း ကြမည်ဆိုပါက ၀၉-၂၁၁၀၂၀၂ ကို ဆက်သွယ် လှူဒါန်း နိုင်ကြပါတယ်.။ သံဃာတော် တစ်ပါးအတွက် ဆွမ်းစားရိတ်၊ အချိုပွဲ စုစုပေါင်း ငွေကျပ်(၁၂၀၀)ခန့် ကုန်ကျမှာ ဖြစ်ပါတယ်။

ဆရာတော်ဦးကောဝိဒထံ မေးမြန်းလျှောက်ထားရာမှ ဖြေကြားချက်များ ဖြစ်ပါတယ်။ ပါရမီရှင် အလှူရှင်များ အနေနဲ့လည်း သံဃာတော်များအတွက် လှူဒါန်းနိုင်ရန်အတွက် နိဗ္ဗာန်အကျိုးမျှော်၍ နိုးဆော်လိုက် ပါတယ်။


မောင်စေတနာ

28.6.09

နှမြောတမ်းတ လွမ်းရပါ၏




၂၀၀၉ ခုနှစ်၊ ဇွန်လ ၂၅ ရက်မှာ the king of Pop ဖြစ်သော Michael Jackson ကွယ်လွန်ခဲ့ပါပြီ။ ၎င်း၏ သီချင်းများဖြင့် မီဒီယာများမှ လွမ်းဆွေးဖွယ် ပြန်လည် ထုတ်လွှင့်နေပါသည်။ မီဒီယာများမှ တစ်ဆင့် ပေါ့ဘုရင် မိုက်ကယ်ဂျက်ဆင်ကို နှမြောတမ်းတ ဖြစ်မိပါသည်။ မိုက်ကယ် တစ်ယောက် ကောင်းရာသုတ လားပါစေ။

မောင်စေတနာ

25.6.09

ဆရာတော် မွေးနေ့

စစ်ကိုင်းမြို့၊ စစ်ကိုင်းတောင်ရိုး၊ လပြည့်ဝန်းလမ်း၊ သာသနာ့ဝေပုလ္လ ကျောင်းတိုက်ရှိ ဆရာတော် ဦးကောဝိဒသည် ပညာဒါနများ ဆောင်ရွက်လျက် ရှိပါသည်။ ကွန်ပျူတာ သင်တန်းများ အခမဲ့ ဖွင့်လှစ်ပေး လျက်ရှိပါသည်။ အလှူရှင်များ သည်လည်း ပါဝင်လှူဒါန်းလျက် ရှိကြပါသည်။ ၂၁.၁.၂၀၀၉ ရက်နေ့ မှစ၍ သင်တန်းများကို တိုးချဲ့ဖွင့်လှစ် သင်ကြားဆဲ ဖြစ်ပါသည်။ ဆရာတော်ဘုရားသည် လောကီပညာများအား ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များ အပေါ်တွေ စေတနာ ပြည့်ဝစွာ အားသွန် ခွန်စိုက် ဆောင်ရွက်ပေး လျက် ရှိပါသည်။

၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့သည် ဆရာတော် ဦးကောဝိဒ ၏ မွေးနေ့ ဖြစ်ပါသည်။ ဆရာတော် ဘုရား မွေးနေ့တွင် ဆရာတော်၏ ပညာဒါန ဆောင်ရွက်မှုများ အပေါ် အလှူအတန်းများ ပြုလုပ်နိုင်ပါသည်။ လုပ်အား ဒါန၊ ငွေအား ဒါနနှင့် တတ်နိုင်သည့် ဒါနအားများကို ဖြည့်ဆည်းဆောင်ရွက် ပေးစေလို၍ ယခုပို့အား ရေးသား တင်ပြလိုက် ရခြင်း ဖြစ်ပါသည်။ ဆရာတော်ဘုရား၏ လုပ်ငန်း ဆောင်ရွက်မှုများ ကိုလည်း ၀က်ဆိုက် ရေးသား၍ ဖော်ပြထားပါသည်။ လေ့လာလိုပါက http://kovida.multiply.com ဖြစ်ပါသည်။ အားလုံးအား လေးစားစွာဖြင့် . . . . . .


မောင်စေတနာ