22.12.09

အက်ဆေး

အေးမြတဲ့ ဆောင်းညမှာ တစ်ယောက်တည်း လမ်းလျှောက်ရင် သူမကို တွေးမိသည်။ ချစ်တယ် ဆိုတဲ့ စကားတွေ စိတ်ထဲက အကြိမ်တစ်ရာမက ရေရွတ်နေမိတယ်။ သူမကို တွေးလိုက်မိရင် ရင်ထဲ နွေးထွေးသွားတယ်။ မိမိအပေါ် ဒီလောက်ထိ စိုးမိုးသူ။

အလုပ်တွေ လုပ်နေရင်းနဲ့ အာရုံပျံ့လွင့်ပြီး ဆိုရင် သူမ မျက်နှာလေးက ပြေးဝင်လာ၏။ ၀င်လာသော အာရုံကို မောင်းထုတ်ဖို့ တစ်ကြိမ်တစ်ခါမှ မကြိုးစားမိ။ ကျေနပ်ကြည်နူးစွာ လက်ခံခဲ့၏။ တစ်ခဏ ခွဲခွါရပေမယ့် လွမ်းစိတ်ကတော့ အတူတူပင်။ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့် ခွဲရမှာပင် ကြောက်ရွံ့လာမိသည်။

အလွန်အေးတဲ့ ဆောင်းညမျိုးမှာတောင် မိမိခန္ဓာကိုယ်သည် သူမကို ချစ်နေတဲ့ ချစ်စိတ်များ စီးဝင်နေ၍ နွေးထွေးနေသည်။ မင်းလက်ကလေး ကိုင်ချင်လို့ သီချင်းကို သတိရမိသည်။ သူမ၏ လက်ကလေးကို နွေးထွေးစွာ ဆုပ်ကိုင်ချင်မိသည်။

မောင်စေတနာ

2 ယောက် မှတ်ချက်ပြုသည်:

မောင်သီဟ said...

ဟူးး ပုံစံတူပဲ
သူမ ဆိုတာ ၂၄နာရီ သတိရခြင်းဖြစ်နေတယ်

လူမလေး said...

အလွမ်းရာသီ
ဆောင်းဆိုတာ..
အလွမ်းရာသီလေ
မြူတွေဆိုင်းနေတဲ့ တောင်တန်း
အလွမ်းတွေ ဆိုင်းနေတဲ့ ရင်ခွင်
အေးစက် တုန်ရီစေတဲ့ ရာသီခွင်နဲ့
အေးစက် ခြောက်သွေ့နေတဲ့ ရင်ခွင်
ဘယ်နေရာ ကြည့်ကြည့်
အလွမ်းတွေ အပြည့်ပဲလေ
ဒီတော့ ခေါ်ချင်တယ် ဆောင်းရာသီလေးရယ်
မင်းက အလွမ်းရာသီလေး ပါ...