30.12.09

Drive တစ်ခု ထပ်ခွဲမယ်

တစ်နေ့က မိတ်ဆွေတစ်ယောက်က သူရဲ့ Hard disk (D:) က ပြည့်နေလို့ ကူညီပါအုံးတဲ့။ ဒါနဲ့ သူစက်ရဲ့ System (C:) ကို ကြည့်လိုက်တော့ ပိုနေတာတွေ ရှိသေးတယ်။ ဒါနဲ့ စိတ်မပူနဲ့ လုပ်ပေးမယ်ဆိုပြီး လုပ်ပေးခဲ့တယ်။ G: drive တစ်ခု ထပ်ပေါ်လာတာပေါ့။ လုပ်နည်းလေးကတော့ အောက်ကအတိုင်းပဲ။

(၁) My Computer ကို Right Click လုပ် Manage ကို ရွေး။
(၂) ပြီးရင် Disk Management ကို Click လုပ်။ ညာဘက်မှာ C: , D: ဆိုတာ ပေါ်လာလိမ့်မယ်။ အောက်ကအတိုင်း။


(၃) C: အကွက်ကို Right Click လုပ်။ Shrink Volume ဆိုတာကို ရွေး။ ခဏစောင့်။
(၄) Box တစ်ခု ကျလာလိမ့်မယ်။ Enter the amount of space to shrink in MB: ဆိုတဲ့အကွက်က C: မှာ လွတ်နေတဲ့ ပမဏာပဲ။ အဲဒီအကွက် အကုန်လုံးကို မယူသင့်တဲ့အတွက် မိမိ လိုချင်သလောက်ခွဲယူ။
(ဥပမာ- C: က 60 GB ဆိုပါတော့။ သုံးထားတာက 30 GB ။ ဒါဆို 30 GB ပိုနေတယ်။ အကုန်လုံး မယူသင့်တဲ့အတွက် 20 GB လောက်ပဲ ခွဲယူပါ။ 20 GB ဆိုရင် 20240 လို ရိုက်ထည့်လိုက်။ ပြီးရင် Shrink ကို နှိပ်။
(၅) ဒါဆို Drive တစ်ခု ထပ်ပေါ်လာလိမ့်မယ်။ အဲဒီ Drive ကို Right Click လုပ်။ New ဆိုတာနဲ့ သူပြောတဲ့ အဆင့်တွေ အတိုင်း လုပ်သွားလိုက်။ ဒါဆို Drive တစ်ခု ပိုထွက်လာပြီပေါ့။

မောင်စေတနာ

29.12.09

Drive A ကနေ Z အထိ ပိတ်မယ်

ဒီဆော့ဝဲလ်က မိမိမှာ ရှိနေတာ ကြာပြီ။ ဆိုင်ကနေ (၅၀၀)နဲ့ ၀ယ်ထားတာ။ ဟီး။ မိမိအတွက် သိပ်အသုံးမ၀င်တာနဲ့ စာဖတ်သူတွေကိုလဲ မေ့နေတာ။ ဟိုတစ်နေ့က ညီလေးတစ်ယောက်က အွန်လိုင်းဆိုင်မှာ တစ်ချို့ User တွေက ဆော့ဝဲလ်တွေ သွင်းလိုက်၊ ဖျက်လိုက် လုပ်သွားလို့ ကာကွယ်တဲ့နည်း ပေးပါဆိုလို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီဆော့ဝဲလ်သုံးမယ်ဆိုရင် သူရဲ့ လုပ်ဆောင်ချက်တွေကို သိအောင် ရှင်းလင်းပြမယ်။
(၁) Drive A ကနေ Z အထိ Hide, Lock, Disallow Autorun စတာတွေ လုပ်လို့ရတယ်။
(၂) HDDs, Floppy, CD/DVD, RAM Disks စတာတွေကိုလဲ Disallow Autorun လုပ်လို့ရတယ်။

