15.11.08

အော်ဂင် တီးရအောင်

ဂီတတွေထဲမှာ ဘယ်အရာကို သင်ချင်သလဲ၊ မည်သည့်ဂီတ အသံကို နှစ်သက်သလဲ ဆိုရင် တယောသံနဲ့ အော်ဂင်၊ စန္ဒယားသံပါ။ မိမိ အရမ်းနှစ်ချိုက်တဲ့ သံစဉ်တွေပါ။ လသာတဲ့ ညတွေမှာ ချစ်တဲ့သူ အိမ်ရှေ့သွားပြီး တယောထိုးပြီး သီချင်းဆိုချင်တာ မိမိရဲ့ စိတ်ကူးပါ။ အိမ်မှာ နေရင်း အနားယူတဲ့အချိန်တွေမှာ စန္ဒယားကို တီးချင်ခဲ့တာ မိမိရဲ့ လိုချင်ဆုံး စိတ်ကူးတွေပါ။ လက်တွေ့ကတော့ တော်တော် အလှမ်းဝေးပါတယ်။ စိတ်ကူးနဲ့ လက်တွေ့က တော်တော် ကွာခြားလှပါတယ်။ လက်ရှိကိုင်နေတာက ကွန်ပျူတာ ကီးဘုတ်။ စန္ဒယားတီးချင်တော့ ဒီကီးဘုတ်နဲ့ တီးလို့ရမယ့် ဆော့ဝဲလ်ကို ရှာဖွေခဲ့တာပါ။ ယခု ဖော်ပြမှာကတော့ အော်ဂင်ပါ။ ကွန်ပျူတာ ကီးဘုတ်နဲ့ တီးလို့ရပါတယ်။ စိတ်ဝင်စားရင် ဒီမှာ Download လုပ်ယူပါ။ ဂီတသံစဉ်များဖြင့် ပျော်ရွှင်ကြပါစေ။


မောင်စေတနာ

3 ယောက် မှတ်ချက်ပြုသည်:

Anonymous said...

I CAN'T DOWNLOAD AGAIN SAYAR THIS FILE

The bandwidth or page view limit for this site has been exceeded and the page cannot be viewed at this time. Once the site is below the limit, it will once again begin serving as normal.

la said...

နောက်တယောတီးတာရှိရင်ပို့ပေးနော အာရပါးရ တီးလိုက်တာ ကီးဘုတ်ပျက်သွားတယ်
ဟိ......မောင်စေတနာကောင်းမှုပေါ့.........
ကျေးဇူးပဲ ၊

Anonymous said...

ကိုစေတနာ ကိုစေတနာနဲ့ဝါသနာတူလို့ တယောလေးထိုးချင်တယ် တယောသံလေးတင်ပေးပါလားဗျာ
ကျေးဇူးပါ