25.2.09

Gtalk အင်္ဂလိပ်-မြန်မာအဘိဓာန်


http://www.mmgeeks.org/forum/ က ပြုလုပ်ထားတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်လေးကို ဖော်ပြချင်ပါတယ်။ ဒီအဘိဓာန်လေးကတော့ အားလုံးကြိုက်ကြမှာပါ။ လူတိုင်း တွင်တွင်ကျယ်ကျယ် သုံးနေတဲ့ Gtalk မှာ တစ်ဖက်က အင်္ဂလိပ်လို ရိုက်လာတဲ့ စာသားလေးတွေကို မဖတ်တတ်၊ ဘာသာမပြန်တတ်ရင် ချက်ချင်း Gtalk မှာပဲ ဘာသာပြန် ခိုင်းလို့ရတဲ့ ဆော့ဝဲလ်လေးပါ။ Gtalk သုံးစွဲသူများ အကြိုက်တွေ့စေမယ့် ဆော့ဝဲလ်လေးပါ။

နည်းလမ်းကတော့ မခက်ပါဘူး။ en2mm2@mmgeeks.org ကို မိမိတို့ gtalk အကောင့်မှာ add လိုက်ပါ။ ပြီးရင် မိမိသိလိုတဲ့ စာသားကို ရိုက်ပြီး မေးနိုင်ပါပြီ။ ဥပမာ-( book, welcome, bat စသဖြင့် ) ။ မြန်မာလို ရှင်းလင်းချက်များ ကျလာပါလိမ့်မယ်။ ပျော်ရွှင်နိုင်ကြပါစေ။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

Good တယ်။