24.8.11

Gmail များ အလွယ်လေး

တစ်နေ့သ၌ ကျွန်ုပ်သည် အွန်လိုင်းပေါ် တက်မရသလို အိမ်တွင်လည်း လုပ်စရာ မရှိသကား လူပျင်းတို့၏ စည်းဇိမ်ဖြစ်သော ကျောခင်းခြင်းဖြင့် ခံစားနေလေ၏။ ထိုအချိန်တွင်

" ဗျို့ ကိုစေတနာကြီး . . . ဇိမ်ကွေး ကွေးနေလဲ ထပါအုံးဗျာ . . . . "

အသံကြားရာ ကြည့်လိုက်လေရာ ကျွန်ုပ်၏ နေအိမ်သို့ ရောက်လေ့ရောက်ထ မရှိသော မိတ်ဆွေကြီး ကိုလင်းမောင် ဖြစ်လို့နေ၏။

" ဆိုစမ်းပါအုံး . . . . ဘာဖြစ်ရပြန်တာတုန်း "
" လာရင်းကတော့ သင်တန်းကိစ္စပေါ့ဗျာ . . . "
"နို . . . ဘာလဲဗျ . . . အဆက်အစပ် မရှိ "
" ဒီလိုလေဗျာ . . . ကျွန်တော်က လူတိုင်း ကွန်ပျူတာကိုင်နေတော့ ကိုယ်လဲ တတ်ထားမှ သင်ထားမှ ဆိုပြီး အင်တာနက် အီးမေးလ် သင်တန်းတက်နေလေရဲ့ဗျာ . . ."
" ဟုတ်ပြီ . . . ဆက်ပါအုံး . . ."
" သင်တန်းမှာက အခု အီးမေးလ်ကို သင်နေလေရဲ့ . . . ဒါပေမယ့် ခက်တာက Gmail အကောင့်နဲ့ သင်နေတာလေ . . . "
" ဒီတော့ . . . ."
" ဟ . . . အဲဒီ Gmail အကောင့်မှ ကျွန်တော်မှာ မရှိတာ . . . . ဆရာမကို ဖွင့်ခိုင်းတော့လဲ မြန်မာပြည်မှာ ဖွင့်မရဘူးတဲ့ . . . . အဲလို ပြောနေတယ် . . . . အဲဒါကြောင့် ဆရာစေတနာဆီ ရောက်လာရတာပဲ . . ."
" အင်း . . . .ဖြစ်ရမယ် . . . ကိုမြန်မာပြည်ရယ် . . . "
" အင်းလေ . . . မြန်မာပြည်မှာ ဖွင့်မရတာတော့ မဟုတ်ဘူးဗျ . . . ဖွင့်ခွင့်ပေးတယ် . . . ဒုတိယအဆင့်ဖြစ်တဲ့ ဖုန်းနံပါတ်နဲ့ Verify code ပို့တဲ့နေရာမှာ အဆင်မပြေဖြစ်ကြတာပါ . . . "
" ကဲပါလေ . . . မရတာကို မပြောတော့ဘူး ရတာပဲ ပြောတော့မယ်။ သေချာသာ လိုက်မှတ်သားပေတော့"
ဟုဆိုကာ ကျွန်ုပ်လည်း အင်တာနက်ဆိုင်သို့ ထွက်ခဲ့လေတော့သည်။

ဆိုင်သို့ ရောက်လျှင် Gmail ကဲ့သို့ ပုံစံတူ သုံးနိုင်သော Blumail ဆိုဒ်ကို ဖွင့်လိုက်လေ၏။ http://bluworld.org/ တွင် လိုချင်သည့် နာမည်ဖြင့် Sign Up လုပ်လေသည်။ ထုံးစံအတိုင်း First Name, Last Name နှင့် လိုချင်သည့် နာမည်၊ Password နှင့် Word Verification: ကို ဖြည့်ပြီး Continue ကို နှိပ်လေ၏။ Gmail ထက်ပင် လွယ်ကူစွာ ဖွင့်၍ ရလေသည်။

Account ရပြီးသည်နှင့် Gtalk တွင် user@blumail.org ဖြင့် ၀င်ရောက်၍ ပြသလေသည်။ Mail အတွင်းသို့ ၀င်ရောက်ရန်
http://mail.blumail.org ကို ဖွင့်ပြီး ၀င်လေသည်။ အစပထမ ၀င်ရာတွင် Verification Code တောင်းသည်ကို ဖြည့်ပြီး နောက်တစ်ဆင့်ကို ဖြည့်ပါက အလွယ်တကူပင် မေးလ်အတွင်းသို့ ၀င်ရောက်လေ၏ မေးလ်အတွင်းသို့ ရောက်ရာတွင် Gmail ၏ Function အတိုင်းပင် ဖြစ်လေသည်။ Google မှ ပံ့ပိုးကူညီထားခြင်း ဖြစ်၍ Gmail အတိုင်း ဖြစ်နေခြင်း ဖြစ်၏။

Gmail ရော၊ Gtalk ပါ သုံးစွဲ၍ ရပြီး gmail.com နေရာတွင် Blumail.org သာ အစားထိုး ၀င်ရောက်သွားခြင်း ဖြစ်၏။ Gmail လိုချင်နေသော ကိုလင်းမောင်တစ်ယောက်လည်း လိုချင်သည်ကို ရရှိသွားပြီး ကျေးဇူးအထူးတင်ကာ Cyber မှ ကဖီးကို မှာတိုက်လေရာ ကျွန်ုပ်၏ ၀သီအတိုင်း လေဖော၍ နေလေတော့သည်။

မောင်စေတနာ

8 ယောက် မှတ်ချက်ပြုသည်:

naing linn said...

ကျေးဇူးတင်ပါတယ်ဗျာ တကယ်ပါ မြန်မာပြည်က ပိတ်တာပြည်ဖြစ်နေလို့ပါ နောင်တော့ အကုန်ပွင့်လောက်မယ်ထင်ပါတယ်

naing linn said...

နောက်တစ်ခုလောက်မေးချင်တယ်ဗျာ ကျွန်တော် window7 မှာ ဇော်ဂျီက နှိုက် ရိုက်မရဘူးဗျ ဘယ်လိုလုပ်ရလဲမသိဘူး ဤ ရယ် ၍ရယ် ရိုက်ရတယ် နှိုက် ရိုက်မရလို့ ကူညီပါအုံး

SHWE ZIN U said...

ဆောင်ပုဒ် လေးကြိုက်တယ်ဗျို့ လင့်ခ်ယူသွားတယ် ကျေးဇူး

naing win said...

Thank you.

naing win said...

Thank you.

naing win said...

Thank you.

naing win said...

Thank you.

Unknown said...

What s Cooking Food Wine Life All mixed up Love my Coach sneaks! Cooking with Amy A Food Blog.
food