16.1.10

English စာနှင့် ဆက်စပ်၍

ဒီရက်ပိုင်းက အင်္ဂလိပ်စာ သင်တန်းတက်နေတော့ မိမိလေ့လာမိတာ အင်္ဂလိပ်စာနဲ့ ပတ်သက်တာ များနေတယ်။ အင်တာနက်မှာ ဟိုရှာဒီရှာနဲ့ တွေ့လာတာက စကားလုံးတူတွေကို ဖော်ပြတဲ့ WordWeb ဆော့ဝဲလ်လေး။ ဒီဆော့ဝဲလ်က အောက်အချက်တွေ သုံးလို့ရတာ တွေ့ရတယ်။


1) Nearest (နီးစပ်တဲ့ စကားလုံးတွေ ဖော်ပြတယ်)
2) Synonyms (ကြောင်းတူသံကွဲ) (ဥပမာ- look က appear နဲ့ အနက်တူတယ်)
3) Type of
4) Types
5) See also (ရှာဖွေတဲ့ စကားနဲ့ ဆက်စပ်သုံးလို့ရတာတွေ ဖော်ပြတယ်)

ဒီဆော့ဝဲလ်က မိမိတို့ ရှာဖွေတဲ့ စကားလုံးရဲ့ ၀ါကျတည်ဆောက်ပုံကိုလဲ ဖော်ပြပေးသေးတယ်။ ပြီးတော့ စကားလုံးတွေရဲ့ အသံထွက်ကိုလဲ နားထောင်လို့ ရတယ်။ ကဲ ဘယ်လောက် ကောင်းလဲ။ သုံးကြည့်လိုက်တော့ တော်တော်အားရ စရာကောင်းတယ်။ ပြီးတော့ Free ပေးထားတယ်။

မိမိ လက်ရှိနေတာ Dictionary နှစ်ခုရှိတယ်။ တစ်ခုက Babylon ။ နောက်တစ်ခုက ကိုစိုးမင်းတို့ လုပ်ထားတဲ့ WxpyDict လေးပါ။ နှစ်ခုတစ်လုံး အဆင်ပြေပါတယ်။ အခု ရလာတဲ့ WordWeb နဲ့ဆို တော်တော် ပြည့်စုံနေပြီ။


နောက်တစ်ခုကတော့ Speaking အသံထွက်လေးတွေအတွက် အဆင်ပြေတဲ့ Commend Prod လေးပါ။ မိမိတို့ ကြားချင်တဲ့ စကားလေးတွေကို ရိုက်ထည့်လိုက်ပြီး enter ခေါက်လိုက်ရင် ရွတ်ပြတော့တာပဲ။ သူက အင်စတော လုပ်စရာ မလိုဘူး။ .bat ဖိုင်လေး ဆိုတော့ သိတဲ့ အတိုင်းပဲ။ အဲဒါလေးက ဒီမှာပါ။ အကယ်၍ စာဖတ်သူတွေက လိုအပ်တယ်ဆိုရင် ယူသုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။

မောင်စေတနာ

11 ယောက် မှတ်ချက်ပြုသည်:

leomark said...

ဟ...ကိုယ့်ဆရာက ဒီတခါတော့ ဟုတ်လှချည်လား။။။ ဘေဘီလုံးကို ဘယ်လိုသုံးနေသလဲဗျ။ crack လုပ်ပြီးသုံးတာလား..အဲဒါဆိုရင် မျှပါလား..ဟီးးးခုပေးတဲ့ဟာလည်း ယူသွားပြီး..ကျေးဇူးပဲ။
စေတနာ တစ်ယောက်
ရွှင်လန်းပါစေဗျာ

Anonymous said...

babylon ရော။ Wxphdict ရော မိမိဆိုက်မှာ ဖော်ပြထားပါတယ်။း)

မောင်စေတနာ

Anonymous said...

Dear Brother
Very good, thank you.

Aung pwint said...

Dear Brother
Very Good , Thank you So much,

Anonymous said...

ကိုစေတနာဆီကရတဲ. software တွေက အသုံးဝင်လှပါတယ်။ အခုလိုဖြန်ယဖြူးပေးတာကို ကျေးဇူးတင်ပါတယ်။ နောက်နောင်မှာလည်း ဆက်လက် ဒါနပြုနိုင်ပါစေဗျာ။
ဆုမွန်ကောင်းတောင်းလျက်
kokokonyinyinyi@gmail.com
KoNyiNyi

Unknown said...

speaking က .English font မပေါ် ဘယ်လိုလုပ်ရမလဲ ချိန်းတဲ့နေရာလဲမတွေ့ပါ ကူညီပါအုန်း ကျေးဇူးတင်ပါတယ်

Co2zeиith said...
This comment has been removed by the author.
Co2zeиith said...

ဆရာ ရောက်တုန်း မသွားတရ် ခင်ဗျ၊၊

putra said...

thz brother....but my babylon is expire now..ples teach me how to do!!!!!

Anonymous said...

Please can you tell me how to get babylon crack file?

zaw said...

ဆရာရေဒီတခါတော့အင်္ဂလိပ်မြန်မာ Dictionary
ဆော့ဝဲလ်လေးတင်ပေးပါအုံးနော်
ကျေးဇူးတင်စွာဖြင့်
zawlwin