1.2.09

Hello Mario Game


Mario Game ကလေးဘ၀ထဲက သည်းသည်းမဲမဲ ဆော့ကစားခဲ့တဲ့ ဂိမ်းလေးဖြစ်ပါတယ်။ ယခု အသက်အရွယ် အရလဲ ဂိမ်းများကို ဆော့တဲ့အခါ red alert 2 ၊ warcraft တို့ ကစားဖြစ်ပေမယ့် ပေါ့ပေါ့ပါးပါးနဲ့ ဆော့လို့ ကောင်းတုန်းဖြစ်တဲ့ Mario Game လေးကို ရံဖန်ရံခါ ကစားတတ်ပါတယ်။



မိမိလို ကစားချင်သူများအတွက် ဖော်ပြပေးလိုက်ပါတယ်။ ဂိမ်း(၂)မျိုး ထည့်သွင်း ထားပါတယ်။ အပေါ်မှာ ပြထားတဲ့ ဂိမ်းက မှိုပွင့်နဲ့ ပစ်မယ်ဆိုရင် Z Key ကို နှိပ်ရပြီး ခုန်ချင်တယ် ဆိုရင် A Key ကို နှိပ်ရပါတယ်။ အောက်ပုံက ကစားနည်းကတော့ သေနတ်နဲ့ ပစ်ရတာပါ။ Mouse Left Click နဲ့ ပစ်ခတ်ရပါတယ်။ (၂)မျိုးပေါင်းမှ ( 2 MB)ကျော်ပဲ ရှိပါတယ်။ ပေါ့လွန်းပါတယ်။ ဒီတွင် Download လုပ်ယူပါ။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

ကျေးဇူးတင်ပါတယ်ဗျာ.. ဂိမ်းတွေ သိပ်မကစားဖူးဘူးဗျ.. ဒါလေးတော့ ကစားကြည့်လိုက်အုန်းမယ်