26.8.10

Google is Good !

Google ရဲ့ အခမဲ့ ၀န်ဆောင်မှုတွေကတော့ မကုန်နိုင် မခမ်းနိုင်ပါပဲ။ သုံးစွဲသူတိုင်းရဲ့ လိုအင်တွေကိုပဲ ဖြည့်ဆည်း ပေးနေတယ်လို့ ဆိုရပါမယ်။ Google Bookmarks နဲ့ Google Notebook ဟာလဲ Google က အခမဲ့ ၀န်ဆောင်မှုပေးတဲ့ အရာတွေပါပဲ။


Bookmarks ဆိုတာ မိမိတို့ သုံးနေတဲ့ Browser တွေဖြစ်တဲ့ IE, Mozilla, Chrome စတာတွေမှာပဲ သုံးလို့ရတဲ့ အရာတွေပါ။ အခု Google က Online မှာပါ သုံးလို့ရအောင် လုပ်ဆောင်ပေးခဲ့ပါပြီ။ ကြာတော့ ကြာပါပြီ။ Google User တိုင်း သွားလေရာ၊ ရောက်လေရာမှာ မိမိတို့ ကြည့်ချင်တဲ့ လင့်တွေကို စာအုပ်၊ ကွန်ပျူတာထဲ မှတ်သားထားစရာ မလိုပဲ Online မှာ မှတ်သားနိုင်အောင် လုပ်ဆောင်ပေးထားတာပါ။ ဒါ့အပြင် မိမိတို့ Bookmarks နဲ့ Notebook မှာ မှတ်သားထားသမျှကို Public လုပ်လိုက လုပ်ဆောင်နိုင်ပါတယ်။ သုံးကြည့်ရင် ကြိုက်မှာပါ။

Google က Document, Code နဲ့ Site တွေလဲ လုပ်ဆောင်ပေးခဲ့တဲ့အတွက် User တိုင်း စိတ်ချမ်းမြေ့စရာ ဖြစ်ခဲ့ရပါတယ်။ ဖြည့်ဆည်းမှုတိုင်းဟာ User တိုင်းရဲ့ လိုအပ်ချက်တွေ ဖြစ်နေပါတယ်။ Google နဲ့ အသုံးတည့် နိုင်ကြပါစေ။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

super win said...

ကိုစေတနာ
ကျွှန်တော် Google bookmarks နဲ့ website တွေ သိမ်းတာလုပ်လို့မရဖြစ်နေလို့.... ဘယ်လို အဆင်ဆင် လုပ်ရတယ်ဆိုတာ ပုံ နဲ့တကွ ရှင်းပြပေးပါ ....
ကျေးဇူးအထူးတင်လျှက်