21.4.11

Microsoft Security Essentials

ဘလော့ဝင်လို့ မရတဲ့ အခြေအနေတွေကြောင့် ပို့စ် အသစ် မတင်ဖြစ်တာ လနှင့်ပင် ချီပြီ ဆိုရမည်။ စိတ်က ရှိသော်လည်း မိမိလုပ်၍ မရသော အခြေအနေများကြောင့် မရေးနိုင်ခဲ့ခြင်း ဖြစ်၏။ ဒီကြားထဲ အလုပ်ကိစ္စများစွာ အပြင် virus တွေနဲ့ နပန်းလုံးခဲ့ရပါတယ်။

virus က ကြီးကြီးမားမားတော့ အန္တရာယ် မပေးပေမယ့် စိတ်အနှောင့်အယှက်တော့ ဖြစ်ရပါတယ်။ ထုံးစံအတိုင်း အင်တာနက်က ရှာဖွေမိတယ်။ Microsoft Website မှာ Microsoft security essentials
ဆိုပြီး သွားတွေ့တယ်။ software က free ပေးထားတော့ စိတ်ဝင်စားပြီး သုံးကြည့်တာ အဆင်ပြေတယ် ဆိုရမယ်။ Virus, Spyware, Malicious Software တွေ့ကို စောင့်ကြည့်ပြီး ဖယ်ရှားပေးပါတယ်။ USB Disk security tool နဲ့ ခပ်ဆင်ဆင်ပါပဲ။

ဘယ်လိုပဲ ဖြစ်ဖြစ် PC တိုင်းမှာ ရှိသင့်ပါတယ်။ ကိုယ်မသိတဲ့၊ ကိုယ်မမြင်ရတဲ့ virus နဲ့ spyware တွေကို ကာကွယ်ပေးပြီး ရှင်းလင်းပေးပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဒီလင့်မှာ ဖတ်ပြီး Download လုပ်ယူနိုင်ပါတယ်။


မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: