24.2.09

လူမည်းတို့ ဂုဏ်ယူဖွယ်


ဒီကနေ့ အင်တာနက်ကြည့်ရင်း အမေရိကန်နိုင်ငံ သမ္မတ အိုဘားမားကို မြင်တွေ့မိတာနဲ့ စဉ်းစားမိပါတယ်။ သြော် လူမည်းတွေအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ သမ္မတပဲ ဖြစ်မှာပါလားလို့။ ထူးခြားစွာ ဖြစ်ပေါ်လာတဲ့ သမ္မတပါပဲ။ အင်း ထူးခြားတယ်သာ ပြောရပေမယ့် အိုဘားမားအနေနဲ့ ဒီသမ္မတဖြစ်ဖို့အတွက် ဘယ်လောက် တောင် ရင်းနှီးပေးဆပ် ခဲ့တယ်ဆိုတာ မိမိတို့လည်း မသိနိုင်ပါဘူး။ ပေးဆပ်မှုများစွာနဲ့ မဖြစ်နိုင်တဲ့ ရလဒ်တစ်ခုကို ကမ္ဘာ့လူလောက အသိုင်းအ၀ိုင်းမှာ ဖော်ထုတ်ခဲ့တဲ့ သမ္မတ အိုဘားမားကို မိမိအနေနဲ့ လေးစားမိပါတယ်။

သူဟာ ကမ္ဘာ့လူသားများ ကောင်းကျိုးကို လုပ်နိုင်သည် ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ။ လူဖြူများကိုသာ ဦးစားပေးတဲ့ အမေရိကန်နိုင်ငံမှာ သမ္မတဖြစ်အောင် လုပ်နိုင်တာနဲ့တင် လေးစားမိပါတယ်။ ကျော်ကြားထင်ရှား ပုဂ္ဂိုလ်များထဲမှာ ပါဝင်လာသည့်အတွက် ချီးကျူးမိပါတယ်။ ဒါကြောင့် လေးစားတဲ့အနေနဲ့ မိမိရဲ့ပညာကို သုံးပြီး သရုပ်ဖော် ဂုဏ်ပြုမိပါတယ်။


မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: