22.1.10

ကဗျာ

ချစ်သူနဲ့ အတူ
ယှဉ်တွဲကာ သွားရရင်ဖြင့်
အတိုင်းမသိ ပျော်ရွှင်မိ
ဒီအပျော်တွေ ပျယ်လွှင့်မှာဖြင့်
ရင်ထိတ်ကာ စိုးရိမ်ပါ၏။

ချစ်သူနဲ့ အတူ
တူထိုင်ကာ စားရရင်ဖြင့်
အဆုံးမရှိ ၀မ်းသာမိ
ဒီဝမ်းသာမှု ပျောက်ပျက်မှာဖြင့်
သောကပွေ ရင်လေးပါ၏။

ချစ်သူအနား
အမြဲသာ နေရရင်းဖြင့်
ပီတိအစုံ ကန့်သတ်မရှိ
ယုယပိုက်ထွေး ချစ်နေပါ၏။


မောင်စေတနာ

7 ယောက် မှတ်ချက်ပြုသည်:

thawzin said...

ကဗျာလေးက အချစ်အကြောင်းလေးကို ဖော်ကျူးထားတာ အရမ်းကောင်းပါတယ်ဗျာ

moezayar said...

အကို ကဗျာတွေကြိုက်လို များများတင်ပေးပါနော်
အရမ်းကောင်းတယ်

aung myat said...

ကောင်းတယ်ဗျို့ ကဗျာလေး

aung myat said...
This comment has been removed by the author.
Anonymous said...

ကဗျာလေးကအရမ်းကောင်းပါတယ်။ ကျွန်တော်လည်း
ကဗျာရေးတတ်ချင်ပါတယ်။လေ့လာဖတ်ရှုရမယ့် စာအုပ်
များရှိယင် ညွှန်းပေးစေချင်ပါတယ်ခင်ဗျာ့။

7blue said...

ရိုးရိုးလေးနဲ့ သက်တောင့်သက်သာ ဖြစ်ပါတယ်ဗျာ...
ငယ်ငယ်တုန်းကဆီကို တစ်ခေါက်ပြန်ရောက် ခိုင်းလိုက်သလား ကိုစေတနာရေ... စေတနာတွေများလှပါဘိ..

မောင်ဘကြိုင် said...

ကျွန်တော်လည်းကြိုက်တယ်ဗျး)