27.7.10

Ubuntu ကို စတင်ခြင်း


Ubuntu 9.01 တုန်းက တစ်ခါ တင်လိုက်သေးတယ်။ ဒါပေမယ့် ဘုမသိ ဘမသိဆိုတော့ စိတ်ပျက်လက်ပျက်နဲ့ ပြန်ဖျက်ခဲ့ရတယ်။ သုံးချင်စိတ်ကတော့ မကုန်သွားခဲ့ပါဘူး။ မြင်ကွင်းအပြင်အဆင်နဲ့ Open Source ဆိုတာကြောင့် နှစ်သက်မိတဲ့ Operating System တစ်ခုပါပဲ။ အမည်လေးကလဲ ဆန်းပြားလှပါတယ်။ Ubuntu 10.04 ထွက်လာတော့ မနေနိုင်တော့ဘူး။ လိုင်းပေါ်ကနေ ဒေါင်းပြီး CD Burn ပြီး တင်လိုက်ပါတယ်။

ထုံးစံအတိုင်းပါပဲ။ Ubuntu 9.01 တုန်းကလို အခက်အခဲမျိုးတွေ ကြုံတွေ့ရပါတယ်။ Ubuntu မှာ .exe တွေ run လို့ မရတာပါပဲ။ ဒီတော့ Window မှာ တင်လို့ရသမျှ .exe file အားလုံးဟာ Ubuntu မှာ သုံးလို့မရပါဘူး။ နောက်မှ သိရတာက Wine လုပ်ပြီး Install လုပ်လို့ရကြောင်း သိရတယ်။ ခက်တာက wine နဲ့ ဘယ်လိုလုပ်ရမှန်း မသိတာပါ။ ထားတော့။

Internet ရအောင် လုပ်ကြည့်မိတယ်။ စသုံးကာစဆိုတော့ တော်တော်ကို လက်ဝင်တယ် ပြောရမယ်။ close tab တွေကအစ ပြောင်းပြန်တွေ။ ညာဘက်ကဟာက ဘယ်ဘက်ရောက်နဲ့ Window Key ကို နှိပ်လဲ Start လိုဟာမျိုး ဘာမှ မပေါ်လာ။ အောက်ကဟာတွေက အပေါ်ကို ရောက်နဲ့။ Window နဲ့ တော်တော်ကွဲအောင် ပြုလုပ်ထားပါတယ်။

Ubuntu နဲ့ ပတ်သက်တာတွေ အွန်လိုင်းမှာ ရှာဖွေတုန်းပါပဲ။ ဇော်ဂျီဖောင့်တောင် မနည်းတင်ထား ရပါတယ်။ ဇော်ဂျီဖောင့်က Ubuntu မှာ ပိုပေါ်လွင် လှပပါတယ်။ Firefox မှာ ဇော်ဂျီပေါ်အောင် လုပ်ရတာတောင် အစဆိုတော့ ခက်ခဲလှပါတယ်။ Ubuntu အတွက် ဇော်ဂျီဖောင့်ကို ရိုက်ရတာ Myanmar 2 နဲ့ ဆင်တူလှပါတယ်။ မိမိသုံးလို့ အဆင်ပြေခဲ့ရင် လူတိုင်း သုံးနိုင်တဲ့အထိ ရှင်းလင်းချက်တွေနဲ့ ဖော်ပြပေးပါ့မယ်။ အခုထိတော့ မိမိကိုယ်တိုင် ချာလယ်လယ်ဖြစ်နေတော့ ဘာမှ ရေရာတာ မပြောနိုင်သေးပါဘူး။ အချိန်တော့ တော်တော် ပေးနေရတယ်။

မောင်စေတနာ

5 ယောက် မှတ်ချက်ပြုသည်:

Yotarokethar said...

စမ်းသုံကြည့်ပါ မဆိုးပါဘူး ကျွန်တော့်ကတော့ရောကုန်တာနဲ့ပြန်ဖြုတ်လိုက်တယ်

leomark said...

လန်းတယ်ဆိုရင် လက်တို့လိုက်ဗျာ။ window နဲ့ ကွာခြားချက်တွေကိုလည်း ရေးပေးပါအုံး။ အားပေးလျှက်။

White Dream said...

ဒကာလေး ကြုံးထား။ ကျုပ်တော့ မိတ်ဆွေတပါး လုပ်ပေးလို့ တနှစ်လောက် သုံးဖူးတော့ ကြိုက်တယ်။ နောက်တော့ စက်သစ်တလုံးမှာ မောင်ရင့်အားကိုးနဲ့ သုံးရင်း သုံးရင်း ရွာလည်ဖူးတယ်။ အဲဒါနဲ့ ရပ်ထားတာ။ ခုတော့ မသုံးဖြစ်တော့ဘူး။

Anonymous said...

အဆင်မပြေတာ များလို့ ရပ်လိုက်ပါပြီ။

မောင်စေတနာ

Stamp4Group said...

ကြိုက်တယ်....လက်ရှိသုံးနေတယ်...ဝင်းဒိုးထက်သာ
တယ်လို့ ထင်တယ်..