8.11.09

လွှမ်းမိုးသူ


ဆောင်းနှင်းတွေက
ထူပိန်းစွာ ကျလာပြီ
အာရုံမှာ ပေါ်နေတဲ့
ငါ့ အလွမ်းတွေကို မဖုံးလွှမ်းနိုင်ဘူး။

နေရောင်ခြည်က
လင်းလက်စွာ ဖြာဆင်းလာပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းပုံရိပ်လောက် မလင်းလက်နိုင်ဘူး။

ညနေဆည်းဆာက
လှပစွာ ပုံဖော်နေပြီ
အာရုံမှာ ပေါ်နေတဲ့
မင်းမျက်နှာလောက် မလှပနိုင်ဘူး။

ဘယ်အရာများက
လှပသာယာ ဖော်ဆောင်နေလဲ
ငါ့ လွမ်းဆွတ်စိတ်
မင်းပုံရိပ်နှင့် လှုပ်ရှားမှုက
အရာရာတိုင်းကို စိုးမိုးပါပြီ။


မောင်စေတနာ

3 ယောက် မှတ်ချက်ပြုသည်:

Unknown said...

လွမ်းတယ် ဆိုတဲ့ စကားလုံးဟာ..
တကယ်လွမ်းတတ်သူအတွက်ပါပဲ..
တကယ်ချစ်မှ..လွမ်းတာ ကိုခံစားနိုင်တာပါ...
ဘယ်လောက်ပဲ..ဝေးနေပါစေ..
အချစ်ဆိုတာ...လူတိုင်းခံစားခွင့် ရှိပါတယ်..
ဒါပေမယ်..
အချစ်ကြောင့် ဖြစ်လာ မယ့့်...အလွမ်းဆိုတာကို..ကျော်လွှားနိုင်ဖို့ အတွက်..
ခွန်အားတော့ .....၇ှိနေ၇မယ်...

Unknown said...

လွမ်းတယ် ဆိုတဲ့ စကားလုံးဟာ..
တကယ်လွမ်းတတ်သူအတွက်ပါပဲ..
တကယ်ချစ်မှ..လွမ်းတာ ကိုခံစားနိုင်တာပါ...
ဘယ်လောက်ပဲ..ဝေးနေပါစေ..
အချစ်ဆိုတာ...လူတိုင်းခံစားခွင့် ရှိပါတယ်..
ဒါပေမယ်..
အချစ်ကြောင့် ဖြစ်လာ မယ့့်...အလွမ်းဆိုတာကို..ကျော်လွှားနိုင်ဖို့ အတွက်..
ခွန်အားတော့ .....၇ှိနေ၇မယ်...

မောင်သီဟ said...

ကျွန်တော်လည်းလွမ်းနေတာ