14.1.10

Photo to Change from Folder

မိတ်ဆွေတစ်ယောက်က မေးတယ်။ Folder တွေမှာ မိမိရဲ့ ဓါတ်ပုံလေးနဲ့ အစားထိုးချင်တယ်။ ရလား။ သိပ်ရသပေါ့ ကိုယ့်လူရာ လို့ ပြောပြီး လုပ်ပြလိုက်တယ်။ မိတ်ဆွေလဲ တော်တော် ကျေနပ်သွားတယ်။ စာဖတ်သူများလဲ လုပ်ချင်ရင် အောက်နည်းအတိုင်းသာ လုပ်ပေတော့။


အဆင့်(၁)

၁) Start က All Programs ကနေ Paint ကို ဖွင့်ပါ။
၂) Paint ပေါ်လာရင် Open ကနေ မိမိတို့ လုပ်ချင်တဲ့ ဓါတ်ပုံကို ဖွင့်လိုက်။
၃) ဓါတ်ပုံပေါ်လာရင် Save As လုပ်။ Save As Box ပေါ်လာရင် File name မှာ ပေးချင်ရာပေး။ နောက်က ico လေး ထည့်ပေး။ (ဥပမာ - myphoto.ico ပေါ့)
၎) Save as type မှာ 24-bit Bitmap (*bmp,*dib) ကိုရွေးပြီး မိမိနှစ်သက်ရာမှာ Save လိုက်ပါ။

အဆင့်(၂)

၁) မိမိတို့ ပြောင်းချင်တဲ့ Folder ကို Right Click လုပ်ပါ။ Properties ကို ရွေး။
၂) Box ကျလာရင် Costoumize ကို ရွေး။ Change Icon ကို နှိပ်။ Brown ထဲမှာ ပထမက မိမိတို့လုပ်ထားတဲ့ ပုံကို ရွေးလိုက်။
၃) Ok ။ Apply ။ Ok ပေါ့။ ဒါဆို ပြီးပြီ။


မောင်စေတနာ

5 ယောက် မှတ်ချက်ပြုသည်:

Nay Lin said...

Thanks for sharing , I just know this

Anonymous said...

အစ်ကိုရေ
အစ်ကိုပြောသလို အိုင်ကွန်မှာ မိမိဓါတ်ပုံထည့်လို့ရပါတရ်
ဒါပေမဲ့ အိုင်ကွန်ဖိုင်တိုက်ပြောင်းထားတဲ့ဓါတ်ပုံကိုဖျတ်
လိုက်ရင် ဖိုဒါပေါ်က ရုပ်လေးက ပျောက်သွားတရ်ဗျ
အမြဲတမ်းပေါ်နေအောင် နည်းနည်းလောက်စဉ်းစားပေးပါအုံးနော်။

အောင်ပွင့် said...

Dear Brother, Very good, ဘဲ ကျေးဇူးတင်ပါတယ် ခဗျား

khayanpyarlay said...

မန်မိုရီ စတစ်ကဖိုဒါကို ပြောတာလား အဲ့မှာလုပ်တာမရလို့ ပြောပြပေးပါအုန်း

yinyin said...

start က all programs မှာ paint ကို ရှာမတွေပါ။
ကျေးဇူးပြုပြီးပြောပြပေးစေခြင်ပါသည်။