18.12.08

လွမ်းမိတယ်

ဆောင်းညရဲ့ အေးမြမှုက ရင်ထဲထိ စိမ့်ဝင်လာသည်။ ဆောင်းလေက မိမိ ပါးပြင်ကို ထိခတ်လာသည်။ ကျောက်ခုံမှာ တစ်ယောက်ထဲ ထိုင်နေရင်း ဟိုတွေးဒီတွေး တွေးနေမိသည်။ ဒီလိုဆောင်းညမျိုးမှာ မိမိဘေးနားမှာ သူမသာ ရှိနေလျှင် ပျော်ရွှင်မိမှာ သေချာသည်။ အတူတူ ရှိနေသည့် အချိန်တွင် သူမ အေးနေပါက သူမ နွေးထွေးသွားအောင် ပွေ့ဖက်ထားချင်သည်။

အမှန်တော့ မိမိ၏ ဆန္ဒက သူမကို နွေးထွေးမှု တစ်ခုထဲသာ ပေးချင်သည် မဟုတ်ပါ။ ရေဆာနေလျှင် ရေရှာပေးမည်။ လမ်းလျှောက်၍ ညောင်းက ကုန်းပိုးခေါ်မည်။ စိတ်ညစ်နေပါက ပျော်ရွှင်အောင် ပြုလုပ်ပေးမည်။ သူမ မကျန်းမာလျှင် ပြုစုစောင့်ရှောက် ချင်သည်။ သူမ အားငယ်နေလျှင် နှစ်သိမ့်ပေးမည်။ သူမ ငိုနေလျှင် ရယ်ရွှင်အောင် ပြုလုပ်ပေးမည်။ သူမ လိုအပ်သည့် အချိန်တိုင်း အရာတိုင်း ဖြည့်ဆည်းပေးနေချင်တာပါ။

အင်း ... အတွေးများစွာနဲ့ သက်ပြင်းရှည်ကြီး ချရပြန်သည်။ ဒီညမျိုးမှာ မိမိ ထိုင်နေကျ ကျောက်ခုံလေးမှာ သူမနဲ့ အတူထိုင်ပြီး စကားများစွာ ပြောချင်သည်။ သူမ မျက်နှာကို စေ့စေ့ကြည့်ပြီး ချစ်လိုက်ရတာ ချစ်သူရယ် လို့ ပြောချင်မိသည်။ ဆောင်းရာသီအအေးဒဏ်ကို အံတုပြီး လွမ်းတယ်ဗျို့ ဟုသာ အော်လိုက် မိတော့သည်။

မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

ခံစားချက်တွေတူတယ်.