14.4.09

Gmail ၏ လျှို့ဝှက်ချက်များ

အီးမေးလ်နဲ့ တောင်းဆိုထားတဲ့ ကိုအောင်ကြည်ဖြူရေ . . ။ မေးထားတဲ့ မေးခွန်းကို ဖြေကြားပေးလိုက်ပါပြီ။ တစ်ဖက်က email ပို့လာတဲ့အခါ ကိုယ်ဘက်က လက်ခံရရှိကြောင်း၊ ဒါမှ မဟုတ် ကျေးဇူးတင်စကား ပြောကြားဖို့ Gmail မှာ လုပ်ထားလို့ရပါတယ်။ အောက်ပါ အဆင့်များ အတိုင်း လုပ်ပါ။

(၁) မိမိ၏ Gmail account ကို ၀င်ရောက်ပါ။
(၂) ပုံတွင် ပြသထားသည့် setting ကို ကလစ်ပါ။


(၃) ပြီးလျှင် General Tab ကို ရွေးပါ။
(၄) Vacation responder on ကို ရွေးချယ်ပြီး မြင်နေရသည့် အကွက်တွင် မိမိရေးချင်သည့် စာသားများ ရေးပါ။ (ဥပမာ -ကျေးဇူးတင်စကား၊ အီးမေးရောက်ရှိကြောင်း စာသား)




(၅) ပြီးလျှင် save changes ကို ကလစ်ပါ။
(၆) မိမိ ရေးထားသည့် Subject သည် အောက်တွင် ပြသထားသည့် အတိုင်း ပေါ်နေလိမ့်မည်။ အကယ်၍ အဆိုပါ ပြုလုပ်ထားသည့် အီးမေးလ်များ ပြန်ရုပ်သိမ်းချင်လျှင် End now ကို ကလစ်ရမည် ဖြစ်သည်။



အထက်ပါ အဆင့်များအတိုင်း ပြုလုပ်ပါက သင့်ဆီပေးပို့နေသော အီးမေးလ်တိုင်းကို အီးမေးလ် ပြန်နေလိမ့်မည် ဖြစ်သည်။ အဆင်ပြေကြပါစေ။


မောင်စေတနာ

4 ယောက် မှတ်ချက်ပြုသည်:

nay said...

thanks ko saytanar

တောင်ငူသား said...

အစ်ကိုဇင်မောင်မောင်ရေ့...
မေးထားတာလေးကိုသေချာပုံနဲ့တကွပြန်ဖြေပေးထား
တာကိုတွေ့တော့ သိပ်ဝမ်းသာသွားတယ်....ကျေးဇူး လည်းအရမ်းတင်ပါတယ်.... နောက်ကိုလည်းမေးအုံး မယ်နော်....
း-) akp

ကိုဇော်သွင် said...

gmail account နဲ့ google play လို့ ရပါသလား ခင်ဗျ။

ကိုဇော်သွင် said...

Gmail account နဲ့ google play လို့ရပါသလား ခင်ဗျ?