Priority Inbox ဆိုပြီး Gmail ရဲ့ ၀န်ဆောင်မှု အသစ်ကို စတင်ပေးထားတာ တစ်ပတ်ပင် ပြည့်ပါပြီ။ အသုံးဝင်ကတော့ မိမိတို့ဆီ ရောက်ရှိလာတဲ့ မေးလ်တွေ အပေါ် ခွဲခြမ်း စိတ်ဖြာပေးတာပါ။ အရေးကြီး၊ အရေးမကြီးနဲ့ မဖတ်ရသေး စတာတွေကို မြင်သာ ထင်သာအောင် ခွဲခြားပေးထားပါတယ်။

မိမိရဲ့ မေးလ်တွေမှာပဲ အရေးကြီးတယ်ဆိုပြီး Star လုပ်ထားတာတွေကိုလည်း တစ်ခါတည်း ခွဲခြားပေးထားပါတယ်။ ခွဲခြားပေးထားလို့ အချိန်မရွေး လွယ်ကူစွာ ပြန်လည် ဖွင့်ကြည့်နိုင်ပါတယ်။ အကောင်းဆုံး မဟုတ်တောင် သုံးစွဲဖို့ သင့်လျော်ပါတယ်။ အပန်းမကြီးတဲ့ အရာလေး တစ်ခုပါ။ သုံးချင်သူများက Setting ဘယ်ဘက်မှာ New Priority Inbox ဆိုတဲ့ စာတန်းလေးကိုသာ ကလစ်လိုက်ရုံပါ။ Google Cheer !
မောင်စေတနာ
0 ယောက် မှတ်ချက်ပြုသည်:
Post a Comment