3.7.15

ကွန်ပျူတာမှာ Zapya သုံးမယ်

ပုံမှန်အားဖြင့်တော့ ဖုန်းတွေနဲ့ ကွန်ပျူတာကို ချိတ်ဆက်တဲ့နေရာမှာ USB Cable တွေနဲ့ ချိတ်ကြတာပေါ့။ ဖုန်းထဲကို Data ထည့်ရင် ဖြစ်ဖြစ် ဖုန်းထဲက Data ကို ကွန်ပျူတာထဲ ထည့်ရင် ဖြစ်ဖြစ် ချိတ်ဆက်တတ်ကြတယ်။ 

ကြိုးနဲ့ မလုပ်ချင်ရင်တော့ ဖုန်းအချင်းချင်း ပို့ကြတဲ့ Zapya ကို သုံးဖို့ တိုက်တွန်းချင်တာပါ။ သုံးဖို့ဆိုရင်တော့ Laptop တွေနဲ့ Wireless ရတဲ့ Desktop တွေမှာ သုံးလို့ရပါတယ်။

သုံးနည်းကတော့ ကွန်ပျူတာက Zapya ကို ဖွင့်ထား။ ဖုန်းက Zapya ကနေ Search and Join ကို နှိပ်ပြီး ရှာမယ်။ ကွန်ပျူတာ နာမည်တွေ့ရင် နှိပ်ပြီး ပို့ချင်တာ ပို့နိုင်ပါပြီ။

Zapya ကို  Download ယူပါ။

မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

ကိုနေ said...

အစ်ကို ကျွန်တော်က အကို့ရဲ့ တပည့်တစ်ယောက်ပါ အကို့ဆီမှ တစ်ခုတောင်ချင်တာပါ ရှိရင်တင်ပေးပါခင်ဗျာ ကျွန်တော်က နွမ်းပါးသူတစ်ယောက်ပါ ဘယ်သင်တန်းမှလည်းမတက်နိုင်ပါဘူး ဖုန်းပြုပြင်နည်းစာအုပ်ကို hardware ပိုင်းကို စိတ်ဝင်စားသူပါ ဖြစ်နိုင်မယ်ဆိုရင်ပေါ့အကို Shock ရှာဖွေနည်းကိုသိရင်ကို ကျွန်တော့်အတွက် တန်ဖိုးကြီးလှပါပြီခင်ဗျာ အပြစ်ကိုရှာတတ်ဖို့အတွက် ကျွန်တော့်ကိုကူညီပါဦး အကို
ကျေးဇူးမမေ့ပါဘူး ဆရာအမြဲကျန်းမာပျော်ရွှင်နိုင်ပါစေ...

Anonymous said...

အခုလို တစ်ကူးတစ်က မေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဖုန်းနဲ့ ပတ်သက်ပြီး ကိုယ်တိုင်က သိတာနဲတဲ့အတွက် ပြောမပြနိုင်တာ ခွင့်လွှတ်ပါ။ ကျေးဇူးတင်ပါတယ်။

မောင်စေတနာ