12.11.08

အရမ်းချစ်တယ်တဲ့လား

မနေ့က သူငယ်ချင်းတစ်ယောက်က Memory Strik နဲ့ မိမိရဲ့ စက်မှာ ဓါတ်ပုံတွေ လာကြည့်ပါတယ်။ သူက ဓါတ်ပုံတင် မဟုတ်ဘူး ဗိုင်းရပ်စ်ပါ ခေါ်လာတယ်။ ခေါ်လာမှတော့ ဗိုင်းရပ်စ်က ၀င်ပြီပေါ့။ ဗိုင်းရပ်စ်နာမည်က နာမည်ကြီးပဲ အရမ်းချစ်တယ် တဲ့။ ကြားရတာနဲ့ ကြက်သီးထသွားတယ်။ မိမိရဲ့ သီချင်းဖိုင်တော်တော်များများကို အရမ်းချစ်တယ်ဆိုတဲ့ စာသားအဖြစ် ပြောင်းလိုက်တယ်။

ဗိုင်းရပ်စ်ဝင်သွားတော့ လူက ထူပူသွားတယ်။ မိမိစက်မှာ တင်ထားတဲ့ Avast က သတ်မယ်လို့ ပြောတုန်းက Cancal လုပ်လိုက်မိတယ်။ သွားပြီပေါ့။ စိတ်ထဲမှာ ၀င်းဒိုးတောင် ပြန်တင်ရတော့မယ် ထင်တာ။ သူငယ်ချင်းကို ဒေါသကလဲ ဖြစ်နေမိတယ်။ ဒီကောင် ပိုးတွေ မွေးပြီး လာဖြန့်တယ်ဆိုပြီပေါ့။ ဒါပေမယ့် ဒီဆော့ဝဲလ်လေးကြောင့် ဘာမှ မသိလိုက်သလို ပြေလည်သွားတယ်။ မိမိလို ဖြစ်နေတဲ့ သူတွေလဲ အဆင်ပြေအောင် ပြန်လည် မျှဝေလိုက်ပါတယ်။

အကယ်၍ မိမိစက်ထဲတွင် အရမ်းချစ်တယ် ဆိုတဲ့ ဗိုင်းရပ်စ်ဝင်လာပါက ဒီဆော့ဝဲလ်ကို Run လိုက်ပါ။ Restart ကျပြီး ပြန်တက်လာပါက နဂိုးအတိုင်း ပြန်လည်ကောင်းမွန် နေပါလိမ့်မယ်။ ပိုးမွှားကင်းစင်ပြီး ပျော်ရွှင်ကြပါစေ။


မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: