Firefox က ပေးတဲ့ add-on တွေထဲမှာ အသုံးဝင်တာတွေ များလှပါတယ်။ မိမိကိုယ်တိုင်လဲ သုံးဖူးတာတွေ များပါတယ်။ အဲဒီထဲကနေ add-on တစ်ခုကို ဖော်ပြလိုက်ပါတယ်။ Google Shortcuts အမည်ရပါတယ်။ Google နဲ့ ပတ်သက်ပြီး အလွယ်တကူ ဖွင့်လို့ရတဲ့ add-ons တစ်ခုပါပဲ။ Click တစ်ချက်ပေးရုံနဲ့ ဖွင့်နိုင်ပါတယ်။

များပြားလှတဲ့ Shortcuts တွေ ပါဝင်ပါတယ်။ လူအများစု သုံးစွဲတာကတော့ Mail, Reader, Web Search, Document, Sites, Blogger, Blogsearch စတာတွေ ဖြစ်ပါတယ်။ အဲဒါတွေကိုပဲ ရွေးပြီး ဖွင့်ရင်လဲ ရပါတယ်။ မိမိနှစ်သက်ရာတွေကို အလွယ်တကူ ဖွင့်နိုင်ပါတယ်။ သုံးကြည့်ရင်းနဲ့ သိနိုင်တာမို့ ရှည်ဝေးစွာ မပြောလိုပါ။ Download ကို ဒီမှာ သွားယူနိုင်ပါတယ်။
မောင်စေတနာ
1 ယောက် မှတ်ချက်ပြုသည်:
ဦးဦးစေတနာ လိုင်းမကောင်းလို့နောက်မှပဲဒေါင်းတော့မယ်ဗျ
Post a Comment