27.9.09

Happy 11 th Birthday Google

ဒီကနေ့ဟာ ကျွန်တော်တို့ အချစ်တော်ကြီး Google ရဲ့ သက်တမ်း ၁၁ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ၂၇.၉.၂၀၀၉ ရက်နေ့ ဖြစ်ပါတယ်။ Google ကို ၁၉၉၇ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့မှာ စတင်မွေးဖွားခဲ့ပါတယ်။ အဲဒီနေ့မှာပဲ Google.com ဆိုတဲ့ Domain ကို မှတ်ပုံတင်ခဲ့ပါတယ်။ ဒါပေမယ့် လူသိများသော နေ့ရက်ကတော့ ၁၉၉၈ ခုနှစ် စက်တင်ဘာလပဲ ဖြစ်ပါတယ်။ အခမ်းအနား အထိမ်းအမှတ်ပွဲကို စက်တင်ဘာလ ၂၇ ရက်နေ့အဖြစ် သတ်မှတ်ခဲ့ပါတယ်။



Google ဟာ သူရဲ့ မွေးနေ့မှာတော့ Logo ပုံစံကို ရိုးရိုးသာ ပြုလုပ်ထားပါတယ်။ ၁၀ နှစ်ပြည့် မွေးနေ့တုန်းက ပုံကတော့ အပေါ်က ပုံလေးပါ။ နှိုင်းယှဉ်ပြခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အချစ်တော် Google ကြီး နှစ်ပေါင်းရာကျော် တည်တံ့စေဖို့ Happy Birthday လို့ ဆုတောင်းပေးလိုက်ပါတယ်။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Unknown said...

Thank you very much.