ဥပမာ- မိမိတို့ စက်ရဲ့ Data (D:) ကို ဖျောက်ထားတာတို့၊ Lock ချမယ်ဆိုရင် Password ပေးပြီး Security လုပ်ထားလို့ရတာပေါ့။ နောက်ပြီး CD/DVD တွေ၊ HDD တွေ ကိုလဲ ပိတ်ထားလို့ ရပါတယ်။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ ကာကွယ်လို့ ရသွားပြီပေါ့။ ဒီမှာ Download ယူ။ အဆင်ပြေပါစေ။

မောင်စေတနာ

27.12.09

သရုပ်ဆောင်

ရင်ခွင်မှာ
ကွဲအက်မှုက
မျက်နှာမှာ လာပေါ်ပြီ။

ဖုံးဖိမယ်
အပြုံးတုနဲ့
ပျော်ရွှင်ဖွယ် မျက်နှာတု။

နာကျင်မှု
ရင်အစုံကို
ပလာစတာနဲ့ ကပ်။

မင်းပျော်ဖို့
ရုပ်ဖျက်မယ်
အခုချိန်မှာ ငါ့အဖြစ်က
အလွန်တော်တဲ့
သရုပ်ဆောင်တစ်ယောက်။


မောင်စေတနာ

နှင်းတွေ ဝေ

ဆောင်းရာသီက နေရာတိုင်းမှာ နှင်းတွေ ဝေနေပါတယ်။ တောင်ပေါ်ဒေသတွေဆို ပိုဆိုးတာပေါ့။ နေရာတိုင်း နှင်းဝေနေတဲ့အချိန်မှာ မိမိတို့ရဲ့ ဘလော့လေးမှာ နှင်းတွေ ဝေချင်တယ်ဆိုရင် ဒါမှမဟုတ် သစ်ရွက်လေး ပြုတ်ကျလာစေချင်ရင် အောက်က ကုဒ်တွေကို ယူလိုက်ပါ။







ပြီးရင် Layout ရဲ့ Add a Gadget က HTML/JAVA ထဲမှာ ထည့်လိုက်ရင် ရပါပြီ။ သစ်ရွက်ပဲ ဝေေ၀၊ နှင်းပဲဝေေ၀ ဝေချင်ရာ ဝေနိုင်ပါပြီ။ ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ။

(Ref: www.bloggerstop.net)


မောင်စေတနာ

26.12.09

Window Movie Maker

Window 7 ကို စတင်ပြီးကတည်းက မိမိသုံးနေကျ Window Movie Maker ကို ရှာကြည့်တာ မတွေ့ရဘူး။ ကိုယ်ကလဲ ဒါပဲ သုံးရတာ လွယ်ကူပြီး ရိုးရှင်းတော့ သုံးချင်တာ။ ဒါနဲ့ အလုပ်များတာနဲ့ မေ့နေခဲ့တယ်။ ဟိုတစ်နေ့ကမှ စိတ်ကူးရလို့ အင်တာနက်မှာ ပြန်ရှာတာ ရလာတယ်။


ယူပြီး သုံးကြည့်တာ အိုကေတယ်။ ဓါတ်ပုံနဲ့ VCD ကို လုပ်ကြည့်တာ ကောင်းတယ်။ အဆင်ပြေမှပဲ လိုတာလေး တစ်ခုရလို့ သက်ပြင်းချနိုင်တယ်။ ဟီး။ စာဖတ်သူတွေထဲက Window 7 သုံးပြီး Window Movie Maker လိုအပ်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်း ယူပေးတော့။


မောင်စေတနာ

25.12.09

တစ်ချိန်က Burglish

ဒီဆော့ဝဲလ်လေးက စိတ်ဝင်စားဖို့တော့ ကောင်းတယ်။ ၂၃.၁၁.၂၀၀၈ ရက်နေ့က စတင်ပြီး လုပ်ခဲ့တာ။ en2mm software လေးပါ။ မိမိတို့ Gtalk တွေမှာ ဇော်ဂျီဖောင့် သုံးလို့ မရခင်က Burglish နဲ့ ပြောဆိုကြဆိုတာ အားလုံးအသိပါ။ တစ်ချို့က Burglish ကို ကောင်းကောင်း မသုံးတတ်တော့ စကားပြောဆိုရာမှာ အခက်အခဲ တွေ့ခဲ့ကြရတယ်။ မိမိကိုယ်တိုင်လဲ Burglish ကို နားမလည်ဖြစ်ခဲ့တယ်။

