ဒီနေ့ အိပ်ရာက နိုးတော့ မှောင်နေတယ်။ ပုံမှန်ထနေကျ အချိန်ဆိုတော့ မိမိပဲ အချိန်မှားထမိသလား တွေးမိတယ်။ နာရီကြည့်တော့ ၇ နာရီ။ နိုးနေကျ အချိန်ပဲ။ ဒါနဲ့ ပြတင်းတံခါးကို ထွက်ကြည့်မိတယ်။ ဟာ ... နှင်းတွေ .. နှင်းတွေ .... ဖွေးနေတာပဲ။ နှင်းဆိုတာနဲ့ ရင်ထဲကို အေးမြမှုက တိုးဝင်လာတယ်။ နှင်းကိုမြင်မှ ဆောင်းရောက်မှန်း သိတော့တယ်။ အရာရာနဲ့ ကင်းကွာနေတာ ကြာနေသော မိမိအတွက် ရာသီဥတုသုံးရာသီတောင် သတိမထားမိတော့။
မိုးရွာမှ မိုးရာသီမှန်း သတိရတယ်။ နေကျစ်ကျစ်တောက် ပူမှ နွေရာသီပါလား။ ဆောင်းနှင်းမြင်မှ ဆောင်းဝင်ပြန်ပီ။ ပတ်ဝန်းကျင်နဲ့ ကင်းကွာနေတာ ကြာနေပီရော။ အရာရာကို ဆန့်ကျင်ဘက်လုပ်ပြီ နေနေခဲ့တာ ကြာပါရောလား။ အင်း ဒီနွေ ဒီမိုး ဒီဆောင်း ပြောင်းခဲ့ပြန်ပြီ။

မောင်စေတနာ
0 ယောက် မှတ်ချက်ပြုသည်:
Post a Comment