14.3.12

ကျွန်ုပ်နှင့် Ubuntu

တစ်နေ့သ၌ ကျွန်ုပ်သည် Ubuntu OS အပေါ် များစွာ သုံးစွဲလိုစိတ်ရှိပြီး ၂၀၁၀ ခုနှစ်က သုံးစွဲခဲ့သော်လည်း နားလည်တတ်ကျွမ်းမှု အားနည်းခြင်း၊ ရုံးလုပ်ငန်း လက်စွဲဖြစ်သော Page Maker နှင့် Microsoft Office များ သုံးစွဲ၍ မရခြင်းများကြောင့် လက်လျော့ခဲ့ရလေ၏။ ယခုတစ်ဖန် Ubuntu သည် 11.10 version ပင် ပေါ်ထွက်နေလေရာ ပြန်လည်သုံးစွဲလိုစိတ် ဖြစ်မိလေသည်။



ထို့ကြောင့် ကျွန်ုပ်သည် ယခင် ရှိခဲ့ဖူးသော Ubuntu 10.04 ဖြင့် Window 7 မှနေ၍ Wubi ဖြင့် စတင် Install လုပ် သုံးစွဲလေတော့၏။ Wubi ဖြင့် တင်ခြင်းအားဖြင့် Your uninstaller software ဖြင့် ပြန်လည် ဖျက်ပါက အကြွင်းမကျန် အကုန်ပျက်ခြင်းကြောင့် ဖြစ်၏။ ဆော့ဝဲလ်တစ်ခု တင်ပြီး ပြန်ဖျက်ရသလိုပင် ဖြစ်၏။

ပထမဦးစွာ Website များကို မြန်မာလို ဖတ်၍ ရအောင် ဇော်ဂျီဖောင့်ကို Install ပြုလုပ်ရလေ၏။ Ubuntu သုံးဖူးသူများ၏ လမ်းညွှန်များကြောင့် အဆင်ပြေစွာ ဇော်ဂျီဖောင့်နှင့် ကီးဘုတ်ကို Install လုပ်နိုင်လေသည်။ ထို့နောက် သိပ်ကိုစွဲလမ်းစွာ သုံးသည့် Crime Dock ကို Install လုပ် သုံးစွဲနေ၏။ Printer ထည့်သွင်းလိုသဖြင့် Google တွင် ရှာဖွေပြီး ထည့်သွင်းရာ အဆင်ပြေလေသည်။

သုံးစွဲသူ နည်းသေးသဖြင့် Ubuntu နှင့် ၎င်း၏ နည်းလမ်းများကို ဘလော့များတွင် ဖော်ပြမှု နည်းပါးသေး၏။ ကျွန်ုပ်၏ နောက်ပိုင်း ပို့စ်များတွင် Ubuntu ၏ နည်းလမ်းများကို ရေးဖြစ်လိမ့်မည်ဟု ထင်သည်။ ယခုပို့စ်သည် Ubuntu OS မှ တင်သော ပထမဦးဆုံးဖြစ်လေတော့၏။

မောင်စေတနာ

5 ယောက် မှတ်ချက်ပြုသည်:

ငြိမ်းစိုးဦး said...

နည်းပညာဆိုတာ ပျံ့နှံ့လေကောင်းလေမို့ ဖော်ပြပေးတာကို ၀မ်းသာမိပါတယ် ...

sayargyipar said...

Ubuntu ဆိုတာ ဘာမှန်းကို မသိတာ
ဆက်ရှင်းပေးပါဦး

YE AUNG said...

Ubuntu မှာ မြန်မာဖောင့်.နဲ့ကီးဘုတ်..ထည့်ပုံထည့်နည်းလေး ကို ရှင်းပြပေးပါ..
ကျေးဇူးတင်ပါတယ်..

Lyn Lyn said...

Ubuntu အကြောင်းသိလိုပါက lynlyn@mail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သိလိုသမျှဖြေကြားပေးပါ့မယ်။

Lyn Lyn said...

Ubuntu အကြောင်းသိလိုပါက lynlyn@mail.com ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်။ သိလိုသမျှဖြေကြားပေးပါ့မယ်။