ဒီဆော့ဝဲလ်လေးက Burglish လို ရိုက်ထားတဲ့ စာတွေကို မြန်မာလို ပြန်ပေးတဲ့ အရာလေးပါ။ ဒါပေမယ့် အခုက အားလုံး ဇော်ဂျီဖြစ်နေကြပြီ ဆိုတော့ လိုတော့ မလိုအပ်သလိုတောင် ဖြစ်နေပါပြီ။ ဘာဖြစ်ဖြစ် ဒီဆော့ဝဲလ်ကို ဖန်တီးပေးခဲ့တဲ့ လူကိုတော့ အသိအမှတ်ပြုချင်လို့ပါ။ ဒါကြောင့် ဖော်ပြပေးလိုက်ပါတယ်။ အသေးစိတ်ကို ဒီမှာ လေ့လာပေးပါ။

မောင်စေတနာ

22.12.09

အက်ဆေး

အေးမြတဲ့ ဆောင်းညမှာ တစ်ယောက်တည်း လမ်းလျှောက်ရင် သူမကို တွေးမိသည်။ ချစ်တယ် ဆိုတဲ့ စကားတွေ စိတ်ထဲက အကြိမ်တစ်ရာမက ရေရွတ်နေမိတယ်။ သူမကို တွေးလိုက်မိရင် ရင်ထဲ နွေးထွေးသွားတယ်။ မိမိအပေါ် ဒီလောက်ထိ စိုးမိုးသူ။

အလုပ်တွေ လုပ်နေရင်းနဲ့ အာရုံပျံ့လွင့်ပြီး ဆိုရင် သူမ မျက်နှာလေးက ပြေးဝင်လာ၏။ ၀င်လာသော အာရုံကို မောင်းထုတ်ဖို့ တစ်ကြိမ်တစ်ခါမှ မကြိုးစားမိ။ ကျေနပ်ကြည်နူးစွာ လက်ခံခဲ့၏။ တစ်ခဏ ခွဲခွါရပေမယ့် လွမ်းစိတ်ကတော့ အတူတူပင်။ တစ်နာရီ၊ တစ်မိနစ်၊ တစ်စက္ကန့် ခွဲရမှာပင် ကြောက်ရွံ့လာမိသည်။

အလွန်အေးတဲ့ ဆောင်းညမျိုးမှာတောင် မိမိခန္ဓာကိုယ်သည် သူမကို ချစ်နေတဲ့ ချစ်စိတ်များ စီးဝင်နေ၍ နွေးထွေးနေသည်။ မင်းလက်ကလေး ကိုင်ချင်လို့ သီချင်းကို သတိရမိသည်။ သူမ၏ လက်ကလေးကို နွေးထွေးစွာ ဆုပ်ကိုင်ချင်မိသည်။

မောင်စေတနာ

20.12.09

Memory Card Recovery

ဒီရက်ပိုင်းက အလုပ်တော်တော်များတယ်။ ဘလော့ဘက်တောင် လှည့်မကြည့်နိုင်ဘူး။ အလုပ်ပြီးရင်း အလုပ်ဖြစ်နေတယ်။ ဟိုတစ်နေ့က မိတ်ဆွေ ဓါတ်ပုံဆရာတစ်ယောက် မိမိဆီ ရောက်လာတယ်။ သူကဒ်ထဲကဟာ တွေ Format ချလိုက်တာ ပြန်လိုချင်လို့တဲ့။ လုပ်ပေးပါတဲ့လေ။

ဒါနဲ့ မိမိမှာ ရှိတဲ့ Recovery Software တွေနဲ့ ပြန်ရှာပေးတာပေါ့။ တွေ့တယ် တော်တော်များများကို။ ဒါပေမယ့် သူလိုချင်တဲ့ ဖိုင်တွေ မတွေ့သေးဘူးလို့ ပြောတယ်။ မိမိလဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ဒါနဲ့ ထုံးစံအတိုင်း Google ကို အားကိုးရတော့တယ်။


