ဒီရက်ပိုင်းက အလုပ်တော်တော်များတယ်။ ဘလော့ဘက်တောင် လှည့်မကြည့်နိုင်ဘူး။ အလုပ်ပြီးရင်း အလုပ်ဖြစ်နေတယ်။ ဟိုတစ်နေ့က မိတ်ဆွေ ဓါတ်ပုံဆရာတစ်ယောက် မိမိဆီ ရောက်လာတယ်။ သူကဒ်ထဲကဟာ တွေ Format ချလိုက်တာ ပြန်လိုချင်လို့တဲ့။ လုပ်ပေးပါတဲ့လေ။
ဒါနဲ့ မိမိမှာ ရှိတဲ့ Recovery Software တွေနဲ့ ပြန်ရှာပေးတာပေါ့။ တွေ့တယ် တော်တော်များများကို။ ဒါပေမယ့် သူလိုချင်တဲ့ ဖိုင်တွေ မတွေ့သေးဘူးလို့ ပြောတယ်။ မိမိလဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ဒါနဲ့ ထုံးစံအတိုင်း Google ကို အားကိုးရတော့တယ်။
စာဖတ်သူများ အားလုံး အသုံးလိုရင်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download ပေးတော့။ မိမိကတော့ မောသွားပြီ။ အဆင်ပြေပါစေ။
မောင်စေတနာ
2 ယောက် မှတ်ချက်ပြုသည်:
မောင်စေတနာ ရေ....
memory card recovery ကို donload လုပ်ပြီး သုံးကြည့် တာ key တွေတောင်းနေတယ် ဗျာ..
အဲဒီ ကီးတွေ ကို လိုက်ရှာတာလဲ စုံနေပြီ မရဘူးဗျာ
ကျေးဇူး ပြုပြီး ကီး ရှိရင် မျှပါလားဗျာ....
Key မလိုပါဘူး။ အင်စတောလုပ်ပီရင် မိမိ ရှာချင်တဲ့ Disk ထဲက ရှာရုံပါ။ ဥပမာ- C ထဲမှာ ဖျက်မိတဲ့ ပုံဆိုရင် C ရွေး။ JPG နဲ့ save ချင်ရင် JPG ရွေး။ Select Destination မှာ မိမိသိမ်းမယ့် လမ်းကြောင်းနဲ့ ဖိုဒါတစ်ခုတည်ဆောက်။ ပြီးရင် Start ကို နှိပ်။ Yes or No ဘောက်တစ်ခု ကျလာရင် Yes ရွေး။ အဆင်ပြေပါစေ။
မောင်စေတနာ
Post a Comment