13.8.11

Freemake Video Convertor

တစ်နေ့သ၌ ကျွန်ုပ်သည် အွန်လိုင်းသို့ မရောက်ဖြစ်သည်မှာ ကြာပြီ ဖြစ်သဖြင့် အခွင့်သာတုန်း Cyber Cafe သို့ ထွက်ခဲ့လေသည်။ ထုံးစံအတိုင်း Cyber တွင် Coffee တစ်ခွက်မှာသောက်၍ အင်တာနှေး . . . အယ်လေ အင်တာနက် အွန်လိုင်းပေါ်သို့ ရောက်ခဲ့လေ၏။

မောင်စေတနာ ဘလော့ကို ကြည့်မိလေရာ Cbox တွင် တောင်းဆိုချက်များ၊ ဝေဖန်ချက်များကို များပြားစွာ တွေ့ရလေပြီး သကာလ သွေးတက်သွားလေ၏။ ကျွန်ုပ်အနေဖြင့် တောင်းဆိုချက်များကို စွမ်းဆောင်နိုင် ဖွယ် မရှိသည်မှာ ကြာလှလေပြီ။ စိတ်သာ ရှိသော်လည်း သမုဒ္ဒရာ ၀မ်းတစ်ထွာကြောင့် ဘလော့ဘက် မလှည့်ဖြစ်ပေ။ အင်တာနက် ပိတ်ဆို့မှုကလည်း ရှိနေသေးသည်။ ဘလော့ကို ၀င်ဖို့ ခက်သေး၏။

တောင်းဆိုချက်များကို မမြင်မျက်ကွယ်ပြုမိ၍ Coffee ကိုသာ ဇိမ်ခံ သောက်နေလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ မိတ်ဆွေကျော်ကြီး ရောက်လာပြီး

ဗျို့ . . . ကိုစေတနာ . . ငြိမ့်လှချည်းလားဗျ . .။
ဟော့ . . . လာဗျာ . .။ စိတ်ဓာတ်ကျနေတာဗျ . . . ။
ဟေ့ . . . ဘာတွေများလဲဗျ . . . . ကျွန်တော် တောင် အကူအညီတစ်ခု တောင်းမလို့ဟာ။
အင်း . . . အဲဒီအကူအညီတွေကြောင့်ပဲ စိတ်ဓာတ်ကျနေတာ . . . ပြောစမ်းပါအုံး . . . ဘာလုပ်ပေးရမှာလဲ။
Video Cuter လေးတစ်ခုလောက် လိုချင်လို့ဗျာ။ အိမ်မှာ ရိုက်ထားတဲ့ ဗီဒီယိုမှာ မလိုတာလေးတွေ ဖျက်ချင်လို့။

အင်း . . . ဒီလောက်ကတော့ လုပ်ပေးနိုင်ပါတယ်။ လွယ်လွယ်နဲ့ ဖျက်လို့ရတာတွေတော့ ရှိပါရဲ့။ Window XP မှာဆိုရင် Window Movie Maker မှာလဲ လုပ်လို့ရတယ်။ ဒီထက် လွယ်တာလေးဖြစ်တဲ့ Freemake ဆိုတဲ့ ဆော့ဝဲလ်လေး တစ်ခုပေးမယ်။ သုံးကြည့်တာတော့ တော်တော်ကောင်းတယ်။


ထုံးစံအတိုင်း ကျွန်ုပ်လည်း အချစ်တော် Google ကြီးဖွင့်၍ ရှာဖွေလိုက်လေရာ အလွယ်တကူ တွေ့လေသည်။ အားသာချက်များကို ပြောပြလိုက်လေ၏

၁) Freemake သည် free version ဖြစ်သည်။
၂) Cut, Join, Rotate, Limit size, Adjust to aspect ratio တို့ လုပ်နိုင်၏။
၃) AVI, WMV, MP4, MKV, FLV, SWF, 3GP, MP3 အဖြစ် Convert လုပ်နိုင်၏။
၎) Convert Free to iPod, iPhone, iPad, PSP, PS3, Android တို့ကိုလည်း Convert လုပ်နိုင်၏။

လက်တွေ့လုပ်ဆောင်ချက်များဖြင့် ရှင်းပြလိုက်လေရာ ကျွန်ုပ်၏ မိတ်ဆွေကျော်ကြီးလည်း နားလည် သဘောပေါက်ပြီး အကျေနပ်ကြီး ကျေနပ်ကာ Coffee ကျသင့်ငွေ ရှင်း၍ ပြန်သွားလေတော့သည်။

မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

တောင်ငူသား said...

ကျေးဇူးဘဲအစ်ကိုရေ့....
Video Cutter လေးကူးသွားပါတယ်ခင်ဗျာ....

မြန်နုန်းမြင့် အင်တာနက်လေး မြန်မြန်သုံးခွင့်ရပါစေ

pharoslite said...

မောင်စေတနာရေ....ဒီလို အသုံးဝင်တဲ့ Softwaresတွေ တင်ပေးတာ ကျေးဇူးတင်ပါတယ်...
ဒီအပတ် စနေနေ့ မှာ ထုတ်တဲ့ Highlight ဘောလုံးဂျာနယ်မှာတော့ စားရေးဆရာတစ်ယောက်က တရားဝင်ရေးထားတယ်ဗျ...မြန်မာပြည် အင်တာနက်ဆိုတာ ချစ်တီးမယားနဲ့  တူတယ်ဆိုဘဲ...
မယားလေးက လှတော့ အစာတော့ ကျွေးပါရဲ့  ပိုက်ဆံတော့ မပေးဘူးဗျ...တစ်ခြားယောက်ျားနဲ့  ပိုက်ဆံပေးပြီး ဖေါက်ပြန်မှာစိုးလို့ တဲ့...အင်တာနက်ဆိုတာကလည်း connection ရလားဆိုတော့ ရတယ်...သုံးနိုင်သလားဆိုတော့...ဟင့်အင်းတဲ့...ဆိုလိုတာကတော့ဗျာ...မောင်စေတနာရေ...Internet speed မြန်စေတဲ့...Download sspeed မြန်စေတဲ့ Softwares လေးတွေကို တင်ပေးပါဦး...ဒီ speed နဲ့ က IDM,DAp တောင် လက်မှိုင်ချနေရလို့ ပါ...