တွေ့ပါရဲ့။ English ဆိုဒ်တစ်ခုက။ ရှားရှားပါးပါး အဲဒီဆိုဒ်ကလဲ ဒီဆော့ဝဲလ်လေးတစ်ခုထဲကို ဖော်ပြထားတယ်။ ကျန်တာက အာလာပ သလပတွေ များတယ်။ ယူကြည့်လိုက်တယ်။ သုံးကြည့်တော့ Memory Card ထဲက ပုံတွေ အကုန်ပေါ်တော့တယ်။ ဟူး . . . . သက်ပြင်းချနိုင်ပြီ။

စာဖတ်သူများ အားလုံး အသုံးလိုရင်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download ပေးတော့။ မိမိကတော့ မောသွားပြီ။ အဆင်ပြေပါစေ။

မောင်စေတနာ

16.12.09

Clock for Blog


မိမိတို့ရဲ့ ဘလော့တွေမှာ နာရီလှလှလေးတွေ ထားချင်တယ်ဆိုရင် ယခုဆိုဒ်လေးက ဆောင်ရွက် ပေးပါလိမ့်မယ်။ လိုချင်တဲ့ နာရီမျိုးစုံကို အလကားမတ်တင်း ရယူနိုင်ပါတယ်။ ရှေးဟောင်း နာရီကနေ ယနေ့ ခေတ်ပေါ် နာရီတွေအထိ မျိုးစုံစွာ ရှိပါတယ်။ ဒီလင့်မှာ သွားရောက် လေ့လာနိုင်ပါတယ်။


မောင်စေတနာ

15.12.09

Computer Whole Information

ဟိုတစ်နေ့က မိတ်ဆွေတစ်ယောက် မေးတယ်။ ကွန်ပျူတာ တစ်လုံးရဲ့ ဟာ့ဒ်ဝဲအစိတ်အပိုင်းတွေရဲ့ အချက်အလက်တွေကို သိချင်တယ်တဲ့။ ဘာသုံးရမလဲတဲ့။ မိမိသိတဲ့ ဆော့ဝဲလ်လေး ပေးလိုက်တော့ သဘောကျသွားတယ်။



အားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်တဲ့အတွက် ဆောင်ထားသင့်ပါတယ်။ Freeware လေးပါ။ ဒီမှာသာ Download လုပ်ပေးတော့။

မောင်စေတနာ

14.12.09

ပုံတွေ ဆိုဒ်ကြီးထုတ်မယ်

တစ်နေ့က သူငယ်ချင်း တစ်ယောက် ရောက်လာတယ်။ သူတို့ လုပ်ကွက် မြေပုံတွေ ယူလာတယ်။ အဲဒီမြေပုံတွေကို အပိုင်းပိုင်းပြီး တစ်ကွက်ကို A4 ဆိုဒ် တစ်ခုစီလောက် ထုတ်ချင်တယ်။ ပြီးရင် အဲဒီပုံတွေကို ဆက်ချင်တယ်။ ပုံကြီးအောင်လို့တဲ့။ ကူညီပါတဲ့။ ရမလားပေါ့။ လာမေးတယ်။ အူကြောင်ကြောင် ဖြစ်သွားတယ်။ မိမိက Photoshop နဲ့ လုပ်ပေးရမှာလို့ မေးလိုက်တော့။ မသိဘူးတဲ့။ ဆိုင်မှာ မြင်ဖူးတာတော့ Software နဲ့လုပ်သွားတာ မြင်ဖူးတယ်တဲ့လေ။

စိတ်လေသွားတယ်။ သူကလဲ မဖြစ်မနေ ကူညီပါဆိုတော့ ကောင်းပြီလေဆိုပြီး လုပ်ပေးမယ်လို့ ပြောလိုက်တယ်။ မိမိလဲ Google ကြီးကို အားကိုးရတော့တာပေါ့။ တွေ့ပါ၏။ Free Software လေး။ English လို ရှင်းထားတာ အများကြီးပဲ။ မိမိလဲ တတ်သလောက် မှတ်သလောက်နဲ့ လိုက်ဖတ်ကြည့်တော့ မိမိလိုချင်တာနဲ့ ကွက်တိဖြစ်နေတယ်။

