အလံတွေ လေထဲလွှင့်နေသလို လုပ်တဲ့ ဆော့ဝဲလ်ကို လိုချင်လို့ ရှာနေတာ တစ်ပတ်လောက်ရှိပြီ။ အင်တာနက်ကလဲ ကောင်းကောင်း မရတာနဲ့ Photoshop မှာ လုပ်ကြည့်သေးတယ်။ ထင်သလောက် ကောင်းမွန်စွာ မရရှိဘူး။ adobe premiere တို့နဲ့ လုပ်နည်းတွေတော့ တွေ့တယ်။ ဒီထက် ကောင်းကောင်း မွန်မွန် ဖြစ်ပေမယ့် ကိုယ့်က မလုပ်တတ်တော့ ခက်ပြန်။
ဒါပေမယ့် သည်းကြီးမဲကြီး ရှာလိုက်တာ တွေ့တယ်။ Trail Version ဖြစ်နေလို့ ဒုက္ခရောက်ရပြန်တယ်။ အခုတော့ အဆင်ပြေသွားပြီ။ Crack ဖိုင်ကို သီးခြားရှာပြီး သုံးလိုက်တယ်။ စာဖတ်သူများလဲ လိုအပ်လို့ရှိရင် သုံးစွဲနိုင်အောင် ဖော်ပြလိုက်ပါတယ်။ ဒီတွင် Download လုပ်ယူပါ။
Install လုပ်ပြီး မသုံးပဲ အရင်ဦးစွာ ပိတ်ထားပါ။ Folder ထဲမှာ ပါတဲ့ Patch file လေးကို C: အောက်က Program Files ထဲက Pegtop ဆိုတဲ့ ဖိုင်ထဲကို Past ချပြီး Run လိုက်ပါ။ ပြီးရင် Patch Bottom ကို Click လိုက်ရင် အမြဲတမ်းသုံးစွဲနိုင်ပါတယ်။

မောင်စေတနာ
13 ယောက် မှတ်ချက်ပြုသည်:
ကိုစေတနာ ....
KAV 2011 Key ရှိရင် တင်ပေးပါဗျာ
Black List ဖြစ်ဖြစ်သွားလို့
Black Lit မဖြစ်အောင်လုပ်နည်းပါသိရင် ပြောပေးပါနော်
်ူ်
flag animation ရဲ့patch file ကို runမရဘူးဖြစ်နေတယ်ကူညီပါအုန်းနော့ကျေးဇူးဘဲ
ဝင်းဒိုး၇မှာpatchဖိုင်ကိုဖွင့်လို့မရပါ...။adminနဲ့ဖွင့်လည်းမပွင့်ပါ..pasteလုပ်လည်းမရပါ...compatibility ပြောင်းလည်းဖွင့်မရပါခင်ဗျာ..အစ်ကိုပြန်ကြည့်ပေးပါဦးနော်..။ကျေးဇူးပါအစ်ကိုရေ...။
Window 7 မှာ မသုံးဖူးသေးပါဘူး။ ၀င်းဒိုး xp သုံးနေလို့ ဘယ်လိုပြန်လုပ်ပြရမှန်းတောင် မသိတော့ဘူး။
မောင်စေတနာ
အပေါ်ကအလံပေါ် ချေးပါချနေသလို ပုံစံမျိုးလုပ်ခြင်လို့ ဘယ်လိုလုပ်ရမလဲ
patch မှာ run လို့ မရပါခင်ဗျာ။ပြန်ကြည့်ပေးပါအုံးခင်ဗျ။
ို့have a virus here
ဆရာတို.ရေဝင်းဒိုး 7 မှာ Run As Administrator နဲ.လုပ်မှ ရတာပါ. ဒါပေမယ့် Anti Virus မပိတ်ထားရင်တော့ အစားခံရလိမ့်မယ်။ ဒီတော့် Anti Virus ကို ပိတ်ဖို.မမေ့ပါနဲ့ မ Run မီ။
အဆင်ပြေပါစေ
GNJ
www.goldninjar.com
save လိုက်ရင် ဘယ်နေရာကို ရောက်သွားလဲခင်ဗျာ.. ကျနော် save ပြီး ပြန်ရှာတာ ခဏခဏဖြစ်နေပြီး ရှာမရဘူးဖြစ်နေတယ်ဗျ..အဲဒါလေး ကျေးဇူးပြုပါဦး....
save လုပ်လိုက်ရင် My document ထဲ မှာ save မလားဆိုပြီး မေးပါတယ်။ သေချာ ကြည့်ပါအုံး
အကိုရေ... တင်ပေးတာ ကျေးဇူးတင်ပါတယ်
patch ဖိုင် က ဗိုင်းရပ်စ် ပိတ်ပြီး run တာလည်း မရဘူးဖြစ်နေတယ်ဗျာ.... စိတ်ရှည်ရှည်လေးနဲ့ ရှင်းပြပေးပါလား ခင်ဗျာ... ကိုစေတနာ ကျန်းမာပါစေ.....
အစ်ကိုအဲဒီFlag Animation ပုံတွေကိုကျွန်တော့်Blogရဲ့Gadgetထဲမှာထည့်ချင်တယ်.ဘယ်လိုထည့်ရမလဲ။ကျွန်တော့်ကိုရှင်းပြပေးနိုင်မလား။ကျေးဇူးအများကြီးတင်ပါတယ်အစ်ကို။
Post a Comment