26.7.09

Youth Networks တဲ့လား


ယနေ့ခေတ်က လူငယ်တွေ ခေတ်ဖြစ်ပါတယ်။ ယနေ့ လူငယ် နောင်ဝယ် လူကြီး ဆိုတဲ့ စကားလဲ ရှိတာ လူငယ်တိုင်း သိမှာပါ။ ဆိုလိုချင်တာက ယနေ့ လူငယ်တွေဟာ နောင်တစ်ချိန်မှာ နိုင်ငံရဲ့ တိုင်းပြည်ရဲ့ အလုံးစုံ ဖွံ့ဖြိုးတိုးတက်မှုမှာ တာဝန်အရှိဆုံးဖြစ်ကြောင်း ဆိုလိုခြင်း ဖြစ်ပါတယ်။

လူငယ်တွေ အနေနဲ့ ငယ်ရွယ်တုန်းမှာ အတတ်ပညာမျိုးစုံ တတ်မြောက်အောင် သင်ကြားနေကြရပါတယ်။ အကယ်၍ သင်ကြား တတ်မြောက်ထားတဲ့ ပညာတွေကို တစ်ဦးနှင့် တစ်ဦး ဝေမျှခြင်းနဲ့ မိမိကိုယ်ကိုရော အခြားသူတွေပါ တိုးတက်ဖွံ့ဖြိုးစေအောင် ဆောင်ရွက်မယ်ဆိုရင် မြန်မာ့လူငယ် အသိုင်းအ၀ိုင်းဟာ မတိုးတက်စရာ အကြောင်းမရှိပါဘူးလို့ တွေးထင်မိပါတယ်။

အဲဒီရည်ရွယ်ချက်တွေနဲ့ Youth Network ဆိုက်ကလေးကို တည်ဆောက်ထားပါတယ်။ YouthNetwork ဆိုက်ကလေးဟာ တစ်ဦးတစ်ယောက်ထဲ အတွက် မဟုတ်ပါဘူး။ လူငယ်အားလုံးအတွက် ရည်ရွယ်ထားပါတယ်။ လူငယ်တွေအနေနဲ့ မိမိတို့ သိတယ်၊ တတ်တယ် ဆိုတဲ့ အတွေးအခေါ်ဖြစ်စေ၊ နည်းပညာဖြစ်စေ တတ်သမျှ အရာလေးများကို ဝေမျှကြဖို့ ဖိတ်ခေါ်ထားပါတယ်။

မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: