22.4.10

လွမ်း

အလုပ်လုပ်နေရင်း ပြတင်းပေါက်ကနေ အပြင်ကို ငေးမောကြည့်မိ၏။ အပြင်လောကရှိ စိမ်းစိုနေသော သစ်တောအုပ်ကို တွေ့ရသည်။ သစ်တောအုပ်အလွန်မှာ စေတီတစ်ဆူကို လှမ်းမြင်ရ၏။ အရာဝတ္တုတွေက မျက်ဝန်းမှာ လာပေါ်ပေမယ့် စိတ်က သူမဆီ ရောက်နေသည်။ လွမ်းလို့ တွေ့မြင်ချင်လှပြီ။

ကွန်ပျူတာ သုံးနေရင်း ပျင်းပျင်းနှင့် ဟိုဖိုင်ဖွင့် ဒီဖိုင်ဖွင့် လုပ်နေမိသည်။ Photo Folder လေး တွေ့မိတော့ ဖွင့်ကြည့်မိ၏။ မိမိအတွက် ချစ်စရာ မျက်နှာလေးနဲ့ သူမပုံများစွာကို တွေ့မြင်ရသည်။ ဟန်ပန်အမှုအရာ အမျိုးမျိုးနဲ့ ရိုက်ထားသော ဓာတ်ပုံများ။ လွမ်းတဲ့စိတ်ကို ထိန်းချုပ်ရင်း အလုပ်ဆက်လုပ်မိသည်။

နေ့လည်စာ ချက်စားဖို့ မိတ်ဆွေတစ်ယောက်ကို ဈေးမှာလိုက်မိသည်။ အရင်ဆို ကြက်ဥသာ မှာတတ်ပြီး ဒီတစ်ခါတော့ အသားဟင်း မှာလိုက်မိသည်။ ဦးဆုံးအကြိမ်ပေါ့။ အသားရလာတော့ ချက်ပြုတ်နေရင်းနှင့် သူမ မျက်နှာကို ပြေးမြင်မိသည်။ သူမ ချက်ကျွေးမှုတွေကို တမ်းတမိ၏။ လွမ်းရပါသည်။

ည အိပ်ရာဝင်ခဲ့သည်။ အိပ်မပျော်သေးပဲ နဖူးပေါ် လက်တင်ထားမိသည်။ သူမ ရယ်သံလေးတွေ၊ လှုပ်ရှားမှုလေးတွေ စိတ်ကူးပုံရိပ်တွေ အစီအရီ ပေါ်လာ၏။ စိတ်ကူးတွေ ပျောက်ပျယ်မှာစိုး၍ အမိအရ စိတ်ကူးယဉ်နေမိသည်။ လွမ်းလို့ မျှော်နေမိသည်။

မောင်စေတနာ

3 ယောက် မှတ်ချက်ပြုသည်:

leomark said...

လွမ်း...ရင်ထဲ လှိုက်လို့ သိပ်ကို လွမ်း
လွမ်း...ရင်ထဲ ရှိတဲ့ ဒီဇာတ်လမ်း
တနေရာ ရွက်လွှင့်....
ခင်မောင်တိုးရဲ့ လွမ်းသီချင်းသာ ညည်းဗျာ။
ခင်ညားကို ပြောရင်နဲ့ ကျွန်တော်လည်း
လွမ်း..လာပြီး။း)

thernge00 said...

အလွမ်းကို မေ့ဖျောက်မရ.. တစ်ချိန်ချိန်သူ့ကို တွေးမိရင် ရင်မှာလောင်တဲ့မီးက တစ်ဒုက္ခ.. စိတ်ဝေဒနာ ဖြေဖို့ရာဆေးမရှိ အိပ်မရတဲ့ညပေါင်းတွေ လည်း မနည်းပြီး... တစ်ချိန့်က မင်းနဲ့ငါ့ရဲ့ကြားက အတွေ့အထိ.. အလွမ်းဆိုတာ မေ့ဖို့ရာလမ်းမရှိ..

ကိုစေတနာ ရဲ့စာလေးကိုဖတ်ပြီး ခံစားမိတဲ့ ကျွန်တော့ အတွေးလေးပါ...

မောင်သီဟ said...

လွမ်းရတာပင်ပန်းပါတယ်ဗျာ