18.4.10

မင်း ပညာဒါန

၂၁ ရာစုကနေ စပြီး ပညာဒါနတွေ ခေတ်စားလာပါတယ်။ ကျေနပ်စရာ အားရစရာ ကောင်းလှပါတယ်။ ဘာသာစကား အခမဲ့သင်တန်းတွေ၊ ကွန်ပျူတာ အခမဲ့သင်တန်းတွေ၊ ဆွေးနွေးပွဲတွေ လုပ်လာတာ ဆိုရင်လဲ တဖြည်းဖြည်း ပိုများလာပါပြီ။ လူငယ်တွေ အနာဂတ်အတွက် ကျေနပ်စရာတွေ များပြားလာပါတယ်။

ယခုလဲ မင်းပညာဒါနကနေ မြန်မာလူငယ်များအတွက် အိုင်တီနည်းပညာ၊ ဘာသာစကားနှင့် အခြား အသိပညာ ဗဟုသုတများကို အခမဲ့ ဖြန့်ဝေ သင်ကြားပို့ချပေးနေပါတယ်။

စမ်းချောင်းမြို့နယ်၊ လင်းလွန်းတောင် ရပ်ကွက်၊ ဗားကရာလမ်း၊ ဥယျာဉ်ကျောင်းတိုက် မင်းကျောင်းဝင်း အတွင်းမှာ ၂၀၀၉ ခုနှစ် အောက်တိုဘာလဆန်းကတည်းက ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။


“မင်း ပညာဒါန” သင်တန်းကျောင်းမှာ

  • အခြေခံ ကွန်ပျူတာ သင်တန်း (Basic Computer Training)၊
  • အခြေခံ ၀က်ဘ်ဆိုက် ရေးဆွဲနည်း (Web Design)၊
  • အခြေခံ စာစီစာရိုက် (Basic DTP – Desktop Publishing),
  • Graphic Design,
  • Hardware
  • Networking,
  • English Speaking & Translation,
  • Japanese Language

စသည့် သင်တန်း အသီးသီးကို ၃ လ တစ်ကြိမ်၊ အပတ်စဉ် စနေနှင့် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိပါတယ်။ သင်တန်းများအားလုံးကို အခမဲ့ သင်ကြားပို့ချ ပေးနေခြင်း ဖြစ်ပါတယ်။ အသေးစိတ်ကို www.minitsg.com မှာ လေ့လာနိုင်ပါတယ်။

မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Unknown said...

gtalkတွင်music name ဖော်နည်းအဆင်ပြေတယ်ဗျို့ 