9.3.12

Wireless Router ချိတ်ဆက်ပုံ

တစ်နေ့သ၌ မိတ်ဆွေကြီး မောင်လွင်သည် အာလာပ သလာပ ပြောဆိုရန်အတွက် ကျွန်ုပ်ထံသို့ ရောက်ရှိလို့လာလေ၏။ ၎င်း၏ အခက်အခဲများကို ပြောဆိုရင်း Wireless ချိန်ဆက်၍ မရသည့် ပြဿနာကို မေးမြန်းလေ၏။

Wireless အမျိုးအစားကို မေးကြည့်ရာ TP-LINK TL-WR941ND Wireless N Router ဖြစ်ကြောင်း ပြောလေ၏။ ဒီအတိုင်းတော့ မရကြောင်း၊ ကိုယ်တိုင်လိုက် လုပ်ပေးမည်ဟု ပြောဆိုကာ မောင်လွင်အိမ်သို့ ထွက်ခဲ့လေ၏။


အိမ်သို့ရောက်လျှင် လုပ်ငန်းစဉ်များကို အောက်ပါအတိုင်း လုပ်ဆောင်လေသည်-
(၁) ချိန်ဆက်မည့် Wireless Router ရှိ WAN ပေါက်တွင် အင်တာနက် ရရှိသည့် Cable ကြိုးကို တပ်ဆင်ပြီး WLAN ပေါက်တွင် Desktop Computer တစ်လုံး၌ တပ်ဆင်လေ၏။
(၂) ထို့နောက် Internet Explore ကို ဖွင့်၍ 192.168.1.1 ကို ရိုက်ဖွင့်လေ၏။
(၃) Box တစ်ခု ကျလာလျှင် User = admin နှင့် Password = admin ကို ရိုက်ဖွင့်လေ၏။
(၄) TP Link ထဲသို့ ရောက်ပါက Quick Start ကို နှိပ်ပါ။ Next ကို နှိပ်ပါ။
(၅) Static IP ကို ရွေးပြီး Next ကို နှိပ်ပါ။
(၆) IP Address , Subnet Mask, Default Gateway , Primary DNS , Secondary DNS တို့ကို ဖြည့်ပါ။ (ဥပမာ . 165.116.1.125 ၊ 255.255.255.0 ၊ 165.116.1.158 ၊ 203.81.64.20 ၊ 203.81.64.21 စသဖြင့် အင်တာနက် သုံးစွဲ၍ ရနေသော IP များကို ထည့်ပါ။)
(၇) နောက်တဆင့်ရောက်ပါက Next ။
(၈) Wireless Network Name တွင် မိမိနှစ်သက်ရာ အမည်ပေးပြီး Next လုပ်ပါ။(ဥပမာ- MMT Cyber Cafe)
(၉) Finish လုပ်ပါ။ Reboot လုပ်ပါ။
(Wireless Router ၏ လုပ်ငန်းစဉ်များ ဖြစ်သည်)

ထို့နောက် Internet Explore တွင် Internet Options ကိုဖွင့်၍ Connections tab မှ LAN setting ကို ဖွင့်ပါ။ Proxy Sever တွင် address ထည့်ပါ။ (ဥပမာ -ygncache.mpt.net.mm : 8080 )

၎င်းနောက် My Network Places တွင် Internet Protocol (TCP/IP)၌ Obtain an IP address automatically ကိုရွေး၍ Ok လုပ်ပါ။

www.google.com ကို ဖွင့်ကြည့်၍ ရပါက Wireless လုပ်ငန်းစဉ် ပြီးပြီ ဖြစ်၏။ တစ်ခြား Laptop တစ်လုံးတွင် Wireless ဖွင့်၍ No Proxy နှင့် Obtain an IP address automatically လုပ်ပြီး လှမ်းသုံးနိုင်ပြီးဟု လက်တွေ့ လုပ်ပြပြီး ဖြေရှင်းပေးလိုက်လေ၏။

မိမိ၏ Wireless Network ကို တစ်ခြားသူများ မသုံးစွဲစေလိုပါက Select Wireless Security တွင် WPA2-PSK-Personal (Recommended) အောက်၌ Password ပေး၍ အသုံးပြုနိုင်ကြောင်းနှင့် အဆင်မပြေက ထပ်မံမေးမြန်းနိုင်ကြောင်း ပြောကြားပြီး ကျွန်ုပ်၏ အိမ်သို့ ပြန်ခဲ့လေတော့သည်။

မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

Golden Mandalay Gold Shop said...

ကျေးဇူး အကို.......

ral said...

Postလေးတွေကို PDF နဲ့ ပါဒေါင်းလို့ရအောင် လုပ်ပေးပါလား။ ဒေါင်းပြီးသိမ်းထားချင်းလို့။
တချို့ဆိုဒ်တွေမှာ အဲ့ဒေါင်းဘို့ လင့်ခ်ပါတခါတည်းပေးထားတာ တွေ့ဘူးတယ်။ တချို့ Post တွေက ခုနေတော့ မလိုအပ်သေးဘူး။ နောင်တချိန်လိုအပ်တော့ တော်တော် ရှာရတယ်။ အင်တာနက်မရှိတဲ့အခြေအနေမှာဆိုပိုဆိုးတယ်။