အိုကေပေါ့။ ယူပြီး လုပ်ကြည့်လိုက်တာ ရသွားတယ်။ အောက်က နမူနာလေးတွေ ဖြစ်လာတယ်။

မူရင်းပုံဖြစ်ပါတယ်။


Print ထုတ်ပြီးသားတွေ အားလုံးကို ကော်ကပ်လိုက်တော့ ဆိုဒ်အကြီးကြီး ရသွားတာပေါ့။ သုံးချင်သူများ၊ လိုအပ်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဒီနည်းလမ်းကတော့ မိမိတို့ရဲ့ Printer သေးသေး ကွေးကွေးနဲ့ ဆိုဒ်ကြီး ထုတ်လုပ်ရတဲ့ နည်းလမ်းပါပဲ။ ဆော့ဝဲလ်ကို ဒီမှာ Download လုပ်ယူပါ။

မောင်စေတနာ

12.12.09

Gmail သမိုင်းကြောင်း

Gmail Creator



Paul Buchheit

အမေရိကန်ကွန်ပျူတာပရိုဂရမ်မာ

Friend Feed တည်ထောင်သူ
Case Western Reserve တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သည်။
Google ၏ လက်ရွေးစင်ပရိုဂရမ်မာများမှ ၂၃ ယောက်မြောက်


2004 March

ကမ္ဘာကျော် New York Times သတင်းစာမှနေ၍ ဧပြီလ ၁ ရက်နေ့တွင် Gmail ကို စတင်လွှင့်ထုတ်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ သိုလှောင်မှုပမာဏ 1 GB အထိပေးမည်ဟု တရားဝင်ဖွင့်ဟခဲ့ရာ မယုံကြည်သူများက ကုမ္ပဏီငယ်တစ်ခု၏ April Fool တစ်ခုမျှသာ ဖြစ်ကြောင်း လက်ခံခဲ့သော်လည်း Spam နည်းပါးခြင်းနှင့် အလွန်အဆင့်အတန်းမြင့်မားသော Ajax နည်းပညာသုံးထားသည့် Gmail ကို Invite မှ တစ်ဆင့် စတင်လက်ခံခဲ့ရပြီးနောက် Gmail ၏ ကမ္ဘာသက်ဝင်လှုပ်ရှားလာခဲ့တော့သည်။

2005 Jan
Hacker များ အလွယ်တကူဖြင့် ထိုးဖောက်ဝင်ရောက်နိုင်သော လုံခြုံရေးဟာကွက်တစ်ခုကို Slash dot တွင် ဖော်ပြခဲ့ရာ အဆိုပါပြဿနာကို အလွယ်တကူဖြင့် ပြန်လည်ပြင်ဆင်ပြီးချိန်တွင် Google ကိုယ်တိုင်သည် သူတို့၏ Service ကို လူများစွာ စိတ်ဝင်စားကြောင်း ယုံကြည်သွားခဲ့သည်။

2005 Apr
သိုလှောင်မှုပမာဏကို 2 GB အထိ မြှင့်တင်ပေးခဲ့ပြီး စာပို့သောနေရာတွင် Plain Text အဆင့်မှ HTML အဆင့်သို့ တိုးမြှင့်ပေးခြင်း၊ Font ပြောင်းလဲနိုင်ခြင်းအပါအ၀င် Feature အသစ်များကို ထပ်မံပေါင်းထည့်ခဲ့သည်။

2005 May
ပြင်သစ်၊ ဂျာမန်၊ အီတလီ၊ ဂျပန်၊ ကိုရီးယား အစရှိသော ဘာသာစကားများကိုပါ Gmail တွင် ပေါင်းစပ် ထည့်သွင်း အသုံးပြုနိုင်စေရန် ပြုလုပ်နိုင်ခဲ့သည်။

