31.10.10

(၃)နှစ်ပြည့်သော်

ဘာလိုလိုနဲ့ ဘလော့ရေးလာတာ (၃)နှစ်ပင် ပြည့်မြောက်ခဲ့ပြီ။ အားတဲ့အချိန် ရေးလိုက်၊ မအားတဲ့အချိန် ပစ်ထားလိုက်နဲ့ (၃)နှစ်ပင် ရောက်ခဲ့ပြီ။ အင်း . . . သက်တမ်း မည်မျှ ရှည်ကြာအုံးမယ် မသိ။ ရေးချင်သည့် နည်းပညာများစွာ ရှိနေသေးတယ်။

ခက်သည်က မြန်မာပြည် Connection ပင်။ ရေးချင်စိတ် ပေါ်လာတုန်း ရေးချင်သည်ပင် ရေး၍ မရနိုင်။ လေးပင်မှု၊ နှေးကွေးမှု၊ ဖွင့်မရမှု မျိုးစုံကို ကြုံတွေ့ရသည်။ ရံဖန်ရံခါ နိုင်ငံရပ်ခြားသို့ သွား၍ ဘလော့ရေးချင်စိတ်ပင် ဖြစ်မိသည်။ မိမိသိသော တတ်သော နည်းလမ်းမျိုးစုံကို နေ့စဉ် ရေးသား ဖော်ပြချင်မိသည်။

အင်း . .. . တစ်ချိန်တော့ မိမိရဲ့ ဆန္ဒတွေ ပြည့်ဝမိမယ် ထင်သည်။ နိုဝင်ဘာလ တစ်လလုံးသည်လည်း မိမိ၏ ခရီးစဉ်ကြောင့် ဘလော့ကို လှည့်ကြည့်နိုင်မည် မထင်။ မည်သို့ပင် ဖြစ်စေ ရှေ့ဆက်လှမ်းလို့ ရသရွှေ့ ဆက်၍ လှမ်းချီအုံးမည်။

မောင်စေတနာ

8 ယောက် မှတ်ချက်ပြုသည်:

khin oo may said...

ဘလော့လေးအဓွန့်ရှည်တည်တံစိတ်ချမ်းသာစွာဘလော့ဂင်းနိုင်ပါစေ။

kokoseinygn said...

စိတ်သွားတိုင်းကိုယ်ပါပြီး
လိုအင်ဆန္ဒတွေပြည်.စေသတည်း..။

Co2zeиith said...

ဆရာ့ဆန္ဒတွေ အားလုံး အမြန်ဆုံး ပြည့်ဝပါစေ၊၊
ကျနော် အမြဲဆုတောင်းပေးပါ တရ်၊၊
လေးစားစွာဖြင့်

PhyoPhyo said...

စေတနာသည်လူတိုင်းနှင့်တန်သည် ဆိုတဲ့ စကားလေးအတွက် လေးစားမိပါတယ်။
ရည်မှန်းချက်တွေအားလုံးပြည့်စုံပါစေ။

ral said...

ကျန်းမာချမ်းသာစွာဖြင့် ဆက်လက်ပြီး ဘလော့နိုင်ပါစေကြောင်း။။။။။။။။။။။။။။။

Anonymous said...

အင်း....ကျွန်တော်တို့ထက် ကောင်းသောနိုင်ငံသို့ ရောက်ပါစေဗျာ.....

Anonymous said...

ဒီထက်မက တိုးတက်ပါစေဗျာ
ကောင်လာတော့မှာပါ
Connection တွေ
သီခံခြင်းသည် အောင်မြင်ခြင်းတဲ့
ဟုတ်ဘူးလား

တိုးတက်လာမှာပါဗျာ

ကောင်းသောနေ့လေးပါ
အရာအားလုံးကံကောင်းပါစေ

ညီကိုမောင်နှမလေးများအား
ထာဝ၇လေးစားချစ်ခင်လျှက်
Xman_နတ်လူမုန်း

Anonymous said...

ဘလော့တွေ များများတင်နိုင်ပြီး ကျန်းမာရေးကောင်းကောင်းနဲ့ ဝင်ငွေများများအလုပ်ကိုရရှိပိုင်ဆိုင်ပါစေဗျာ စည်သူလေး ဆုတောင်းပေးလိုက်ပါတယ်