11.10.08

regedit ကို ဗိုင်းရပ်စ် ကိုက်ထားလား

ဗိုင်းရပ်စ် ပြဿနာက တော်တော်ဆိုးပါတယ်။ ကုလို့မရရင် နောက်ဆုံးကတော့ ကွန်ပျူတာကို သတ်ပစ် လိုက်ရတာပါပဲ။ သတ်တယ်ဆိုလို့ လာဖမ်းနေအုံးမယ်။ ၀င်းဒိုး ပြန်တင်ရတာကို ပြောတာပါ။ ၀င်းဒိုး ပြန်တင် ရတယ်ဆိုတယ်က သတ်ရတာနဲ့ အတူတူပါပဲ။ အသစ်တဖန် ပြန်လည် မွေးဖွားရတာပါပဲ။ ဆော့ဝဲလ်တွေ အစအဆုံး ပြန်တင်ရတာကိုး။ ဗိုင်းရပ်စ်က အမျိုးမျိုး အစားစား ရှိနေပါတယ်။

ကျွန်တော်ရဲ့ စက်ဆိုရင် regedit ဖွင့်မရမှ ဗိုင်းရပ်စ် ၀င်နေမှန်း သိတယ်။ ဘယ်အချိန်ကတည်းက ၀င်နေမှန်း မသိခဲ့ဘူး။ ဒီလောက် ဂရုစိုက်နေတဲ့ကြားက ၀င်ဖြစ်အောင် ၀င်သေးတယ်။ အရင်ကဆို စိတ်အရှုပ်မခံဘူး။ ၀င်းဒိုး ပြန်တင် လိုက်တာပါပဲ။ အဲဒီတော့ အလုပ် ရှုပ်တာပေါ့။ အစအဆုံး ပြန်လုပ်ရတာ ဆိုတော့။ ဒီတစ်ခါတော့ မိမိဖွင့်ချင်တဲ့ regedit ပဲ ဖွင့်လို့ရအောင် လုပ်မယ်ဆိုပြီး အင်တာနက်က ရှာဖွေခဲ့ပါတယ်။ တွေ့ခဲ့ပါတယ်။

ဒါကြောင့် ကျွန်တော်လို အခက်အခဲ ရှိတဲ့သူတွေအတွက် ပြန်လည် ဝေမျှလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ဒီဆော့ဝဲလ်ကို run လိုက်ပါက regedit ဖွင့်လာပါလိမ့်မယ်။ အားလုံး အဆင်ပြေ ချောမွေ့ကြပါစေ။


မောင်စေတနာ

1 ယောက် မှတ်ချက်ပြုသည်:

Welcome said...

မဂၤလာပါ
ကွန်ပျူတာသမားတိုင်း အမြဲ ကြုံတွေ့နေရတဲ့ အခက်အခဲပဲ ဖြစ်ပါတယ်။ ဗိုင်းရပ် ၀င်နေမှန်းသိပေမယ့် စက်ကို ဖောမက်ချဖို့ အချိန်မပေးချင်တာနဲ့ပဲ နောက်ဆုံး အချိန်ထိ ပေကပ်ပြီး စက်ကိုသုံးနေမိပါတယ်။ နည်းပညာကိုမျှဝေပေးတဲ့အတွက် ကျေးဇူးပါ.....
ခင်တဲ့ - ဝင်းဇော်