တစ်နေ့သ၌ ကျွန်ုပ်ထံသို့ အင်မတန်ရင်းနှီးသော မိတ်ဆွေတစ်ဦး ရောက်ရှိလို့ လာလေ၏။ ရောက်လျှင် ရောက်ချင်း . . . .
ကိုစေတနာကြီး ကူညီပါအုံး . . . ကျွန်တော်ရဲ့ Recorder လေးထဲက ဖိုင်တွေကို ယူမရတော့လို့ပါ . . . အရေးကြီးတဲ့ အသံဖိုင်တွေ အများကြီးပါ . . . လုပ်ပါအုံး . . .
အင်း . . . ဖြစ်လိုက်ရင် အသည်းအသန်ပါလား . . . ကိုယ့်လူ . . .
ကျွန်ုပ်လည်း ၎င်း၏ Recorder ကို Computer နှင့် ချိတ်ဆက်ကြည့်ရာ Format ချရန် err ပြလေ၏။ သို့နှင့် ကျွန်ုပ်လည်း Format လုပ်လိုက်လေ၏။
အာ . . . ကိုစေတနာကြီး . . . ဘယ်လိုလုပ်လိုက်တာလဲ . . ကျွန်တော် Data တွေ ကုန်ရောပေါ့ . . .
ဟဲ . . ဟဲ . .
ကျွန်ုပ်လည်း အားပါးတရ ရယ်မောမိပြီး
နေပါအုံး . . . ကိုယ်လူ့ရယ် . . . လာမှာပေါ့
ဟု ပြောဆိုပြီး ကျွန်ုပ်၏ စက်ထဲတွင် ရှိသော ပုံနှင့် အခြားဖိုင်များစွာကို ကောင်းစွာ ပြန်ယူနိုင်သော icare data recovery လေးဖြင့် ၎င်း၏ အသံဖိုင်များကို ယူပေးလိုက်လေတော့၏။ ထိုအခါမှ Data များကို မြင်နေရသော ကျွန်ုပ်၏ မိတ်ဆွေသည်လည်း အပျော်ကြီး ပျော်ကာ ကျေးဇူးအထူးပင် တင်ရှိပြီး ပြန်သွားလေတော့သည်။
မောင်စေတနာ
1 ယောက် မှတ်ချက်ပြုသည်:
kaspersky (2013)ကို ဘယ္လို update ေြဲရမ်ာလဲ ဆရာ။ scan ဖတ်လို့ virus တွေ့၇င် ဘာဆ။ကျေးဇူးပြက်လုပ်ရမှာလဲ၊ သူ့ဘာသာ အလိုလိုသတ်ပါသလား ဆရာ
Post a Comment