10.12.10

အမည်မဲ့ ခံစားချက်

စိတ်ဆိုတာ ဖန်ဆင်းရှင်ပဲ
လူမတွေ့ပေမယ့် ပုံရိပ်တွေသာ အနားမှာ ရှိရင်
နှစ်သိမ့်စရာ တစ်ခုပေါ့။

အနေဝေးတာ ခဏတာမို့
လက်တွဲရမယ့် အချိန်တွေသာ များစွာ ရှိရင်
ဖြေသာစရာ တစ်ခုပေါ့။

အလွမ်းတွေ ဝေချိန်မှာ
သူမရဲ့ လွမ်းစိတ်တွေက ကိုယ့်အနား ရစ်ဝဲရင်
ကျေနပ်စရာ တစ်ခုပေါ့။

မောင်စေတနာ

3 ယောက် မှတ်ချက်ပြုသည်:

leomark said...

စိတ်ဆိုတာ ဖန်ဆင်းရှင်ပဲ တဲ့
ကိုစေတနာ ရေးတတ်လိုက်တာဗျာ။

Anonymous said...

ညီတော်က ကွန်ပျူတာချည်းမဟုတ်ဘူး
ကဗျာရေးလဲတော်တယ်ဗျာ

အားပေးသွားပါတယ်ဗျာ

ကောင်းသောနေ့လေးပါ
အရာအားလုံးကံကောင်းပါစေ

ညီကိုမောင်နှမလေးများအား
ထာဝ၇လေးစားချစ်ခင်လျှက်
Xman_နတ်လူမုန်း

ဇော် said...

အရမ်းကောင်းတဲ. ကဗျာပါပဲ နောက်ဆုံးအချက်ကလေး ထိတယ်..........ကို စေတနာ zawgyi font download နဲ. download zawgyi keyboard icons လေးတွေနဲ. ဘယ်လိုလုပ်ရလဲ သိချင်ပါတယ် ခင်ဗျာ codes လေးရရင်လဲ ကောင်းပါတယ်ခင်ဗျာ ကျွန်တော် online မှာရှာမရလို.

ကျေးဇူး အထူး တင်ပါတယ် ခင်ဗျာ