2005 Jun
တစ်ကမ္ဘာလုံးတွင် Gmail Account 1.2 သန်းခန့်ရှိလာခဲ့ကြောင်းကို ကမ္ဘာကျော် Popular Science မဂ္ဂဇင်းကြီးမှ Gmail ၏ ထုတ်လုပ်မှုမန်နေဂျာကို စစ်တမ်းကောက်ယူပြီး ဖော်ပြပေးခဲ့သည်။ လကုန်ပိုင်းတွင် ဖင်လန်၊ ပိုလန်နှင့် ဆွီဒင်ဘာသာစကားများကို ထပ်မံထည့်သွင်းခဲ့သည်။

2005 July
Gmail အသုံးပြုနေစဉ်တွင် Inbox အတွင်းမှနေ၍ Google Search Engine ကို အသုံးပြုနိုင်သည့် Service ကို ထည့်သွင်းခဲ့ပြီး Gmail ၏ သိုလှောင်မှုပမာဏမှာ 2 GB အကျော်ထိ ရောက်ရှိခဲ့ပြီး တစ်နေ့တွင် 14 MB နှုန်း သိုလှောင်မှုပမဏာကို တဖြည်းဖြည်းချင်း တိုးမြှင့်ပေးသည့်စနစ်ကို စတင်သုံးစွဲခဲ့သည်။

2005 Aug
အချို့သော User များကို 100 Invitation ပေးအပ်ခဲ့သည်။ ယုံကြည်စိတ်ချရသော Developer များနှင့် Programmer များကို Invite ပြုလုပ်ခွင့် 1000 အထိ ရရှိခဲ့သည်။ ဂရိ၊ ဟန်ဂေရီ၊ အင်ဒိုးနီးရှား၊ ဗီယက်နမ် စသော ဘာသာစကား ၁၂ မျိုးအထိ ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Aug 24
Mobile ဖုန်းများတွင် Text Message ပေးပို့နိုင်ရန်အတွက် Gmail မှတစ်ဆင့် အသုံးပြုနိုင်ရန် စတင်ပြုလုပ်ပေးခဲ့သည်။ အမေရိကန်တွင် Invitation ကုတ်ဖြင့် Gmail Mobile များကို Tex Message များ ပေးပို့နိုင်သည်။ ထိုကဲ့သို့ပေးပို့ခြင်းတွင် Web ပေါ်တွင်သုံးသော Gmail ကဲ့သို့ Spam များကို ရှင်းလင်းသေသပ်စေသည်။ https စနစ်ကို ဂရုတစိုက်သုံးစွဲသည့်အတွက် လုံခြုံရေးပြည့်ဝပြီး လူကြိုက်များလာခဲ့သည်။ အချို့သော ISP Mail များအတွက် စိတ်တိုင်းကျ Customize လုပ်ခွင့်ကို ပေးအပ်ခဲ့သည်။

2005 Sep
ချက်၊ ဟင်ဒီ၊ ထိုင်း၊ တူရကီ စသော ဘာသာစကား ၉ မျိုး ထပ်မံပေါင်းထည့်ခဲ့သည်။

2005 Oct
အင်္ဂလန်တွင် ရှိသော gmail.com ကုမ္ပဏီတစ်ခုနှင့် နာမည်ကိစ္စ စကားပြောဆိုခဲ့ရပြီး Username@gmail.com နေရာတွင် Username@google.com အဖြစ် အချို့နေရာများတွင် ပြောင်းလဲပစ်ရန် သဘောတူညီခဲ့ရသည်။

2005 Dec
ဆက်သွယ်နိုင်သောအုပ်စုများ (Contact Group)၊ သူငယ်ချင်းများ၊ ၀န်ထမ်းများ (Co-Wokers) စသော Feature အသစ်များကို ထပ်မံပေါင်းထည့်၍ သုံးစွဲသူတစ်ဦးအနေဖြင့် gmail ကို စိတ်တိုင်းကျ ထိန်းသိမ်းကွပ်ကဲ နိုင်စေရန် ပြုလုပ်ပေးခဲ့သည်။

