တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိတ်ဆွေကျော်ကြီး မောင်လွင် ရောက်ရှိလို့လာပြီး Ubuntu သုံးနည်းနှင့် ဇော်ဂျီဖောင့် သွင်းနည်းကို မေးမြန်းလေ၏။
"ဗျို့ . . . ကိုစေတနာ . . ခင်ဗျားမလဲ အာအားရှိ အိမ်မှာပဲ ကုပ်နေတာကိုးဗျ . . . ဆိုင်လေးဘာလေး လာခဲ့ပါအုံးလား . . . "
"အိမ်း . . . လာချင်တာပေါ့ ကိုရင်ရာ . . . စိတ်သာ ရှိပေမယ့် မလုပ်နိုင်တာတွေက များသလား . . ."
"ထားပါတော့လေ . . . သိချင်တာရှိလို့ ရောက်လာခဲ့တာ . . . "
"သိပ်သိသပေါ့ ကိုရင် . . . လာတိုင်း သိချင်တာပဲ မေးပြန်သွားတာပဲဟာ . . ."
"ဟ ဟား . . ဟုတ်ပါရဲ့ . . . ဒီလိုပါ . . . Ubuntu က ခေတ်စားနေတာ အချိန်အတော်ကြပြီပေါ့ . . . နို့ပေမယ့် ကျွန်တော်အနေနဲ့ ကကြီးရေကတောင် မသိဘူး ဖြစ်နေလေရဲ့ . . . ဒါကြောင့် ကိုစေတနာတော့ သိကောင်းရဲ့ဆိုပြီး ထွက်လာခဲ့တာပဲဗျာ . . .
" အင်း . . . အထင်လဲ တယ်ကြီးသကိုး . . . . ကဲလေ ပေရှည်ပြီး ပြောမနေတော့ပါဘူး။ www.ubuntu.com ဆိုဒ်မှာ Ubuntu ကို သာ ဒေါင်းယူလိုက်။ ပြီးရင် Ubuntu OS ကို Install လုပ်။
Ubuntu မှာ ဇော်ဂျီ ဖောင့်တင်ဖို့ ဇော်ဂျီဖောင့်ကီးဘုတ်ကို ဒေါင်းယူ။ ဇော်ဂျီဖောင့် သွင်းနည်းစာအုပ်ကို ကြည့်ပြီးလုပ်။
စာအုပ်ဖတ်ကြည့်ပါအုံး . . . . ရှင်းသလားဆိုတာ ဟု မေးမြန်းရာ မောင်လွင်လည်း စာအုပ်ကို ဖတ်ကြည့်၍ ရှင်းလင်းကြောင်း၊ လုပ်ကြည့်မည်ဟု ပြောကြားပြီး ပြန်သွားလေတော့၏။
မောင်စေတနာ
2 ယောက် မှတ်ချက်ပြုသည်:
ကျေးဇူးတင်ပါတယ်ခင်ဗျာ...
နာမည်နဲ့ အကို ပေးနေတာတွေက တကယ်ကို စစ်မှန်ပါတယ် အကို
Post a Comment