10.9.10

လေးနက်မှု

တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များ
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ။

အချစ်စစ်က မာနကြီးလို့
အထိမခံ ဖြစ်လို့နေလဲ
မင်းက ငါ့အတွက်
အချစ်ဦးမို့
ရူးလောက်မတတ် ချစ်ရသူပါ။

ငါ့ဘ၀အတွက်
တစ်ခုထဲသော အရေးပါမှု
မင်းဖြစ်နေလို့
အရာအားလုံး
အရှုံးပေးပြီး ချစ်ရသူပါ။


မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

ဂ်စ္တူး ( မံုရြာ ) said...

ဟာ-
လုပ်ချလိုက်ပြန်ပြီဗျို့ -
ကိုယ်ကချစ်ရင်တော့ ခံ လိုက်ရပြီသာမှတ်ပေတော့ဗျို့ -
ငါ့ဘဝအတွက် တစ်ခုထဲသောအရးပါမှု့ မင်းဖြစ်လို့ 
အရာအားလုံးအကုန်လုံးပေးပြီးချစ်ရသူပါ-----ဆိုတော့
တကယ်ကိုချစ်တာကိုးဗျ-

အဖြူရောင်နတ်သမီး said...

ကဗျာလေး ကောင်းတယ် ...


အစဉ်လေးစားလျှက်