13.1.10

တွေးဖြစ်တာလေး

ဒီရက်ပိုင်းမှာ စားချင်တဲ့အရာနဲ့ လုပ်ချင်တဲ့အရာ အနည်းငယ် ဖြစ်ပေါ်မိတယ်။ မနက်မိုးလင်းတာနဲ့ Breakfast ကို ပဲပြုတ်နဲ့ နံပြားကို နွားနို့ပူပူလေး တစ်ခွက်နဲ့ သောက်စားချင်မိတယ်။ နေ့လည်စာကို ငပိရည်၊ အတို့အမြုပ်နဲ့ ငါးဆီပြန်ဟင်း စားချင်မိ၏။ ညပိုင်းကို မိသားစုအတူ ထမင်းလက်စုံ စားချင်မိသည်။ လူမှုဝန်ထမ်း (Volunteer) အဖြစ် တစ်ပတ်လောက် ခရီးထွက်ပြီး လုပ်ချင်မိသည်။

သို့ပေမယ့် အားလုံး စိတ်သာရှိ၏။ ပဲပြုတ်နဲ့ နံပြား၊ နွားနို့ပူပူက မိမိအတွက် စားရဖို့ ခက်ခဲ၏။ ဝေးလံသည့် ဈေးကို သွားဖို့ အခက်အခဲ၊ အချိန်တို့ကြောင့် မဖြစ်နိုင်။ မစားရတာ ကြာ၍ ပဲပြုပ်ဘယ်ဈေးမှန်းတောင် မသိတော့ဘူး။ ဟီး။ ငပိရည်၊ အတို့အမြုပ်နဲ့ ငါးဆီပြန်ဟင်းက ပိုဝေးသည်။ တစ်ခုမှ လုပ်မစားတတ်။ ဟီး။ မချက်တတ်ဘူး။ စားပဲ စားတတ်တာ။

ညပိုင်း မိသားစုနဲ့ ထမင်းလက်စုံစားဖို့လဲ မဖြစ်နိုင်။ အဖေ၊ အမေနဲ့ ညီအစ်ကို မောင်နှမတွေက တစ်မြို့ တစ်ရွာစီမှာ။ အားလုံးက အလုပ်ကိုယ်စီဖြင့် မိသားစု သိုက်သိုက်ဝန်းဝန်း စုံဖို့ ခဲယဉ်းလေသည်။ စေတနာ့ဝန်ထမ်း(Volunteer) အနေနဲ့ လုပ်ဖို့ဆိုတာ ပိုဝေး၏။ ကိုယ့်အလုပ်နှင့် ကိုယ်တောင် လိပ်ပတ်မလည်။

အားလုံးကို ချုပ်လိုက်ရင် အားလုံးက စိတ်ကူးသာပေါ်၍ စိတ်ကူးထဲတွင်သာ ပျောက်ကွယ်ခဲ့၏။ ဘာဖြစ်ဖြစ် စိတ်ကူးမှာ ပျောက်ကွယ်ရင်တောင် စိတ်ကူးခဲ့သည့် အရာကို မှတ်တမ်းလေး ကျန်ခဲ့ဖို့ ရေးသားမိ၏။ စာဖတ်သူများ စိတ်အနှောင့်အယှက်မှ ကင်းဝေးစေရန် ဤစာမူအား ကျော်လွန်၍ ဖတ်စေသတည်း။

မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

Co2zenith said...

ကျွန်နော့ဆရာ ကတော့ လုပ်ချလိုက်ပြန်ပီ၊၊
Idea တွေက Ever လန်းနေတာပဲနော်၊၊
ဆရာ သိပ်ချစ်တဲ့ သဲလေးနဲ့ရော လည်လည် သွားချင် ဘူးပေါ့၊၊

trh said...

really thank you very much