2.11.08

Avast Antivirus Software

Program သင်တဲ့ Program သမားတွေများ Program လေး နည်းနည်းလောက် ရေးတတ် ဆွဲတတ်လာရင် စလုပ်တဲ့ အလုပ်က ဗိုင်းရပ်စ်တဲ့။ ကြောက်စရာ ကောင်းလိုက်ကြတာ။ စက်တွေကိုတော့ မဖျက်ပါဘူး။ အရမ်းချစ်တယ် ဆိုတဲ့ စာသားက ကြက်သီးထစရာပဲ။ သူတို့ ဗိုင်းရပ်စ် တွေကို ကာကွယ်ဖို့ Computer User တွေမှာလဲ စိုးရိမ်စွာနဲ့ ဗိုင်းရပ်စ် သတ်နိုင်တဲ့ ဆော့ဝဲလ်တွေ ရှာကြရတယ်။ တင်ကြရတယ်။ ခက်တာက မ၀ယ်နိုင်ကြတာ များတော့ ဖရီးပဲ လိုက်ရှာနေရတာပေါ့။ (ကျနော် အပါအ၀င်ပါ)

ယခုတော့ရလာပါပြီ။ နာမည်ကြီး Avast Anti Vius ဆော့ဝဲလ်။ ရက်ပေါင်း ၁၄၆၀ နီးပါးလောက် လိုင်စင်ရမယ်။ ၂၀၁၀ လောက်မှ သက်တမ်းကုန်မယ်ဆို စိတ်ဝင်စားကြမယ် ထင်ပါတယ်။ ပြောရင်နဲ့ လိုချင်နေကြပြီ ထင်ပါတယ်။ ကျနော် အတွက်တော့ အလွန်တန်ဖိုးရှိလှတဲ့ ဆော့ဝဲလ်လေးပါ။ ကျနော် အဆင်ပြေသလို ကျန်သော User များလဲ အဆင်ပြေစေရန် ဖော်ပြပေးလိုက်ပါတယ်။ ဒီတင် Download လုပ်ယူပါ။ ပိုးမွှားကင်းစင် ပြုံးပျော်ရွှင် ... Avast ။


မောင်စေတနာ

0 ယောက် မှတ်ချက်ပြုသည်: