8.4.10

Driver Scanner

မနေ့တစ်နေ့က မိတ်ဆွေတစ်ယောက်ရဲ့ စက်ကို သွားကြည့်ပေးဖြစ်တယ်။ Window က တော်တော်ကို သုံးမရအောင် ဖြစ်နေတယ်။ နည်းမျိုးစုံနဲ့ ပြင်ကြည့်မိတယ်။ ဆရာမနိုင် နှစ်ဆောင်ပြိုင် ဖြစ်ပြီမို့ နောက်ဆုံး Window ပြန်တင်ခဲ့ရတယ်။
Window တင်ပြီးတော့ စက်ရဲ့ On Board နဲ့ ပတ်သက်တဲ့ အခွေတွေ တောင်းတော့ မရှိတော့ဘူးတဲ့။ ရှာတာ မတွေ့တော့ဘူးတဲ့လေ။ စိတ်လေသွားတယ်။ Graphic ရယ်၊ Sound ရယ်၊ Network တွေ မရနိုင်ဘူးလေ။ အခွေမရှိရင်။ ဒါနဲ့ မိမိလဲ ဆော့ဝဲလ်တစ်ခု သွားစဉ်းစားမိတယ်။
Driver Scanner ပါပဲ။ ဒီဆော့ဝဲလ်က မိမိဝယ်ထားတဲဲ့ အခွေမှာ ပါပေမယ့် တစ်ကြိမ်မှ မစမ်းဘူးသေးဘူး။ Network ကို အရင်ဆုံး တစ်ခြားစက်က အင်တာနက်သုံးပြီး ရှာထည့်လိုက်တယ်။ ပြီးတော့ စက်ကို အင်တာနက် ချိတ်လိုက်တယ်။ အခုသုံးမယ့် ဆော့ဝဲလ်က အင်တာနက် မရှိရင် အသုံးမဝင်ဘူးလေ။ အင်တာနက်ရမှ Install လုပ်လိုက်တယ်။
Install ပြီးသွားတော့ Update လုပ်ရမှာတွေ၊ Install လုပ်ဖို့လိုတဲ့ Graphic ၊ Sound စတာတွေ ပေါ်လာတယ်။ ပြထားတဲ့ အဆင့်တွေအတိုင်း Download လုပ်ခိုင်းတယ်။ ပြီးရင် အင်စတောတွေ လုပ်လိုက်တယ်။ စက်က အိုကေသွားတယ်။ သက်ပြင်းရှည်ကြီး ချနိုင်တော့တယ်။ စာဖတ်သူများလဲ မိမိတို့တွေရဲ့ စက်တွေမှာ Software တွေ Update လုပ်ဖို့နဲ့ Window တင်ပြီးရင် ကြုံတွေ့ရတဲ့ အခက်အခဲတွေ ပြေလည်စေဖို့ ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်တစ်ခု ဖြစ်ပါတယ်။ စိတ်ဝင်စားရင်ဖြင့် Download လုပ်ယူပါ။
‌မောင်စေတနာ

5 ယောက် မှတ်ချက်ပြုသည်:

Unknown said...

ကျေးဇူးတင်ပါတယ်ခင်ဗျာ........

happyguy said...

very good.I appreciate your post.Thanks you,my brother

happyguy said...

Brother,
Please help me out.I can't download this file.I don't know what happened.

nyinyinaing said...

I installed this software , but cann't find my not update driver

Anonymous said...

setting မှာ Proxy တွေ ဘာတွေ ကြည့်ပါ။ အင်တာနက်ရမှ သုံးလို့ရမည် ဖြစ်ပါသည်။

မောင်စေတနာ