2005 Dec 16
Gmail Mobile အသစ်တစ်ခုထပ်မံထုတ်လွှင့်ခဲ့သည်။ အဆိုပါ http://m.gmail.com သည် Gmail Mobile များအတွက် အထူးဝက်ဆိုက်ဖြစ်ပြီး Source Forge အဖွဲ့အစည်းမှနေ၍ Gmail Mobile 1.0 ကို Open Source အနေဖြင့် ရေးသားပေးခဲ့သည်။

2006 Jan
Menu bar တွင် Delete button ကို ပေါင်းထည့်ပေးခဲ့သည်။ အဆိုပါ Bottom သည် Gmail စစထွက်ချင်းတွင် မပါဝင်ခဲ့၍ သုံးစွဲသူတိုင်းက ဝေဖန်ခဲ့ကြသည်။

2006 Feb
သုံးစွဲသူတိုင်း၏ Chatting စကားပြေဆိုမှုများကို မှတ်သားထားနိုင်ရန် Chat History ကို ပေါင်းထည့်ပေးခဲ့သည်။

2006 Mar
Gmail for your domain ကို မိတ်ဆက်ပေးခဲ့သည်။ အဆိုပါ Gmail သည် တစ်နှစ်လျှင် ၂၅ ဒေါ်လာဖြင့် ၀ယ်ယူသုံးစွဲရပြီး အဖွဲ့အစည်းများအတွက် အလွန်ကောင်းမွန်သော ၀န်ဆောင်မှုတစ်ခု ဖြစ်ခဲ့သည်။

2006 Apr
Google Calendar Service ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ကြေညာခဲ့သည်။

2006 Nov
Java Application များဖြင့် အသုံးချနိုင်သော Gmail ကို Mobile ဖုန်းများပေါ်တွင် အလုပ်လုပ်နိုင်စေရန် အထူးသဖြင့် ဓာတ်ပုံများ၊ Document များ၊ Attachment များကို ရရှိစေရန် ဆောင်ရွက်နိုင်ခဲ့သည်။

2007 Jan
Docs & Spread Sheets ကို Gmail မှ တစ်ဆင့် ထုတ်လွှင့်ခဲ့ပြီး အများပြည်သူ register ပြုလုပ်၍ သုံးစွဲနိုင်ရန် Gmail ကို Invite ဖြုတ်ပေးခဲ့သည်။

2007 Feb
IMAP Access ကို ပြုလုပ်နိုင်စေရန် စတင်ကြော်ငြာခဲ့ပြီး Gmail Lab ကို မိတ်ဆက်ခဲ့ပါသည်။

2008 Nov
Themes များ ပေါင်းထည့်ခဲ့သည်။

2008 Dec
To do list ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူအနေဖြင့် Task များပေါ်တွင် ပေါင်းထည့်ခြင်း၊ ဖျက်ပစ်ခြင်းများကို ပြုလုပ်နိုင်သည်။

2009 Jan
Google Gear ကို စတင်မိတ်ဆက်ခဲ့သည်။ နောင်တွင် အဆိုပါ Google Gear သည် Gmail ကို Off line Mode ဖြင့် သုံးစွဲစေနိုင်ခဲ့သည်။

2009 Feb
Undo Bottom ကို ပေါင်းထည့်ခဲ့သည်။ သုံးစွဲသူပေါင်း သန်း ၁၀၀ ခန့်အထိ ရှိလာခဲ့ပြီး Gmail သည် မကြာခဏ service Down သွားလေ့ရှိသည်။

2009 July
Gmail တွင် တစ်ဖက်အသုံးပြုသူ၏ မျက်နှာကိုပါ မြင်တွေ့စေနိုင်သော Video Chat ကိုပါ ပေါင်းထည့်ပေးခဲ့သည်။

2009 Sept
ယခုအချိန်တွင် သုံးစွဲသူအများအပြား၏ request လုပ်မှုကြောင့် Gmail သည် မကြာခဏ ပြတ်တောက်မှုများ ဖြစ်ပွားလျက် ရှိသည်။

(NetGuide မှ ကူးယူဖော်ပြသည်။)

မောင်စေတနာ

10.12.09

Botton Page ပြုလုပ်နည်း


မေးထားတာတော့ ကြာပါပြီ။ မိမိ မအားတာနဲ့ မရေးဖြစ်တာပါ။ အမှန်တော့ ဒီလုပ်နည်းကို မရေးချင်ပါဘူး။ ဘလော့ တော်တော်များများမှာ ရေးသားထားတာ မြင်ဖူးလို့ပါ။ ဒါပေမယ့် အဲဒီဘလော့တွေကို ညွှန်းဖို့အတွက် လင့်တွေ မေ့နေတာနဲ့ မိမိလုပ်ထားတာကို ရေးသားဖော်ပြလိုက်ပါတယ်။ အောက်က အဆင့်တွေအတိုင်း လုပ်ပေးပါ။

၁) Layout မှာ Add a Gadget က HTML/JAVA ကို Click လုပ်ပါ။
၂) အောက်က ကုဒ်တွေကို ကော်ပီ ကူးထည့်ပါ။



၃) Save လုပ်ပါ။
၎) Blog Posts အောက်ခြေကို ရွှေ့လိုက်ပါ။ ဒါဆို ရပါပြီ။

မောင်စေတနာ

8.12.09

Window 7 Keyboard Shortcuts

Window Seven သုံးနေတာ အခုထိတော့ ပြဿနာ မတွေ့သေးဘူး။ သုံးလို့လဲ ကောင်းနေတုန်းပဲ။ အခု သုံးနေတဲ့ Window 7 က Activated Key တောင်းတယ်။ ဆိုင်က ၀ယ်တုန်းကတော့ ကီး(၅)ခု ပါလာတယ်။ အင်တာနက် ချိတ်ဆက်ပြီး Activate လုပ်ရတယ်။ ကွန်မကောင်းရင် အပြည့်သုံးဖို့ မလွယ်လှဘူး။ အခု ခွေအသစ်တစ်ခု ရထားတယ်။ သူငယ်ချင်းတစ်ယောက်က ၀ယ်ထားတာ။ Full Version လို့ ဆိုတာပဲ။ ကီးလဲ မတောင်းဘူးတဲ့။

တောင်းပြီး ထပ်တင်ကြည့်မလားလို့ စိတ်ကူးမိတယ်။ အခုကတော့ English Site တော်တော်များများမှာ Window 7 ရဲ့ ကောင်းကွက်တွေ၊ အသုံးဝင်ပုံတွေ ရေးထားတာတွေ့ရတယ်။ မိမိကလဲ အင်္ဂလိပ်စာ ခပ်ကျွမ်းကျွမ်းဆိုတော့ ဟီး။ Window 7 Keyboard Shortcuts တစ်ချို့တော့ ရလာတယ်။

Win+Home: Clear all but the active window
Win+Space: All windows become transparent so you can see through to the desktop
Win+Up arrow: Maximize the active window
Win+Down arrow: Minimize the active window or restore the window if it's maximized
Win+Left/Right arrows: Dock the active window to each side of the monitor
Win+Shift+Left/Right arrows: If you've got dual monitors, this will move the active window to the adjacent monitor
Win+T: Shift focus to and scroll through items on the taskbar
Win+P: Adjust presentation settings for your display
Win+(+/-): Zoom in/out
Shift+Click a taskbar item: Open a new instance of that particular application

သုံးကြည့်ပေါ့။ ကောင်းတာတွေ ပါပါတယ်။ မိမိတော့ သုံးကြည့်နေတယ်။

မောင်စေတနာ

Device Doctor


Device Doctor က Freeware လေး တစ်ခုပါ။ မိမိတို့ရဲ့ ကွန်ပျူတာ Devices တွေ update လုပ်တဲ့နေရာ၊ hardware တွေ စစ်ရာမှာ အသုံးပြုနိုင်ပါတယ်။ သူက unidentified devices တွေအတွက် အသုံးဝင်ပါတယ်။ သုံးစွဲရတာလဲ လွယ်ကူပါတယ်။ လိုအပ်သူများ Download လုပ်ယူပါ။

မောင်စေတနာ